Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZFU/PDF Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသည့် သင်တန်းဆင်းလူငယ် ၁၇ ဦးကို ဒုတိယအသုတ်အဖြစ် ပြန်လွှတ်

ZFU/PDF Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသည့် သင်တန်းဆင်းလူငယ် ၁၇ ဦးကို ဒုတိယအသုတ်အဖြစ် ပြန်လွှတ်

0
By Editor on April 2, 2026 Headline

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ) တွင် အခြေ စိုက် လှုပ်ရှားနေသော PDF-Zoland က စစ်မှုထမ်းကင်းလွတ်ခွင့်ရှိသော အခြေခံစစ်သင်တန်းဆင်းပြီးသူ လူငယ် ၁၇ ဦးကို ယနေ့ ဧပြီလ ၂ ရက်နေ့တွင် ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၈ ဦး၊ စုစုပေါင်း ၁၇ ဦးတို့အား လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အခြေခံစစ်ပညာသင်တန်း (Basic Training) ကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့သူများဟု သိရသည်။

၎င်းတို့အား အဖွဲ့အစည်းမှ သတ်မှတ်ထားသည့် စစ်မှုထမ်းကင်းလွတ်ခွင့်စည်းကမ်းချက် (၄) ချက်နှင့် ကိုက်ညီခြင်းနှင့် မိသားစုအရေးကြောင့် နေအိမ်သို့ မပြန်မဖြစ်ပြန်ရန်လိုအပ်သူများ ဖြစ်ခြင်းတို့ကြောင့် တပ်ဖွဲ့ဝင်အဖြစ် ဆက်လက် စုဆောင်းခြင်းမပြုဘဲပြန်လွှတ်ခဲ့ခြင်းဟု PDF-Zoland က ဆိုသည်။

အဆိုပါ လူငယ် ၁၇ ဦးသည် လွန်ခဲ့သော တစ်လခန့်က တီးတိန်နှင့် တွန်းဇံမြို့နယ်ရှိ ကျေးရွာအသီးသီးမှ သွီဆာအိုဒေသရှိ ဘိန်းစိုက်ခင်းတွင် လုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေစဉ် PDF Zoland တပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူများဟု သိရသည်။

ပြီးခဲ့သော တစ်လခန့်က ၎င်းတို့ကို ဘိန်းစိုက်ခင်းမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အပြစ်ပေးခြင်းထက် စစ်ပညာနှင့် အသိပညာသင်ကြားပေးကာ အမျိုးသားရေးတာဝန် ထမ်းဆောင်စေရန် ရည်ရွယ်ချက်ဖြင့် PDF-Zoland က ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အလားတူ မတ်လ ၃၁ ရက်နေ့ကလည်း PDF Zoland သည် စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ထားသူများအနက် ကင်းလွတ်ခွင့်နှင့် ကိုက်ညီသော လူငယ်အယောက် ၂၀ ဦးအား ပထမအသုတ်အဖြစ် နေရပ်သို့ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။

PDF Zoland ၏ မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းကင်းလွတ်ခွင့်ပေးသည့် မူဝါဒများမှာ – အသက်မပြည့် သေးသူများနှင့် ကျောင်းသားများ၊ မိသားစုအတွင်း တော်လှန်ရေးလုပ်နေသူရှိပြီးသားသူများ၊ မသန်စွမ်းသူများနှင့် မိသားစုတွင် တစ်ဦးတည်းသော သား/သမီး ဖြစ်သူများ ဖြစ်ကြသည်။

သို့သော် အသက်မပြည့်သော်လည်း မိမိဆန္ဒအလျောက် ပါဝင်လိုသူများကိုမူ ဆက်လက်လက်ခံထားကြောင်း ဆိုသည်။

PDF Zoland သည် မတ်လကုန်ပိုင်းမှစ၍ တီးတိန်နှင့် တွန်းဇံမြို့နယ်အတွင်းရှိ အရွယ်ရောက်ပြီးသူတိုင်း အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာထားပြီးနောက် “ချင်းမြောက်ပိုင်း နောက်ဆုံးလှိုင်း” စစ်ဆင်ရေးအတွက် အခြေခံစစ် ပညာသင်တန်း အပတ်စဉ် (၁၉) ကိုလည်း ဖိတ်ခေါ်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အစိုးရသစ် သမ္မတ ဖြစ်လာမည့် မင်းအောင်လှိုင်ကို ဂျာကာတာမှာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲမည်

ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မှုထမ်းမူဝါဒနှင့် တပ်သားစုဆောင်းမှုပုံစံများ ဝေဖန်မှုမြင့်တက်လာ

စစ်မှုထမ်းကင်းလွတ်ခွင့်ရရှိသည့် လူငယ် ၂၀ ဦးကို PDF Zoland က နေရပ်သို့ ပြန်လွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.