Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

0
By Editor on June 26, 2025 Khonumthung

အမည်စာရင်း ပေးသွင်းပြီးသူများအနက် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲ စစ်ရေးလှုပ်ရှားနေသော PDF-Zoland က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) အတွက် တက်ရောက်မည့် သင်တန်းသားများ လက်ခံနေပြီး တက်ရောက်ရန် အမည်စာရင်းပေးသွင်းပြီးသူထဲတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်‌ကြောင်း PDF-Zoland တာဝန်ရှိသူများထံမှ သိရသည်။

PDF-Zoland ၏ အပါတ်စဉ် (၁၆) အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ပြီးဆုံးကြောင်း ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် အပတ်စဉ် (၁၇) အတွက် ပြည်ချစ်လူငယ်များ စစ်ကောင်စီကို တွန်းလှန်ရန် စာရင်းပေးသွင်းနိုင်ပြီဟု ဇွန်လ ၂၃ ရက်နေ့တွင် ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။

“အခုက ကျွန်တော်တို့ PDF-Zoland ရဲ့ အခြေခံစပညာသင်တန်း အပါတ်စဉ် ၁၇ ကို မကြာမီစတင်တော့မှာ။ စာရင်းပေး သွင်းတဲ့သူကျတော့ အယောက် ၅၀ ကျော်နေပြီ၊ သို့သော် သင်တန်းတော့မစသေးဘူး။ နောက် အမျိုးသမီးကတော့ ၃၀ % လောက်ပါတယ်။ အာဏာရှင်စနစ် အမြစ်ပြတ်အောင် တိုက်ထုတ်ချင်တဲ့ မည်သူမဆို ကျွန်တော်တို့ကို လာ join ပါ အမြဲတမ်းကြိုဆိုနေတယ်” ဟု ZFU/PDF-Zoland မှ တာဝန်ရှိသူ Ko Tony ပြောသည်။

သင်တန်းတွင် စစ်ရေးစစ်ရာ၊ လက်နက် အသုံးပြုနည်း၊ အမိန့်နာခံမှု၊ PDF-Zoland ၏ ပေါ်လစီများ၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု စသည်များကို သင်ကြားပို့ချပေးကာ သင်တန်း အောင်မြင်ပြီးမြောက်သူများအား စစ်မြေပြင် ရှေ့တန်းအပါအဝင် ထောက်ပို့၊ ဂိတ်/ စခန်း စောင့်၊ စားဖိုဆောင်စသည်ဖြင့် အဖွဲ့အစည်း၏ လိုအပ်ချက်များအပေါ်မူတည်ကာ တာဝန်ထမ်းဆောင်ကြရမည်ဟု ၎င်းက ဆက်ပြောသည်။

မျိုးဆက်သစ်များ၏ ရှေ့ရေးကို ရှေးရှုကာ ယခုမျိုးဆက်တွင် စစ်အာဏာရှင် အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးကို အဓိကထား ကြိုးစားသွားမည့်အပြင် လာမည့် တီးတိန်မြို့သိမ်းတိုက်ပွဲအတွက်လည်း ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းပါဝင်ပေးကြရန် PDF-Zoland က တိုက်တွန်းထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.