Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZRA-EC က စစ်မှုထမ်းရန်ဖမ်းသွားသော တုန်းဇန်ကျေးရွာက အသက်မပြည့်ကလေးငယ်များ ပြန်လည်လွတ်မြောက်လာ

ZRA-EC က စစ်မှုထမ်းရန်ဖမ်းသွားသော တုန်းဇန်ကျေးရွာက အသက်မပြည့်ကလေးငယ်များ ပြန်လည်လွတ်မြောက်လာ

0
By Editor on July 9, 2024 Headline

(002MG)

Zomi Revolutionary Army -Eastern Command (ZRA-EC) က စစ်မူထမ်းရန် အတင်းအဓမ္မဖမ်းဆီးခဲ့သော တုန်းဇန်ကျေးရွာက အသက်မပြည့်သေးသည့် ကလေး ၉ ဦးကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာက အသက် ၁၃ နှစ်ဝန်းကျင်အရွယ်ခန့်ရှိကြသော ကလေး ၉ ယောက်ကို စစ်မှုထမ်းဆောင်ရန်ဟုဆိုကာ ZRA-EC က ဇူလိုင်လ ၆ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာ ရပ်မိ/ရပ်ဖများက သွားရောက်ညှိနှိုင်းကြရာမှာ ယနေ့တွင် ပြန်လည်လွတ်ပေးလိုက်ခြင်းဖြစ်သည်ဟု တီးတိန်မြို့ဒေသခံ တစ်ဦးက ပြောသည်။

“(၆) ရက်နေ့က ဖမ်းထားတဲ့ အသက်မပြည် ကိုးယောက်ပေါ့ ဒီနေ့ ပြန်လွတ်ပြီ။ သူတို့ရွာမှာရှိတဲ့ ရွာခေါင်းဆောင်ပိုင်းတွေ သွားပြီးတော့မှ ZRA အဖွဲ့တွေနဲ့ တွေ့ပြီးတော့ ပြန်တောင်းတာ၊ သူတို့တော့ ရွာပြန်ရောက်ပြီ” ဟု တီးတိန်မြို့ ဒေသခံကပြောသည်။

ZRA-EC တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့တုန်းကလည်း တုန်းဇန်ကျေးရွာက ဒေသခံပြည်သူများကို စစ်မူထမ်းရန်အတွက် မဲနှိုက်ခိုင်းခဲ့ပြီး အမျိုးသား (၂၀) ဦးက မဲပေါက်ကာ လက်ရှိတွင် ၎င်းတို့ကို ခေါ်ယူခြင်းမရှိသေးသော်လည်း ခေါ်ယူချိန်တွင် မလိုက်ပါက မိသားစုဝင်များ ကျေးရွာအတွင်း နေထိုင်ခွင့်ပြုမည်မဟုတ်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

တီးတိန်မြို့မှ မိုင် (၂၀) ကျော်ခန့်ဝေးသော တုန်းဇန်ကျေးရွာတွင် ZRA-EC တပ်ဖွဲ့မှ ယခုကဲ့သို့ စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ မဲနှိုက်ရွေးချယ်မှုများပြုလုပ်နေသည့်အတွက် လူငယ်အရွယ်အမျိုးသားများသည် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.