Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»PDF ၊ ACDF တို့ မင်းလှမြို့နယ်ထဲက စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်နေရာ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်အများအပြားသေဆုံး

PDF ၊ ACDF တို့ မင်းလှမြို့နယ်ထဲက စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်နေရာ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်အများအပြားသေဆုံး

0
By Editor on June 18, 2025 Khonumthung

(006SV)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းများကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့်အတူ ACDF ပူးပေါင်းတိုက်ခိုက်နေရာ စစ်ကောင်စီမှ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးနှင့် ရဲမှူးအပါအဝင် တပ်သားအများအပြား သေဆုံးကြောင်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) တပ်ဖွဲ့ထံမှ သိရသည်။

ဇွန်လ ၁၆ ရက် ညနေ ၄ နာရီ မီနစ် ၂၀ ခန့်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာကို အင်အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော ခလရ – ၁ နှင့် ပျူစောထီးပါတို့၏ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ရာ ၄၅ မီနစ်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းက ဇွန်လ ၁၇ ရက် ထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီက အထိနာ၍ ပြန်ဆုတ်သွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ပွဲတွင် တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) လက်အောက်ခံ PDF တပ်ရင်းများဖြစ်သည့် သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း၊ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း၏ တပ်ခွဲ (၆)/ဧရာညီနောင်PDF ၊ MDF (Special Force) နှင့် Asho Chin Defense Force (ACDF) တပ်ဖွဲ့ ပါဝင်တိုက်ခိုက်သည်ဟု သိရသည်။

ဇွန်လ ၁၆ ရက် ညနေ ၅ နာရီခန့်တွင်လည်း ရန်ကုန်- ပြည်လမ်းပိုင်း၊ မင်းလှမြို့နယ်အနီးရှိ စစ်ကွင်းတာဆုံ ရဲကင်းစခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီမှ ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု သိရသည်။

ယင်းတိုက်ပွဲအတွင်း ဆင်အိုင်ချောင်းပေါက်မှ တဆင့် စစ်ကူလာသော အင်အား ၂၅ ဦးခန့် ရှိသော စစ်ကောင်စီ၏ ဖောကား ၁ စီးကိုလည်း ရှမ်းတောကျေးရွာအနီးတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ရာ ကား ၁ စီးလုံး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာများရရှိသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် ပြည်မှ ရန်ကုန်သို့ မောင်းနှင်လာသော အိမ်စီးကား ၁ စီးသည် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တားဆီးနေသည်ကို သတိမမူဘဲ ဆက်လက်မောင်းနှင်းသွားရာ စစ်ကောင်စီမှ ပစ်ခတ်ခံရ၍ ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန်လ ၁၇ ရက်က ဖားလေးကွင်းကျေးရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ ခရိုင်ရဲမှူး ၁ ဦး၊ မြို့မရဲစခန်းမှူး ၁ ဦး၊ ဗိုလ်မှူးအဆင့် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးသည်ဟု သာယာဝတီခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်သည်။

ယင်းဖြစ်ပွားသည့် တိုက်ပွဲ (၃) နေရာတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်းနှင့် အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတို့လည်း သေဆုံးကြောင်း ပြည်သူနှင့် စစ်ဘက်အရင်းအမြစ်၊ ဆေးဘက်အရင်းအမြစ်များထံမှ သိရကြောင်း၊ သို့သော် ထပ်မံအတည်ပြုနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ယင်းတပ်ရင်း ၃ က ဆိုသည်။

မဟာမိတ်ပူးပေါင်းတပ်မှ ရဲဘော် ၂ ဦးသည်လည်း တိုက်ပွဲကာလအတွင်း မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း ဖားလေးကွင်းကျေးရွာ၊ မြောက်စုရှိ ပြည်သူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၈၀ အရွယ် ဒေါ်တင်ရီ သေဆုံးပြီး အမျိုးသမီး ၁ ဦးလည်း ပြင်းထန်ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

ယင်းစစ်ဆင်ရေးကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) လက်အောက်ခံ တပ်ရင်းများဖြစ်သော သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း၊ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း၏ တပ်ခွဲ (၆)/ ဧရာညီနောင် PDF ၊ MDF (Special Force) နှင့် Asho Chin Defense Force (ACDF) မဟာမိတ် ပူးပေါင်းတပ်မှ ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် တပ်၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ ရဲကင်းစခန်း၊ လမ်းပိုင်းကင်းစခန်းများအနီး ဈေးရောင်းခြင်း၊ နေထိုင်ခြင်း၊ အချိန်ကြာမြင့်စွာရပ်တန့် စကားပြောခြင်းများ မပြုလုပ်ရန် သတိပေးနှိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.