Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ZRA-EC တပ်ဖွဲ့ စစ်ကော်မရှင်နှင့် ပေါ်ပေါ်တင်တင်ပူးပေါင်းလာကြောင်း PDF-Zoland အသိပေးထုတ်ပြန်

ZRA-EC တပ်ဖွဲ့ စစ်ကော်မရှင်နှင့် ပေါ်ပေါ်တင်တင်ပူးပေါင်းလာကြောင်း PDF-Zoland အသိပေးထုတ်ပြန်

0
By Editor on March 16, 2026 Headline

(004SS)

ချင်းပြည်နယ်၊ တွန်ဇံမြို့နယ်တွင် လှုပ်ရှားနေသော Zomi Revolutionary Army- Eastern Command (ZRA-EC) သည် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းကာ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များကို ပေါ်ပေါ်တင်တင် လုပ်ဆောင်နေပြီဟု Zomi Federal Union (ZFU) / PDF-Zoland က ယမန်နေ့ မတ်လ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယခင်က ZRA-EC သည် စစ်ကော်မရှင်နှင့် လျှို့ဝှက်စွာ ဆက်သွယ်ခြင်း၊ လက်နက်ခဲယမ်း အကူအညီရယူခြင်းများ ရှိခဲ့သော်လည်း ယခုအခါ စစ်ကော်မရှင်၏ လက်အောက်ခံအဖြစ် ပူးပေါင်းဆောင်ရွက်မှုမှာ ပိုမိုထင်ရှားလာကြောင်း သိရသည်။

PDF-Zoland မှ တာဝန်ရှိသူတစ်ဦးက “သူတို့က နဂိုတည်းက စစ်ကော်မရှင်နဲ့ အတူပူးပေါင်းပြီးသား ဖြစ်ပါတယ်။ အရင်ကတော့ လျှို့ဝှက်ပြီးဖြစ်စေ၊ လက်နက်ခဲယမ်းထောက်ပံ့တာဖြစ်စေ ပေါ်ပေါ်တင်တင် မဟုတ်ဘဲ လက်တွဲ လုပ်ဆောင်တာတွေ ရှိခဲ့တယ်။ အခုတော့ တီးတိန်မြို့ ခလရ ၂၆၉ မှာ အတူနေထိုင်တာ၊ စစ်ကော်မရှင်ရဲ့ ယူနီဖောင်းဝတ်ပြီး အတူသွားလာလှုပ်ရှားတာတွေအထိ အထင်အရှား တွေ့ရလို့ ပြည်သူတွေသိအောင် ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု ပြောကြားသည်။

PDF-Zoland ၏ ထုတ်ပြန်ချက်တွင် ZRA-EC သည် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် အတူတကွ စားသောက်၊ နေထိုင်၊ သွားလာလျက်ရှိကြောင်း၊ ၎င်းတို့သည် ပြည်သူ့ဘက်တော်သား လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်တော့ဘဲ စစ်ကော်မရှင်၏ လက်ပါးစေများသာ ဖြစ်သွားပြီဖြစ်ကြောင်း ပြည်သူအား အသိပေးလာခြင်း ဖြစ်သည်။

Zomi Revolutionary Army (Eastern Command) သည် ၂၀၁၃ ခုနှစ်တွင် Pu Zo Thang က ဦးစီး၍ မြန်မာနိုင်ငံ အတွင်း ရှိ ဇိုမီးလူမျိုးများနှင့် ဖွဲ့စည်းခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး မဏိပူရ်ပြည်နယ်အခြေိစိုက် ZRO/ZRA ဌာနချုပ်၏ လက်အောက်ခံ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တစ်ခု ဖြစ်သည်။

၎င်းတို့သည် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဇိုမီး(ချင်း)လူမျိုးစုများ အများစုနေထိုင်ရာ တီးတိန်၊ တွန်းဇံ၊ ကျီခါး နှင့် ကလေးကဘော် ဒေသများတွင် အဓိကခြေကုပ်ယူ လှုပ်ရှားကြပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့များကို မကြာခဏ တိုက် ခိုက်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးအကျဉ်းထောင်တွင် ဆေးကုသမှုလုံလောက်စွာမရရှိသောကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးသေဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် CNA ဗိုလ်ကြီးအပါဝင် ၃ ဦးကျဆုံး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီကို မကြာမီ ဖွဲ့စည်းတော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.