Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»UNHCR ဒုက္ခသည်ကတ်များ အသိမ်းခံထားရသည့် မလေးရှားချင်းဒုက္ခသည်များ ဇူလိုင်လကုန် နောက်ဆုံး အမည်စာရင်း ပြန်ပေးရန် ICC ထုတ်ပြန်

UNHCR ဒုက္ခသည်ကတ်များ အသိမ်းခံထားရသည့် မလေးရှားချင်းဒုက္ခသည်များ ဇူလိုင်လကုန် နောက်ဆုံး အမည်စာရင်း ပြန်ပေးရန် ICC ထုတ်ပြန်

0
By Editor on July 9, 2025 Khonumthung

(006SV)

မလေးရှားနိုင်ငံမှ ချင်းဒုက္ခသည်များသည် ဒုက္ခသည်များအဖြစ် ရပ်ဆဲခြင်းကာလအတွင်း UNHCR ကတ်များ အသိမ်းခံ ရပြီးနောက် ယနေ့အထိ ကတ်ပြန်လည်ရရှိခြင်း မရှိသူများအနေဖြင့် ဇူလိုင်လ ၃၁ ရက်နောက်ဆုံးထား၍ ICC အဖွဲ့ဝင် ချင်းအဖွဲ့အစည်းတစ်ခုထံတွင် အမည်စာရင်း ပြန်လည်ပေးအပ်ကြရန် ကြေညာထားသည်။

၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များ၏ UNHCR ချင်းဒုက္ခသည်များ ဒုက္ခသည်အဖြစ်မှ ရပ်ဆဲခြင်းကာလ (Chin Cessation policy) အတွင်း UNHCR ကတ် မတရားအသိမ်းခံရပြီးနောက် ကတ်ပြန်ပေးရန် မိမိတို့အဖွဲ့အစည်းမှာ အသနားခံစား ပြန်လည်တင် ထားသော်လည်း ယနေ့အထိ UNHCR ကတ်ဒ် ပြန်လည်ရရှိခြင်း မရှိသူများ အမည်စာရင်း ပြန်လည်ပေးအပ်ရန် ICC က ဇူလိုင်လ ၈ ရက်မှာ ထုတ်ပြန်သည်။

13C – UNHCR ကတ်ကိုင်ဆောင်ထားသည့် မလေးရှားရောက်ချင်းဒုက္ခသည်များအနေဖြင့် Independent Chin Communities – ICC အဖွဲ့ဝင်များဖြစ်သော Alliance Of Chin Refugees (ACR)၊ Chin Refugees Committee (CRC)၊ DAI Community Malaysia (DCM)၊ Falam Refugees Organization (FRO) နှင့် Zomi Association of Malaysia (ZAM) ထံသို့ စာရင်းပေး ကြရန် အသိပေးထုတ်ပြန်သည်။

ICC အဖွဲ့ဝင်ထားသော ချင်းအဖွဲ့အစည်းများထဲက မိမိအဖွဲ့အစည်း သို့မဟုတ် အသနားခံစာ တင်ခဲ့သော အဖွဲ့အစည်းထံသို့ တကြိမ်သာ အမည်စာရင်း ပေးသွင်းရန် ထုတ်ပြန်သည်။

လိုအပ်သောအချက်လက်များမှာ အမည်၊ မွေးသကရာဇ်၊ UNHCR ဖိုင်နံပါတ် ၊ UNHCR ကိုယ်ပိုင်နံပါတ်၊ အသနားခံ စာတင်ခဲ့သည့်ရက်စွဲ၊ လက်ရှိဖုန်းနံပါတ်၊ မိသားစုလူဦးရေ၊ အခြားအရာများတို့ဖြစ်သည်ဟု သိရသည်။

လက်ရှိ ICC မှ ကောက်ယူမှုသည် UNHCR မှ စေခိုင်းခြင်း မဟုတ်ဘဲ ချင်းလူမျိုးများအတွင်း ကျန်ရှိနေသေးသည့် စာရင်းများကို သိရှိလိုခြင်းနှင့် အထောက်အထားများ ရရှိနိုင်ရန်အတွက်ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.