Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ULA/AA အနေဖြင့် နောက်နောင်တွင် ချင်းပြည်သူများအပေါ် အကြမ်းဖက်မှု မပြုလုပ်ရန် ချင်းပြည်အစိုးရ သတိပေးထုတ်ပြန်

ULA/AA အနေဖြင့် နောက်နောင်တွင် ချင်းပြည်သူများအပေါ် အကြမ်းဖက်မှု မပြုလုပ်ရန် ချင်းပြည်အစိုးရ သတိပေးထုတ်ပြန်

0
By Editor on May 2, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာတွင် ဒေသခံချင်းအမျိုးသမီးတဦးကို ULA/AA တပ်ဖွဲ့ဝင် ၂ဦးက မုဒိမ်းကျင့်၍ သတ်ဖြတ်ရန် ကြိုးပမ်းမှု ဖြစ်ပေါ်ပြီးနောက် ULA/AA အနေဖြင့် နောက်နောင်တွင် ချင်းပြည်သူများအပေါ် လူမဆန်သော အကြမ်းဖက်မှုများ မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးကြောင်း ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ပလက်ဝကောင်စီနယ်မြေ၊ စိမ်းစင်းကျေးရွာတွင် ဧပြီလ ၅ ရက်က အာရက္ခတပ်တော် ULA/AA တပ်ဖွဲ့ဝင် ၂ ဦးသည် ချင်းအမျိုးသမီး ၁ ဦးကို ရည်ရွယ်ချက် ရှိရှိ အတင်းအဓမ္မပြုကျင့်မှုအပေါ် ချင်းပြည်အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာမှ ပြင်းထန်စွာ ရှုတ်ချသည်ဟု ယနေ့ မေလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ယခုကဲ့သို့ ချင်းအမျိုးသမီး ၁ ဦးအပေါ် အဓမ္မပြုကျင့်ခြင်းသည် တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်းကွဲမှုနှင့် လူမျိုးရေး မုန်းတီးမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဆိုသည်။

ပြစ်မှုကျူးလွန်သည့် ULA/AA တပ်ဖွဲ့ဝင် ၂ ဦးကို ထိုက်သင့်သော ပြစ်ဒဏ်ပေးရန် ပွင့်လင်းမြင်သာမှု ရှိစွာ တရားစီရင်ခြင်း၊ ကျူးလွန်ခံရသူအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ လုံခြုံမှုနှင့် ဥပဒေအကာအကွယ် ဆောင်ရွက်မှု ပေးခြင်း၊ လိုအပ်သော အကူအညီ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ရန် ချင်းအစိုးရ၊ ဝန်ကြီးဌာနက တောင်း ဆိုထားသည်။

ULA/AA အနေဖြင့် နောက်နောင် ယခုကဲ့သို့ ချင်းပြည်သူများ အပေါ် လူမဆန်သည့် အကြမ်းဖက်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးထုတ်ပြန်ကြောင်း ချင်းပြည်အစိုးရအဖွဲ့၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဆိုသည်။

ULA/ AA သည် စစ်အာဏာရှင် တော်လှန်ရေးကို အကြောင်းပြပြီး ချင်းပြည်အတွင်းရှိ ပလက်ဝ ဒေသတွင် ဒေသခံပြည်သူများ၏ သဘောတူညီမှု မရှိဘဲ တပ်စခန်းများ ချခြင်း၊ စစ်ရေးဖော်ဆောင်ခြင်းများ ပြုလုပ်သောကြောင့် ပြည်သူများ ဒုက္ခရောက်ရ သည့်အပြင် အကြမ်းဖက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်များကို မကြာခဏ ခြိမ်းခြောက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီလ ၅ ရက်က ဖြစ်ပွားခဲ့သော ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ ဒေသခံအမျိုးသမီးအမှု ဖြစ်စဉ်သည် လက်ရှိ မေလ ၂ ရက်တွင် တစ်လနီးပါး ရှိလာချိန်တွင် ချင်းပြည်အစိုးရ၏ ဝန်ကြီးဌာနဘက်မှ ထုတ်ပြန်လာခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဖြစ်ပွားသော နေ့ကပင် ဖမ်းဆီးထိန်းသိမ်းထားပြီး ယင်းအမှုကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း၊ တရားမျှတမှု ရရှိရေးအတွက် ပြစ်မှု ပြစ်ဒဏ် မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု အာရက္ခတပ်တော် ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်ဒေသတွင်း သတင်းဌာနတချို့ကို ဖြေကြားထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.