Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»RRCCI မွေထာက္ပံ့သည့္ ေစာင္ႏွင့္အဝတ္အစား အထည္ ၅၀၀၀ ပလက္ဝသို႔ေရာက္ရွိ

RRCCI မွေထာက္ပံ့သည့္ ေစာင္ႏွင့္အဝတ္အစား အထည္ ၅၀၀၀ ပလက္ဝသို႔ေရာက္ရွိ

0
By Editor on December 7, 2020 Headline

#Unicode

Benezer – ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) မှ ထောက်ပံ့ပေးပို့ထားသည့် စောင်နှင့်အဝတ်အစား အထည် ၅၀၀၀ ပထမအသုတ်အဖြစ် ဒီဇင်ဘာ ၇ ရက် ယနေ့မနက်ပိုင်းက ပလက်ဝမြို့သို့ရောက်ရှိပြီဟု RRCCI မှ မနန်းဝေထံမှ သိရသည်။

“ဒီပလက်ဝကိုတော့ဒီနေ့မနက်ရောက်တယ်လို့သိရတယ်။ ဒီမနက် ရောက်တာကစုစုပေါင်းအထည် ၅ဝဝဝလောက် တော့ရှိမယ်၊ ဒါပေမယ့်အဲ့တခေါက်ကတော့ အိမ်နေရင်း သူများတွေ အသုံးပိုနေတဲ့ အဝတ်အစားတွေပို့ပေးတာများတာပေါ့၊ အခုမနေ့ကပို့ပေးတာက အသစ်တွေကြီးပဲ နောက်ထပ်ပို့မဲ့ဟာတွေလည်း အကုန်အသစ်တွေကြီးပဲ။ ဝယ်တာက ကျွန်မတို နည်းနည်းတဖက်ကို တဖက် စက်ရုံဖက်ကနေ ပြန်ဝယ်ရတဲ့အခါမှာ အချိန်စောင့်ဆိုင်းရတာ တွေရှိိ တယ်၊ ပထမတခေါက်က ရန်ကုန်မြို့အတွင်းကောက်ခံရရှိတဲ့ တနိုင်ငံလုံး ၊အနယ်နယ်အရပ်ရပ်က ပို့ပေးတဲ့ ဟာအပိုပစ္စည်းတွေ အဝတ်အထည်တွေကိုပြန်လှူနိုင်တဲ့ အထည်တွေက ၅ဝဝဝလောက်ရှိ တယ်။”ဟု မနန်းဝေမှပြောသည်။

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် RRCCI မှ စောင်နှင့်အနွေးအထည်များကို အသုတ်လိုက်ဖြင့် ပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ပထမသုတ်တွင် ၅၀၀၀၊ ဒုတိယတွင် ၆၀၀၀၊ တတိယတွင် ၃၀၀၀ နှင့် စတုတ္ထအသုတ်တွင် ၄၀၀၀ စီပို့ဆောင်ပေးခဲ့သည်။ ယနေ့ပလက်ဝမြို့သို့ရောက်ရှိသော အဝတ်အထည် ၅၀၀၀ မှာ ပထမအသုတ်တွင် ပို့လိုက် သည့်အဝတ်အထည်များဖြစ်ပြီး ကျန်အဝတ်အထည်များမှာ လမ်းခရီးတွင်ရှိနေသေးသည်ဟုသိရသည်။

RRCCI အနေဖြင့် ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် စောင်နဲ့အနွေးအထည်များ တာဝန်ယူကာ အလှူခံ ပေးပို့ပေးနေခြင်းဖြစ်ပြီး စောင်နှင့် အနွေးအထည် ၈၀၀၀ ဝန်းကျင်နှင့် ဆန်အိတ် ၁၀၀ ပေးပို့ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

မနန်းဝေမှ ဆက်ပြီး “ဟိုမှာရှိတဲ့စစ်ဘေးရှောင်တွေက ၁သောင်းကျော်ရှိတယ်။ အခုရတာက အထည်၂၀၀၀၀ လောက်ဖြစ်နေတဲ့အခါကြတော့ လောက်မှာပါ။ ပြည်နယ်အစိုးရက လည်း အထည်၁ဝဝဝပို့ထားတယ်လို့ သိရတယ်လေအရင်ပေါ့။ ပထမတခေါက်တုန်း ကပြည်နယ် အစိုးရကပို့ပေးထားတဲ့၁ဝဝဝရှိတယ်၊ အခုကျမတို့ပို့ပေးတာ ၂ဝဝဝဝဆိုတော့ လုံလောက်မှု့ရှိမယ်လို့ ထင်တယ်။အကုန်လုံးရောက်သွားရင်ပေါ့” ဟုပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) နှစ်ဘက် စစ်ဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်တွင် စစ်ဘေးဒုက္ခသည်အဖြစ် စစ်ရှောင်နေရသူ ၁၀၀၀၀ ဝန်းကျင်ရှိပြီး ဆောင်းတွင်ဝင်လာသဖြင့် အနွေးအထည်နဲ့ စောင်များ အခက်အခဲဖြစ်နေကြောင်း သိရသည်။

#Zawgyi

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ (RRCCI) မွ ေထာက္ပံ့ေပးပို႔ထားသည့္ ေစာင္ႏွင့္အဝတ္အစား အထည္ ၅၀၀၀ ပထမအသုတ္အျဖစ္ ဒီဇင္ဘာ ၇ ရက္ ယေန႔မနက္ပိုင္းက ပလက္၀ၿမိဳ႕သို႔ေရာက္ရွိၿပီဟု RRCCI မွ မနန္းေဝထံမွ သိရသည္။

“ဒီပလက္ဝကိုေတာ့ဒီေန႔မနက္ေရာက္တယ္လို႔သိရတယ္။ ဒီမနက္ ေရာက္တာကစုစုေပါင္းအထည္ ၅ဝဝဝေလာက္ ေတာ့ရွိမယ္၊ ဒါေပမယ့္အဲ့တေခါက္ကေတာ့ အိမ္ေနရင္း သူမ်ားေတြ အသုံးပိုေနတဲ့ အဝတ္အစားေတြပို႔ေပးတာမ်ားတာေပါ့၊ အခုမေန႔ကပို႔ေပးတာက အသစ္ေတြႀကီးပဲ ေနာက္ထပ္ပို႔မဲ့ဟာေတြလည္း အကုန္အသစ္ေတြႀကီးပဲ။ ဝယ္တာက ကၽြန္မတို နည္းနည္းတဖက္ကို တဖက္ စက္႐ုံဖက္ကေန ျပန္ဝယ္ရတဲ့အခါမွာ အခ်ိန္ေစာင့္ဆိုင္းရတာ ေတြရွိိ တယ္၊ ပထမတေခါက္က ရန္ကုန္ၿမိဳ႕အတြင္းေကာက္ခံရရွိတဲ့ တနိုင္ငံလုံး ၊အနယ္နယ္အရပ္ရပ္က ပို႔ေပးတဲ့ ဟာအပိုပစၥည္းေတြ အဝတ္အထည္ေတြကိုျပန္လႉနိုင္တဲ့ အထည္ေတြက ၅ဝဝဝေလာက္ရွိ တယ္။”ဟု မနန္းေဝမွေျပာသည္။

ပလက္၀ၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ RRCCI မွ ေစာင္ႏွင့္အေႏြးအထည္မ်ားကို အသုတ္လိုက္ျဖင့္ ပို႔ေဆာင္ေပးေနျခင္းျဖစ္ၿပီး ပထမသုတ္တြင္ ၅၀၀၀၊ ဒုတိယတြင္ ၆၀၀၀၊ တတိယတြင္ ၃၀၀၀ ႏွင့္ စတုတၳအသုတ္တြင္ ၄၀၀၀ စီပို႔ေဆာင္ေပးခဲ့သည္။ ယေန႔ပလက္၀ၿမိဳ႕သို႔ေရာက္ရွိေသာ အ၀တ္အထည္ ၅၀၀၀ မွာ ပထမအသုတ္တြင္ ပို႔လိုက္ သည့္အ၀တ္အထည္မ်ားျဖစ္ၿပီး က်န္အ၀တ္အထည္မ်ားမွာ လမ္းခရီးတြင္ရွိေနေသးသည္ဟုသိရသည္။ 

RRCCI အေနျဖင့္ ပလက္၀စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ေစာင္နဲ႔အေႏြးအထည္မ်ား တာဝန္ယူကာ အလႉခံ ေပးပို႔ေပးေနျခင္းျဖစ္ၿပီး ေစာင္ႏွင့္ အေႏြးအထည္ ၈၀၀၀ ဝန္းက်င္ႏွင့္ ဆန္အိတ္ ၁၀၀ ေပးပို႔ရန္ က်န္ရွိေနေသးေၾကာင္း သိရသည္။

မနန္းေဝမွ ဆက္ၿပီး “ဟိုမွာရွိတဲ့စစ္ေဘးေရွာင္ေတြက ၁ေသာင္းေက်ာ္ရွိတယ္။ အခုရတာက အထည္၂၀၀၀၀ ေလာက္ျဖစ္ေနတဲ့အခါၾကေတာ့ ေလာက္မွာပါ။ ျပည္နယ္အစိုးရက လည္း အထည္၁ဝဝဝပို႔ထားတယ္လို႔ သိရတယ္ေလအရင္ေပါ့။ ပထမတေခါက္တုန္း ကျပည္နယ္ အစိုးရကပို႔ေပးထားတဲ့၁ဝဝဝရွိတယ္၊ အခုက်မတို႔ပို႔ေပးတာ ၂ဝဝဝဝဆိုေတာ့ လုံေလာက္မႈ႔ရွိမယ္လို႔ ထင္တယ္။အကုန္လုံးေရာက္သြားရင္ေပါ့” ဟုေျပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္ (AA) ႏွစ္ဘက္ စစ္ျဖစ္ပြားမႈေၾကာင့္ ပလက္ဝၿမိဳ႕နယ္တြင္ စစ္ေဘးဒုကၡသည္အျဖစ္ စစ္ေရွာင္ေနရသူ ၁၀၀၀၀ ဝန္းက်င္ရွိၿပီး ေဆာင္းတြင္ဝင္လာသျဖင့္ အေႏြးအထည္နဲ႔ ေစာင္မ်ား အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.