Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»“NUG နဲ့ PDF တို့ အခြေအနေမလှတော့ကြောင်း အတွင်းသူလျှိုများရဲ့ ပေးပို့မှုကြောင့် ရရှိထားတဲ့ B 15 နဲ့ B 12 တပ်ရင်းမှူးများ Singal ကနေ အချင်းချင်းပြောနေကြတဲ့ ကယားပြည်နယ် အခြေအနေပါ။” ဆိုတဲ့ သတင်းအမှား

“NUG နဲ့ PDF တို့ အခြေအနေမလှတော့ကြောင်း အတွင်းသူလျှိုများရဲ့ ပေးပို့မှုကြောင့် ရရှိထားတဲ့ B 15 နဲ့ B 12 တပ်ရင်းမှူးများ Singal ကနေ အချင်းချင်းပြောနေကြတဲ့ ကယားပြည်နယ် အခြေအနေပါ။” ဆိုတဲ့ သတင်းအမှား

0
By Editor on December 28, 2022 Khonumthung

FactCheck

ဒီသတင်းအမှားကို Khin Nyein Chan ဆိုတဲ့အကောင့်နေပြီး “NUG နဲ့ PDF တို့ အခြေအနေမလှတော့ကြောင်း အတွင်းသူလျှိုများရဲ့ ပေးပို့မှု ကြောင့် ရရှိထားတဲ့ B 15 နဲ့ B 12 တပ်ရင်းမှူးများ Singal ကနေ အချင်းချင်းပြောနေကြတဲ့ ကယားပြည်နယ် အခြေအနေပါ။ မှန် / မမှန်တော့ မသိပါ။ ကာယကံရှင်များသာသိကြပါလိမ့်မယ်။ တကယ့် မြေပြင် အခြေအနေကတော့ မီဒီယာမှာ PDF NUG တွေ အခြေအနေကောင်းပြီး အောင်ပွဲတွေ အလီလီရလျက်ပါ။ တကယ် မြေပြင်မှာတော့ စားစရာမရှိလို့ တောင်းစားနေရတဲ့အခြေအနေတွေဖြစ်နေပါပြီ။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ရှာဖွေလေ့လာကြည့်တဲ့အခါ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင်နဲ့ ဘက်သလိန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် KNDF/B09 ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှတာဝန်ရှိသူတစ်ဦးက “တိုက်ပွဲ ၃ ကြိမ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က ၃၀ ဦးခန့် ထိခိုက် သေဆုံးပါတယ်။ တိုက်ပွဲငယ်တွေပေါ့။ မကြာခဏ ထိတွေ့ပစ်ခတ်တာတွေတော့ ရှိနေတယ်” လို့ပြောပါတယ်။

နောက်ပြီးတော့ ဒီဇင်ဘာ ၄ ရက်နေ့ ဒီမော့ဆိုမှာလည်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံးပြီး တပ်ကြပ်ကြီးအဆင့်ရှိသူ ၁ ဦး၊ တပ်ကြပ် အဆင့်ရှိသူ ၂ ဦး၊ တပ်သားအဆင့်ရှိသူ ၁ ဦး စုစုပေါင်း စစ်သုံ့ပန်း ၄ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ဓါတ်ပုံနှင့်တကွ ကရင်နီပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် Khin Nyein Chan ဆိုတဲ့အကောင့်မှာရေးသားထားသလို “NUG နဲ့ PDF တို့ အခြေအနေမလှတော့ကြောင်း အတွင်းသူလျှိုများရဲ့ ပေးပို့မှုကြောင့် ရရှိထားတဲ့ B 15 နဲ့ B 12 တပ်ရင်းမှူးများ Singal ကနေ အချင်းချင်း ပြောနေကြတဲ့ ကယားပြည်နယ် အခြေအနေပါ။ မှန် / မမှန်တော့ မသိပါ။ ကာယကံရှင်များသာသိကြပါလိမ့်မယ်။ တကယ့် မြေပြင် အခြေအနေကတော့ မီဒီယာမှာ PDF NUG တွေ အခြေအနေကောင်းပြီး အောင်ပွဲတွေ အလီလီရလျက်ပါ။ တကယ် မြေပြင်မှာတော့ စားစရာမရှိလို့ တောင်းစားနေရတဲ့အခြေအနေတွေဖြစ်နေပါပြီ။” ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.