Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»NUG အပါဝင် တော်လှန်ရေးအင်အားစု ၇ ဖွဲ့က ဘုံနိုင်ငံရေး သဘောတူညီချက် ပထမမူကြမ်းကို အတည်ပြုထုတ်ပြန်

NUG အပါဝင် တော်လှန်ရေးအင်အားစု ၇ ဖွဲ့က ဘုံနိုင်ငံရေး သဘောတူညီချက် ပထမမူကြမ်းကို အတည်ပြုထုတ်ပြန်

0
By Editor on July 30, 2026 Headline

ဘုံပန်းတိုင်တူသော အင်အားစုများအနေဖြင့် ဤဘုံသဘောတူညီချက်မှာ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်

(006SV)

အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစု ၇ ဖွဲ့က ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းကို ယနေ့ဇူလိုင်လ ၃၀ ရက်တွင် အတည်ပြုထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် (SFUH)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG)၊ မန္တလေးဒေသလွှတ်တော် (MRH) နှင့် မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ (MIGC) တို့က သဘောတူ အတည်ပြု ခဲ့ကြသည်ဟု သိရသည်။

တော်လှန်ရေး အင်အားစုများ၏ ဘုံနိုင်ငံရေး သဘောတူညီချက်တွင် ပြည်နယ်ကို အခြေပြုသည့် ပြည်သူ့ဆန္ဒနှင့်အညီ ပြည် နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေးကို ဦးတည်သော bottom – up federalism approach ကို အခြေခံပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတွင် ပြည်နယ်/ ဖက်ဒရယ်ယူနစ် အားလုံး တန်းတူရည်တူရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရှိသော အာဏာကို ခွဲဝေကျင့်သုံးရာတွင် ပြည်သူကို အခြေခံသော စနစ်ဖြစ်မည်ဟု သိရသည်။

ဘုံနိုင်ငံရေး သဘောတူညီချက်တွင် တော်လှန်ရေး အင်အားစုများအကြား တော်လှန်ရေးဆိုင်ရာ သဘောတူညီချက်များ ၇ ချက်ရှိပြီး ၎င်းတို့ထဲတွင် တော်လှန်ရေးအင်အားစုအချင်းချင်း အမြင်မတူမှုများကို ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းရန်၊ တစုတဖွဲ့ နယ်မြေတစ်ခု လွတ်မြောက်ရေးသာမဟုတ်ဘဲ တနိုင်ငံလုံး လွတ်မြောက်သည်အထိ ပူးပေါင်းတိုက်ပွဲဝင်ရန် ပါရှိသည်။

စစ်အုပ်စုနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရမည့် ကိစ္စရှိလာပါက ဤဘုံတူညီချက်ကို အခြေခံ၍ အင်အားစုများအကြား ဆွေးနွေး တိုင်ပင် သဘောထားရယူပြီး တုံ့ပြန်ရန်နှင့် ပြည်ပနိုင်ငံများက တော်လှန်ရေးအင်အားစုများအပေါ် ခြိမ်းခြောက်ဖိအားပေးမှုများကို ညီညီညွတ်ညွတ် ပူးပေါင်းတုံ့ပြန်ရန်တို့လည်း ပါဝင်ကြောင်း သိရသည်။

ထိုဘုံနိုင်ငံရေး သဘောတူညီချက်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောတူညီချက်များလည်း ပါဝင်ပြီး စနစ်တကျ အကောင်အထည်ဖော်နိုင်ရေးအတွက် လမ်းညွှန်အခြေခံမှု ၆ ချက်ကို အတည်ပြုထားနိုင်ခဲ့သည်ဟု သိရသည်။

၎င်းတို့ထဲတွင် ပြည်နယ်သစ်များ ထူထောင်ရေးနှင့် ပြည်နယ်နယ်နိမိတ်ပိုင်းခြား သတ်မှတ်ရေးကို ဒေသနေ ပြည်သူများ၏ သဘောထားဆန္ဒနှင့်အညီ ပြည်နယ် နယ်နမိတ်/ နယ်မြေချင်း ထိစပ်နေသော တိုက်ရိုက်သက်ဆိုင်သူများအကြား ကနဦး ဆွေးနွေးပြီး ၊ အစုအဖွဲ့များ စုံလင်စွာ ပါဝင်သည့် အသွင်ကူးပြောင်းရေးကာလတွင်း ကျင်းပသော ဖက်ဒရယ်ညီလာခံတရပ်တွင် အကျေအလည် ညှိနှိုင်းဆွေးနွေးရန်ဆိုသော အချက်လည်း ပါဝင်သည်ဟု သိရသည်။

ထို့အပြင် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် ၆ ချက်၊ လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက် ၆ ချက်နှင့် အထွေထွေ သဘော တူညီချက် ၁၁ ချက်တို့ကိုလည်း တော်လှန်ရေးအင်အားစု ၇ စုတို့ကြား ဘုံသဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

အထွေထွေသဘောတူညီချက် ၁၁ ချက်ထဲတွင် ဒေသအသီးသီး ပျံ့နှံ့အခြေချ နေထိုင်သူများ၊ ဒေသန္တရ ပြည်သူ့ဝန်ဆောင်မှု ယန္တရား ထူထောင်နိုင်လောက်သည်အထိ စုစည်းနေထိုင်ခြင်း မရှိသူ လူနည်းစုများနှင့် အခြား လိုအပ်သူများအတွက် အာမခံချက်ပြည့် ဝသော နယ်မြေအခြေမခံသော အခွင့်အရေးများ (Non – Territorial Autonomy)ကို ဖက်ဒရယ်နှင့် ပြည်နယ်/ ဖက်ဒရယ် ယူနစ်များ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေများတွင် ထည့်သွင်းပြဌာန်း၍ အကာအကွယ်ပေးရန်ဟူသော အချက်လည်း ပါဝင်ကြောင်း သိရသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူသော အင်အားစုများအနေဖြင့် ဤတော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း) တွင် ထပ်မံ ပူးပေါင်းပါဝင်ရန် အဆိုပါအဖွဲ့များက ဖိတ်ခေါ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

CNO/ CNDF ခေါင်းဆောင်တချို့နှင့် NSPNC ကိုယ်စားလှယ်များ တွေ့ဆုံမှု တရားဝင်မှု၊ ကိုယ်စားပြုမှု မရှိဟု CNO ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.