• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“NUG နဲ့ PDF တို့ အခြေအနေမလှတော့ကြောင်း အတွင်းသူလျှိုများရဲ့ ပေးပို့မှုကြောင့် ရရှိထားတဲ့ B 15 နဲ့ B 12 တပ်ရင်းမှူးများ Singal ကနေ အချင်းချင်းပြောနေကြတဲ့ ကယားပြည်နယ် အခြေအနေပါ။” ဆိုတဲ့ သတင်းအမှား

“NUG နဲ့ PDF တို့ အခြေအနေမလှတော့ကြောင်း အတွင်းသူလျှိုများရဲ့ ပေးပို့မှုကြောင့် ရရှိထားတဲ့ B 15 နဲ့ B 12 တပ်ရင်းမှူးများ Singal ကနေ အချင်းချင်းပြောနေကြတဲ့ ကယားပြည်နယ် အခြေအနေပါ။” ဆိုတဲ့ သတင်းအမှား

0
By Editor on December 28, 2022 Khonumthung

FactCheck

ဒီသတင်းအမှားကို Khin Nyein Chan ဆိုတဲ့အကောင့်နေပြီး “NUG နဲ့ PDF တို့ အခြေအနေမလှတော့ကြောင်း အတွင်းသူလျှိုများရဲ့ ပေးပို့မှု ကြောင့် ရရှိထားတဲ့ B 15 နဲ့ B 12 တပ်ရင်းမှူးများ Singal ကနေ အချင်းချင်းပြောနေကြတဲ့ ကယားပြည်နယ် အခြေအနေပါ။ မှန် / မမှန်တော့ မသိပါ။ ကာယကံရှင်များသာသိကြပါလိမ့်မယ်။ တကယ့် မြေပြင် အခြေအနေကတော့ မီဒီယာမှာ PDF NUG တွေ အခြေအနေကောင်းပြီး အောင်ပွဲတွေ အလီလီရလျက်ပါ။ တကယ် မြေပြင်မှာတော့ စားစရာမရှိလို့ တောင်းစားနေရတဲ့အခြေအနေတွေဖြစ်နေပါပြီ။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ရှာဖွေလေ့လာကြည့်တဲ့အခါ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်နဲ့ ဘက်သလိန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် KNDF/B09 ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှတာဝန်ရှိသူတစ်ဦးက “တိုက်ပွဲ ၃ ကြိမ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က ၃၀ ဦးခန့် ထိခိုက် သေဆုံးပါတယ်။ တိုက်ပွဲငယ်တွေပေါ့။ မကြာခဏ ထိတွေ့ပစ်ခတ်တာတွေတော့ ရှိနေတယ်” လို့ပြောပါတယ်။

နောက်ပြီးတော့ ဒီဇင်ဘာ ၄ ရက်နေ့ ဒီမော့ဆိုမှာလည်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံးပြီး တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ ဦး၊ တပ်ကြပ် အဆင့်ရှိသူ ၂ ဦး၊ တပ်သားအဆင့်ရှိသူ ၁ ဦး စုစုပေါင်း စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ဓါတ်ပုံနှင့်တကွ ကရင်နီပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် Khin Nyein Chan ဆိုတဲ့အကောင့်မှာရေးသားထားသလို “NUG နဲ့ PDF တို့ အခြေအနေမလှတော့ကြောင်း အတွင်းသူလျှိုများရဲ့ ပေးပို့မှုကြောင့် ရရှိထားတဲ့ B 15 နဲ့ B 12 တပ်ရင်းမှူးများ Singal ကနေ အချင်းချင်း ပြောနေကြတဲ့ ကယားပြည်နယ် အခြေအနေပါ။ မှန် / မမှန်တော့ မသိပါ။ ကာယကံရှင်များသာသိကြပါလိမ့်မယ်။ တကယ့် မြေပြင် အခြေအနေကတော့ မီဒီယာမှာ PDF NUG တွေ အခြေအနေကောင်းပြီး အောင်ပွဲတွေ အလီလီရလျက်ပါ။ တကယ် မြေပြင်မှာတော့ စားစရာမရှိလို့ တောင်းစားနေရတဲ့အခြေအနေတွေဖြစ်နေပါပြီ။” ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.