Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»PDF အကြမ်းဖက်လူသတ်သမားအုပ်စုအဖွဲ့မှှ ရွာများရှိနေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးပျက်စီးသွားသော လူနေအိမ်ပေါင်း ခန့်မှန်း ၇၂၁၈ လုံးထိရှိလာဆိုတဲ့ သတင်းအမှား

PDF အကြမ်းဖက်လူသတ်သမားအုပ်စုအဖွဲ့မှှ ရွာများရှိနေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးပျက်စီးသွားသော လူနေအိမ်ပေါင်း ခန့်မှန်း ၇၂၁၈ လုံးထိရှိလာဆိုတဲ့ သတင်းအမှား

0
By Editor on March 24, 2022 Khonumthung

#Fact Check

ထိုသတင်းအမှားကို သတင်းနှင့်ခံစားချက်ရင်ဖွင့်သံများ ဆိုတဲ့ Facebook အကောင့်မှာ မတ်လ ၁၇ ရက်နေ့က ဖော်ပြထားတာဖြစ်ပြီး “PDF အကြမ်းဖက်လူသတ်သများရဲ့ ရွာများအားမီးရှို့ဖျက်ဆီးမှုဟာ မြန်မာနိုင်ငံအနှံ နေရာပေါင်း ၂၀၁ နေရာထိရှိလားပြီး မတ်လ ၁၅ ရက်နေ့အထိ PDF အကြမ်းဖက်လူသတ်သမားအုပ်စုမှ မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှုမှာ… စစ်ကိုင်းတိုင်းဒေသကြီးတွင် အိမ်ခြေ ၄,၄၂၆ လုံး၊ မကွေးတိုင်းတွင် အိမ်ခြေ ၁,၁၄၈လုံး၊ ချင်းပြည်နယ်တွင် အိမ်ခြေ ၁,၁၂၁လုံး၊ ကယားပြည်နယ်တွင် အိမ်ခြေ ၃၅၇ လုံးတို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ လူနေအိမ် ၉၆၁ လုံး၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် လူနေအိမ် ၁,၀၅၉ လုံး၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် လူနေအိမ်၂,၈၈၂ လုံး၊ ၂၀၂၂ ခုနှစ် မတ်လတွင် လူနေအိမ် ၁၁၂၁ လုံးတို့ ဖြစ်တယ်လို့”
ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လူနေအိမ်မီးရှို့တဲ့ စာရင်းမှတ်တမ်းကို ပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ Data for Myanamar မှာရေးသားဖော်ပြထားတဲ့ အချက်အလက်များကို အဲဒီအကောင့်ပိုင်ရှင်က ပြန်လည်ကူးယူရေးသားပြီး စာဖတ်သူများအနေနဲ့ PDF တပ်ဖွဲ့ကို အထင်မြင်လွဲမှားစေရန် တမင်သက်သက်ပုံမှားရိုက်ရေး သားထားခြင်း သာဖြစ်ပါတယ်။

Data for Myanmar ဟာ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက လူနေအိမ်မီးရှို့တဲ့ စာရင်းမှတ်တမ်းကို ပြုစုပြီး ထုတ်ပြန်လေ့ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ Data for Myanmar ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေနဲ့ နေအိမ်မီးရှို့ခံရတဲ့ သတင်းတွေကို ရက်အလိုက်၊ ဖြစ်စဉ်အလိုက် ပြန်စီပြီးတော့ ရေတွက်ထားတာပါ။ သတင်းဌာနတစ်ခုချင်းစီက မတူညီတဲ့အရေအတွက်ကို Cross-check လုပ်ပြီး ပြန်လည်စိစစ်လေ့ရှိပါတယ်။ ဒေသခံလူ့အခွင့်အရေးအဖွဲ့တွေ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့စာရင်းတွေကိုအခြေခံထားတယ်လို့ဆိုပါတယ်။

Data for Myanmar မှ ထုတ်ပြန်ထားတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းများက လူနေအိမ်မီးရှို့ထားတဲ့ စာရင်းကို အောက်ပါ link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Link>>>https://www.facebook.com/824067484628125/posts/1576088836092649/?sfnsn=mo

သတင်းနှင့်ခံစားချက်ရင်ဖွင့်သံများ ဆိုတဲ့ Facebook အကောင့်မှာဖော်ပြထားသလို PDF အကြမ်းဖက်လူသတ် သမားအုပ်စုအဖွဲ့မှှ ရွာများရှိနေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့်ဆုံးရှုံးပျက်စီးသွားသော လူနေအိမ်ပေါင်း ခန့်မှန်း ၇၂၁၈ လုံးထိရှိလာ ဆိုတာသတင်းအမှားဖြစ်သာဖြစ်ပြီး တကယ္ေတာ့ စစ်ကောင်စီတပ်နဲ့ သူ့လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့ဖျက်စီးခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုများကြားမှာ သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်လျက်ရှိပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာနများမှ သတင်းတွေကိုသာဖတ်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.