Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»PDF-Zoland ၏ အသိပေးစာကြေညာပေးသော တီးတိန်မြို့က လူမှုကူညီရေးအဖွဲ့ဝင် နှစ်ဦးဖမ်းဆီးခံရ

PDF-Zoland ၏ အသိပေးစာကြေညာပေးသော တီးတိန်မြို့က လူမှုကူညီရေးအဖွဲ့ဝင် နှစ်ဦးဖမ်းဆီးခံရ

0
By Editor on June 29, 2022 Headline

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် Non-CDM ပညာရေးဝန်ထမ်းများနှင့်ပတ်သက်၍ PDF-Zoland ၏ သတိပေးစာထုတ်ပြန်ချက်ကို လော်စပီကာဖြင့် လိုက်လံကြေညာသော Shalom Youth Committee လူမှုကူညီရေးအဖွဲ့ဝင်နှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

“သူတို့ကတော့ လူမှုရေးအသင်းကပဲ။ တခါတလေကြရင် သူတို့ကိုယ်ပိုင်အသံချဲ့စက်သုံးတယ် သူတို့နေတဲ့ရပ်ကွက်မှာ တစ်ခုခု အရေးပေါ်ဖြစ်ရင် ကြေညာနေကြပေါ့။ တရားဒေသနာတွေ ဟောနေကြတာပေါ့။ အခုက PDF-Zoland က စာထုတ်တဲ့ ကျောင်းဖွင့်တဲ့ဟာနဲ့ ပက်သက်ပြီးတော့ အဲ့စာကို သူတို့လည်း ရတယ်နဲ့တူတယ် အဲ့တာကို သူတို့ လော်စပီနဲ့ ပဲလိုက်ကြေညာတယ်လို့ပြောရမလား စကစတွေက မနေ့ကသူတို့ဆီသွားပြီး ခေါ်သွားတာ။ တစ်ယောက်က ဆရာပဲ၊ တယောက်ကတော့ သူတို့အသံချဲ့စက်ထားတဲ့အိမ်ကလူပေါ့။” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

အဖမ်းခံရသည့် Shalom Youth Committee လူမှုကူညီရေးအဖွဲ့ဝင်နှစ်ဦးမှာ ကိုအင်းခတ်မွန်နှင့် ကိုလျန်းရှန်းမုန်တို့ဖြစ်ကြပြီး ၎င်းတို့ကို တီးတိန်မြို့ရဲစခန်းတွင် ထားရှိကာ တီးတိန်မြို့စခန်းမှုးမှ ဗျူဟာမှုး၏ ဆုံးဖြတ်ချက်အရသာ ဖြစ်ရမည်ဟု ပြောဆိုသော်ကြောင့် လက်ရှိအချိန်ထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် PDF-Zoland သည် ပြီးခဲ့သည့်ဇွန်လ ၂၅ ရက်နေ့က တီးတိန်မြို့နယ်အတွင်းရှိ Non-CDM ပညာရေးဝန်ထမ်း၊ ဘော်ဒါဆောင်များ၊ ကျောင်းသားမိဘများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များ သိစေရန်ဟုဆိုကာ အသိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်မှာ စစ်ကောင်စီမှ ဦးဆောင်ဖွင့်လှစ်သော ကျောင်းများတွင် အလုပ်လုပ်သည့် Non- CDM ပညာရေးဝန်ထမ်းများ၊ အကြမ်းဖက်အုပ်စုနှင့် အချိတ်အဆက်ရှိသော ဘော်ဒါဆောင်များတွင် သားသမီးများကို အပ်နှံကာ တက်ရောက်စေသော ကျောင်းသားမိဘများ၊ အကြမ်းဖက်အုပ်စုနှင့်ပူးပေါင်းကာ ကျောင်းဖွင့်ရန် ကြိုးပမ်း၊ တိုက်တွန်း၊ စီစဉ်သည့် တချိူ့သော မြို့မိ/မြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များအနေဖြင့် ဇွန်လ ၂၈ ရက် နောက်ဆုံးထားကာ ရပ်တန်းကရပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တီးတိန်မြို့ပေါ်တွင် စစ်သွေးကြွမှုနှင့် ကြုံတွေ့ရမည့်အပြင် တစ်စုံတစ်ခု ကြုံတွေ့ပါက ZFU/PDF-Zoland အား အပြစ်မတင်ကြရန် ကြိုတင်သတိပေးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

PDF-Zoland တာဝန်ရှိသူတစ်ဦးက “ထုတ်ပြန်ချက်က မြန်မာလိုဘာသာပြန်လိုက်တော့ စာက နည်းနည်းကြမ်းသွားတယ်။ တကယ့်ပညာရေးကို ဦးစားပေးမှုမဟုတ်တဲ့စနစ်ကို ပူးပေါင်းမပါဝင်ကြဖို့ဆိုတာ သတိပေးတာပါ။ ကျောင်းဖွင့်တယ်ဆိုပေမယ့်လည်း ကျောင်းအပ်တာက နည်းနည်းလေးကို ဒီက PDF တွေကို နာမည်ပျက်အောင်၊ သူတို့ဖွင့်ထားတဲ့ ကျောင်းမှာပဲ ပြဿနာတစ်စုံတစ်ခုဖန်တီးပြီးတော့ သွေးထွက်သံယိုမှုတွေလုပ်ပြီးတော့ PDF တွေ လုပ်တယ်ဆိုပြီး ပုံချမယ့်သဘောတရားရှိနေတော့ ကြိုပြီးတော့ သတိပေးတာပါ။ တကယ်လို့များ ကျောင်းတွေမှာ အဲ့လိုရှိတယ်ဆိုရင် ကျွန်တော်တို့မဟုတ်ဘူး အခုသွားနေတဲ့သူတွေ၊ ဆုံးဖြတ်တဲ့သူတွေ၊ ပူးပေါင်းတဲ့သူတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်သာဖြစ်ပါတယ်ဆိုတာ ထုတ်ပြန်တာဖြစ်ပါတယ်။” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကစ၍ မြန်မာတနိုင်ငံလုံးတွင် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး CDM အားကောင်းသည့် ချင်းပြည်နယ်မြို့ပေါ်တချို့မှာသာ ကျောင်းဖွင့်နိုင်ခဲ့ကြသည်။

တီးတိန်မြို့ပေါ်တွင် အ.ထ.က (၁)၊ (၂) နှင့် အ.ထ.က (ခ) ကျောင်းများဖွင့်လှစ်သော်လည်း ကျောင်းသူ၊ ကျောင်းသား ၄၀ ဦးခန့်သာတက်ရောက်ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.