Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»NUG ပညာရေးဝန်ကြီးဌာနနှင့် ချင်းပညာရေးဝန်ကြီးဌာနတို့ ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်

NUG ပညာရေးဝန်ကြီးဌာနနှင့် ချင်းပညာရေးဝန်ကြီးဌာနတို့ ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်

0
By Editor on October 9, 2024 Khonumthung

(006SV)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီး ဦးဆောင်သောအဖွဲ့နှင့် ချင်းပြည်အစိုးရ၏ ဝန်ကြီးချုပ်ဦးဆောင်သည့် အဖွဲ့တို့ကြား ပညာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားရန် တွေ့ဆုံဆွေးနွေးသဘာတူခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၈ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ ပညားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုးအစည်းအဝေးတခု ပြုလုပ်ခဲ့ကြောင်း ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖက်ဒရယ်ဒီမိုကရေစီစနစ် ကိုယ်ပိုင်ပြဌာန်းခွင့်အရ ချင်းပြည် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်စေရန်နှင့် အခြေခံပညာပြီးဆုံးကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)၊ ဆရာအတတ်ပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနှင့် သက်မွေးပညာကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီပညာရေစနစ်ကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

အစည်းအဝေးကို NUG အစိုးရ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန်း၊ အခြေခံပညာကဏ္ဍ တာဝန်ရှိသူများ၊ အဆင့်မြင့်ပညာကဏ္ဍ တာဝန်ရှိသူများ၊ သက်မွေးပညာကဏ္ဍ တာဝန်ရှိသူများ၊ ဆရာအတတ်ပညာကဏ္ဍ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးပါထန်း၊ ကျန်းမာရေးနှင့် အားကစာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရှရွန်ပါရ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းဂျိုးဇက်လားလ်ရမ်လောင်မ်မာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးမောင်ဦး၊ လူသားချင်စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းမနားကီး၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းရောစ့်ထန်၊ အခြေခံပညာကဏ္ဍ တာဝန်ရှိသူများ၊ အဆင့်မြင့်ပညာကဏ္ဍ တာဝန်ရှိသူများ၊ သက်မွေးပညာကဏ္ဍ တာဝန်ရှိသူများ၊ ဆရာအတတ်ပညာကဏ္ဍ တာဝန်ရှိသူများနှင့် မြို့နယ်/ဒေသ ပညာရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ပညာရေးဗျူရိုကရေစီယန္တရား စနစ်တကျ လည်ပတ်နိုင်ရန် လိုအပ်သည့် ပညာရေးခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲများကိုလည်း ကျင်းပလျက်ရှိပြီး လိုအပ်သော မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်ရေးဆွဲ ပြဌာန်းသွားမည်ဖြစ်ကြောင်း ချင်းပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.