Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ULA/AA အနေဖြင့် နောက်နောင်တွင် ချင်းပြည်သူများအပေါ် အကြမ်းဖက်မှု မပြုလုပ်ရန် ချင်းပြည်အစိုးရ သတိပေးထုတ်ပြန်

ULA/AA အနေဖြင့် နောက်နောင်တွင် ချင်းပြည်သူများအပေါ် အကြမ်းဖက်မှု မပြုလုပ်ရန် ချင်းပြည်အစိုးရ သတိပေးထုတ်ပြန်

0
By Editor on May 2, 2025 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာတွင် ဒေသခံချင်းအမျိုးသမီးတဦးကို ULA/AA တပ်ဖွဲ့ဝင် ၂ဦးက မုဒိမ်းကျင့်၍ သတ်ဖြတ်ရန် ကြိုးပမ်းမှု ဖြစ်ပေါ်ပြီးနောက် ULA/AA အနေဖြင့် နောက်နောင်တွင် ချင်းပြည်သူများအပေါ် လူမဆန်သော အကြမ်းဖက်မှုများ မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးကြောင်း ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ပလက်ဝကောင်စီနယ်မြေ၊ စိမ်းစင်းကျေးရွာတွင် ဧပြီလ ၅ ရက်က အာရက္ခတပ်တော် ULA/AA တပ်ဖွဲ့ဝင် ၂ ဦးသည် ချင်းအမျိုးသမီး ၁ ဦးကို ရည်ရွယ်ချက် ရှိရှိ အတင်းအဓမ္မပြုကျင့်မှုအပေါ် ချင်းပြည်အစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာမှ ပြင်းထန်စွာ ရှုတ်ချသည်ဟု ယနေ့ မေလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ယခုကဲ့သို့ ချင်းအမျိုးသမီး ၁ ဦးအပေါ် အဓမ္မပြုကျင့်ခြင်းသည် တိုင်းရင်းသား အချင်းချင်းကြား စိတ်ဝမ်းကွဲမှုနှင့် လူမျိုးရေး မုန်းတီးမှုကို ဖြစ်ပေါ်စေနိုင်သည်ဟု အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဆိုသည်။

ပြစ်မှုကျူးလွန်သည့် ULA/AA တပ်ဖွဲ့ဝင် ၂ ဦးကို ထိုက်သင့်သော ပြစ်ဒဏ်ပေးရန် ပွင့်လင်းမြင်သာမှု ရှိစွာ တရားစီရင်ခြင်း၊ ကျူးလွန်ခံရသူအတွက် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ လုံခြုံမှုနှင့် ဥပဒေအကာအကွယ် ဆောင်ရွက်မှု ပေးခြင်း၊ လိုအပ်သော အကူအညီ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ရန် ချင်းအစိုးရ၊ ဝန်ကြီးဌာနက တောင်း ဆိုထားသည်။

ULA/AA အနေဖြင့် နောက်နောင် ယခုကဲ့သို့ ချင်းပြည်သူများ အပေါ် လူမဆန်သည့် အကြမ်းဖက်မှုများ လုံးဝ (လုံးဝ) မပြုလုပ်ရန် ပြင်းထန်စွာ သတိပေးထုတ်ပြန်ကြောင်း ချင်းပြည်အစိုးရအဖွဲ့၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ဆိုသည်။

ULA/ AA သည် စစ်အာဏာရှင် တော်လှန်ရေးကို အကြောင်းပြပြီး ချင်းပြည်အတွင်းရှိ ပလက်ဝ ဒေသတွင် ဒေသခံပြည်သူများ၏ သဘောတူညီမှု မရှိဘဲ တပ်စခန်းများ ချခြင်း၊ စစ်ရေးဖော်ဆောင်ခြင်းများ ပြုလုပ်သောကြောင့် ပြည်သူများ ဒုက္ခရောက်ရ သည့်အပြင် အကြမ်းဖက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်များကို မကြာခဏ ခြိမ်းခြောက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီလ ၅ ရက်က ဖြစ်ပွားခဲ့သော ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာမှ ဒေသခံအမျိုးသမီးအမှု ဖြစ်စဉ်သည် လက်ရှိ မေလ ၂ ရက်တွင် တစ်လနီးပါး ရှိလာချိန်တွင် ချင်းပြည်အစိုးရ၏ ဝန်ကြီးဌာနဘက်မှ ထုတ်ပြန်လာခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဖြစ်ပွားသော နေ့ကပင် ဖမ်းဆီးထိန်းသိမ်းထားပြီး ယင်းအမှုကို စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း၊ တရားမျှတမှု ရရှိရေးအတွက် ပြစ်မှု ပြစ်ဒဏ် မျှတအောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု အာရက္ခတပ်တော် ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ရခိုင်ဒေသတွင်း သတင်းဌာနတချို့ကို ဖြေကြားထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.