Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ULA/AA က ဖမ်းဆီးပြီး စစ်သင်တန်းပို့သည့် ချင်းကျောင်းသား/သူနှင့် လူငယ် ၆၃ ဦးကို ပြန်လွှတ်ပေးရန် CPSC တောင်းဆို

ULA/AA က ဖမ်းဆီးပြီး စစ်သင်တန်းပို့သည့် ချင်းကျောင်းသား/သူနှင့် လူငယ် ၆၃ ဦးကို ပြန်လွှတ်ပေးရန် CPSC တောင်းဆို

0
By Editor on May 28, 2025 Headline

(006SV)

အာရက္ခတပ်တော် ULA/AA က ရခိုင်ပြည်နယ်ထဲက ချင်းကျောင်းသား/သူများအပါအဝင် လူငယ် ၆၃ ဦးထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်သင်တန်းပေးနေခြင်းမှ ပြန်လည် လွှတ်ပေးရန် ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်) – CPSC က ယနေ့ မေလ ၂၈ ရက်မှာ ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုသည်။

မိသားစုစားဝတ်နေရေးအတွက် ပြည်မထွက် အလုပ်လုပ်မည့် ချင်းလူငယ်များနှင့် အသက်မပြည့်သေးသော ချင်းကျောင်းသား/သူ ၆၃ ဦးထက်မနည်းကို အာရက္ခတပ်တော် ULA/AA က ဖမ်းဆီးပြီး စစ်သင်တန်း ပို့ဆောင်သည်ကို မိသားစုဝင်များထံမှ သိရသည်ဟု CPSC က ထုတ်ပြန်သည်။

“ဘယ်လို ဖမ်းဆီးခေါ်ဆောင်သွားကြလဲဆိုတော့ တချို့က နောင်တော်ကြီး နောင်တော်လေး မြစ်ထဲမှာ ၊ တချို့က ရခိုင်ရိုးမကို ကျော်တဲ့အချိန်၊ တချို့က ကျောက်ဖြူမြို့နယ်ရဲ့ တဖက်ကမ်း သဲချောင်း ကူးတို့ဆိပ်မှာ၊ တချို့က ပြည်မသွားဖို့ ပွဲစားလုပ်လို့ ဆိုပြီး ရွာထဲ့ ဝင်ဖမ်းတာပါဗျ။ ကျနော်တို့ သတင်းမရတဲ့ ၊ဆက်သွယ်ရေး အခက်ခဲရှိတဲ့ သူတွေ လည်း အများကြီး ရှိနိုင်ပါသေးတယ်” ဟု CPSC ဗဟိုအလုပ်အမှုဆောင် Salai Kyro က ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်ထဲက ချင်းလူငယ်များ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်ပြီး ယင်းတို့မှာ အသက် အရွယ်အားဖြင့် ၁၃ နှစ်မှ ၄၅ နှစ်ကြား အရွယ်များဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးမှုများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ် ဧပြီလ၊ မေလတို့မှာ ဖြစ်ပွားခဲ့ကြောင်း၊ တချို့သည် ULA/AA တွင် တပ်သားများ ဖြစ်နေကြပြီး တချို့သည် ၄၅ ရက် စစ်သင်တန်း တက်ပြီး၍ ULA/AA ထံမှာ ၂ နှစ်တာ စစ်မှုထမ်းရမည်ဟု သိရသည်။

“ဖမ်းပြီး တရားဥပဒေအရ စီရင်တယ်ဆိုရင် လက်ခံလို့ ရပေမယ့် အခုက အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အတင်း အဓမ္မ စစ်မှုထမ်း ခိုင်းစေခြင်းဟာ လူ့အခွင့်အရေးအရ War Crimes မြောက်ပါတယ်။ ဒါကို ULA/AA ရဲ့ အောက်ခြေက လူတွေ ကျူးလွန်နေကြတယ်။ ဒါဟာ လက်ခံနိုင်စရာ မရှိသလို အသက်မပြည့်သေးတဲ့ ကလေးတွေကို ပြန်လွတ်ပေးရမယ်။ မလွတ် ပေးဘူး ဆိုရင် လူ့အခွင့်အရေးကို သိသိကြီးနဲ့ ကျူးလွန်ရင် ကျနော်တို့ အနေနဲ့ ပဋိပက္ခကို ပိုပြီး ဦးတည်ပါလိမ်မယ်” ဟု Salai Kyro က ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအဖြစ် ရက္ခိုင်ပြည်နယ်မှာ တကျော့ပြန် တိုက်ပွဲဖြစ်လာပြီး ပြည်သူအားလုံး ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်လှမ်းမီခွင့်စသည် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း၊ ၎င်းတို့ထဲ ရက္ခိုင် ပြည်နယ်က ချင်းလူမျိုးများလည်း အလားတူ ခံစားနေရသည်ဟု သိရသည်။

ULA/AA ၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဌာန်းချက် (National Defense Emergency Provision) သည်လည်း ရက္ခိုင်ဒေသမှ လူမျိုးစုတိုင်းနှင့် သက်ဆိုင်၍ ဌာနေချင်းလူမျိုးစုကို အသိအမှတ်ပြု တန်ဖိုးထားကာ ဌာနေချင်းနိုင်ငံရေး အင်အားစုများနှင့် ကြိုတင်ညှိုနှိုင်းမှု ပြုလုပ်သင့်ကြောင်း ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (ရခိုင်) ထုတ်ပြန်သည်။

ယင်းပြဌာန်းချက်သည် ပြည်သူများ အကြပ်အတည်းနှင့် ကြုံတွေ့ရမည့် ပြဌာန်းချက် ဖြစ်သည့်အပြင် လူ့အခွင့်အရေး စံနှုန်းများနှင့် ကင်းကွာသည်ကို တွေ့ရှိရသည်ဟု ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) က ဆိုသည်။

အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဌာန်းချက်ကို ULA/ AA က ၂၀၂၅ ခုနှစ်၊ မတ်လ (၁၈) ရက်မှာ စတင်ပြဌာန်းခဲ့ပြီး ယခုမေလ ၂၂ ရက်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း ကျင့်သုံးတော့မည်ဟု ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.