Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZCD ပါတီအမာခံနယ်မြေတွင် NLD အပြတ်သတ်အနိုင်ရ

ZCD ပါတီအမာခံနယ်မြေတွင် NLD အပြတ်သတ်အနိုင်ရ

0
By Editor on November 9, 2020 Headline

#Unicode

By လားနွန် – ချင်းဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန်ဦးဆောင်တဲ့ Zomi Congress for Democracy (ZCD) ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်အမာခံနယ်မြေဖြစ်တဲ့ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်နှင့်တွန်းဇံမြို့နယ်တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီက အပြတ်သတ်အနိုင်ရရှိသွားပြီလို့သိရပါတယ်။

လွှတ်တော်မဲဆန္ဒနယ်မြေ (၅) နေရာရှိတဲ့ တီးတိန်မြို့နယ်မှာ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ကိုယ်စားလှယ်လောင်းအားလုံးက အနိုင်ရရှိသွားပြီလို့ တီးတိန်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်မြေ ၂ တွင် NLD ကိုယ်စားပြုအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်ကပြောပါတယ်။

“မဲစာရင်းအရတော့ အများစုရပါတယ် တစ်မြို့နယ်လုံးပေ့ါနော် ရှင်းရှင်းပြောရရင် NLD (၅) နေရာလုံးမှာ အဲလိုအနိုင်ရတယ် အတည်ပြုဖို့ ကော်မရှင်မှာတင်ပြထားတယ်” လို့ ဝန်ကြီးဦးမာန်ဟင်းဒါလ်ကပြောပါတယ်။

တီးတိန်မြို့နယ်မှာ တသီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးအပါအဝင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စုစုပေါင်း (၆) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် (၂၈) ဦးမှ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

အလားတူ တွန်းဇံမြို့နယ်မှာလည်း အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက မဲဆန္ဒနယ်မြေ ၂ နေရာမှာ အနိုင်ရရှိပြီး ZCD ပါတီကိုယ်စားလှယ် လက်ရှိချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်နဲ့ ဒေါ်ကျိန်ငိုက်မန်တို့ ၂ ဦး အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။

ZCD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တီးတိန်နဲ့ တွန်းဇံမြို့နယ်မှာ ၆ နေရာအနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ယခုလိုဆုံးနိမ့်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ZCD အတွင်းရေးမှူး ဦးဂင့်ကမ်းလျန်က “ZCD ကတော့အခြေအနေမကောင်းဘူး သူတို့ (NLD) ကပိုက်ဆံသုံးတယ်လေ မဲတော့သိပ်မကွာဘူးလေ ဒါပေမဲ့သူတို့က လက်ရှိနယ်မြေခံဝန်ကြီးပါတာကိုး ဝန်ကြီးကလည်းသူတို့ကတတ်နိုင်တာပေါ့ ကိုယ်တို့က ဆင်းရဲသားပါတီဆိုတော့မပေးနိုင်ဘူး၊ အပြိုင်အဆိုင်ဆိုတော့ နိုင်တဲ့လူရှိသလို ရှုံးတဲ့လူလည်းရှိရမှာပေါ့” လို့ ပူးဂင်ကမ်းလျန်ကပြောပါတယ်။

#Zawgyi

ချင်းဝါရင့်နိုင်ငံရေးသမား ပူးကျင့်ရှင်းထန်ဦးဆောင်တဲ့ Zomi Congress for Democracy (ZCD) ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်အမာခံနယ်မြေဖြစ်တဲ့ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်နှင့်တွန်းဇံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီက အပြတ်သတ်အနိုင်ရရှိသွားပြီလို့သိရပါတယ်။

လွှတ်တော်မဲဆန္ဒနယ်မြေ (၅) နေရာရှိတဲ့ တီးတိန်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ကိုယ်စားလှယ်လောင်းအားလုံးက အနိုင်ရရှိသွားပြီလို့ တီးတိန်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်မြေ ၂ တွင် NLD ကိုယ်စားပြုအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်ကပြောပါတယ်။

“မဲစာရင်းအရတော့ အများစုရပါတယ် တစ်မြို့နယ်လုံးပေါ့နော် ရှင်းရှင်းပြောရရင် NLD (၅) နေရာလုံးမှာ အဲလိုအနိုင်ရတယ် အတည်ပြုဖို့ ကော်မရှင်မှာတင်ပြထားတယ်” လို့ ၀န်ကြီးဦးမာန်ဟင်းဒါလ်ကပြောပါတယ်။


အလားတူ တွန်းဇံမြို့နယ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက မဲဆန္ဒနယ်မြေ ၂ နေရာမှာ အနိုင်ရရှိပြီး ZCD ပါတီကိုယ်စားလှယ် လက်ရှိချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်နဲ့ ဒေါ်ကျိန်ငိုက်မန်တို့ ၂ ဦး အနိုင်ရရှိခဲ့တယ်လို့သိရပါတယ်။


Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

ချင်း-မကွေးအစပ်တွင် ချင်းအပါအဝင် စစ်ဘေးရှောင် ၅၀၀ ခန့် ရာသီတုပ်ကွေး၊ အရေပြားနှင့် ဝမ်းရောဂါများ ဖြစ်ပွားနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 30, 2026

CDF – ဟားခါးစခန်းဟောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်

October 30, 2026

မင်းတပ်မြို့ကို စစ်တပ်ကအပြင်းအထန် ဗုံးကြဲ၊ နေအိမ် ၁၀ လုံးကျော် ထပ်မံပျက်စီး

October 29, 2026

စစ်တပ်အတွက် လော်ဘီလုပ်ပေးနေသော ဝါရှင်တန်ဒီစီအခြေစိုက် လော်ဘီလုပ်ငန်းကုမ္ပဏီကို အမေရိကန်အထက်လွှတ်တော် အမတ်ဟောင်း ဝေဖန်

October 29, 2026

CDF – ဟားခါး၏ စစ်သုံ့ပန်းစခန်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ ၊ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၀ ဦးအထိ အစုအပြုံလိုက်သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.