Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ZRA-EC နှင့် CNA တပ်ဖွဲ့ ကြား ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဆောင်ရွက်မည်ဟု ZORO ပြော

ZRA-EC နှင့် CNA တပ်ဖွဲ့ ကြား ပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ဆောင်ရွက်မည်ဟု ZORO ပြော

0
By Editor on May 27, 2024 Khonumthung

(005MK)

ဇိုမီးတော်လှန်ရေးတပ်မတော်အရှေ့ပိုင်းတိုင်း (ZRA-EC) နှင့် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ပြန်လည်သင့်မြတ်ရေးရှိစေရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင် အဖြစ် ကြားဝင်ဆောင်ရွက်ပေးသွားမည်ဟု Zo Reunification Organization (ZORO) က ပြောဆိုလိုက်သည်။

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော ZORO အဖွဲ့သည် ZRA နှင့် CNA တို့အကြားဖြစ်ပွားနေ သော စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ ယနေ့မေလ ၂၇ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ZORO အဖွဲ့သည် နိုင်ငံတကာမှာရောက်ရှိနေကြသော ချင်း (ဇို) မျိုးနွယ်စုများ ငြိမ်းချမ်းစွာအတူတကွနေထိုင်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့ဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းက ZRA-EC နှင့် CNA /ချင်းပူးပေါင်းတပ်ဖွဲ့များအကြား သဘောထားကွဲလွဲမှုကြောင့် အပြန်အလှန်ပစ်ခတ်မှုအထိဖြစ်ပွားသည့်အပေါ် စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။

မိမိတို့ညီအကိုများဖြစ်ကြသော ZRA-EC နှင့် CNA /ချင်းပူးပေါင်းတပ်ဖွဲ့များအနေဖြင့် တစ်ဦးနှင့်တစ်ဦး ပြန်လည်သင့်မြတ်ကာ ပဋိပက္ခများ ဆက်လက်မဖြစ်ပွားဘဲ ရပ်တန်းကရပ်တန့်ကြရန် တောင်းဆိုသည်ဟု ZORO ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ZRA-EC နှင့် CNA /ချင်းပူးပေါင်းတပ်ဖွဲ့များသည် သွေးသားတော်စပ်ကြသော တအူတုံဆင်းညီအကိုများဖြစ်ကြပြီး သဘောထားအမြင်မတူညီမှုကြောင့် နောက်ဆက်တွဲဖြစ်လာသည့် ပြသနာဟုယူဆရပြီး နှစ်ဖက်တပ်ဖွဲ့များအကြား ပြန် လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်စွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ZORO အနေဖြင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ် ကြားဝင်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

သို့သော်လည်း မည်ကဲ့သို့ ငြိမ်းချမ်းရေးအကျိုးဆောင်ရွက်သွားမည်ကို ထည့်သွင်းဖော်ပြခြင်းမရှိပေ။

Zo Reunification Organization (ZoRO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ချင်း-လူရှိုင်း-ကူကီး မျိုးနွယ်စုများအားလုံး ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသောအဖွဲ့အစည်းဖြစ်သည်။

ZRA-EC သည် ၂၀၁၃ ခုနှစ်တွင် ZRO/A မိခင်အဖွဲ့အစည်းမှ မြန်မာပြည်ခွဲ အဖွဲ့အစည်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး တွန်းဇံ၊ ကျီခါးနှင့် တီးတိန်မြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားနေသောအဖွဲ့ဖြစ်သည်။

ZRA – EC ၏ နိုင်ငံရေး ရည်မှန်းချက်သည် ချင်းပြည်နယ်မြောက်ပိုင်းမှ တီးတိန်၊ တွန်းဇံနှင့် စစ်ကိုင်းတိုင်း ကလေး- ကဘော်ဒေသတို့ကို စုစည်းပြီး မြန်မာနိုင်ငံတွင် သီးသန့် ဇိုမီးပြည်နယ်ရရှိရေးဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ တွန်းဇံ၊ ကျီခါးနယ်မြေတွင် လှုပ်ရှားနေသော (ZRA-EC) သည် ယခင်ကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် PDA , PDF-Zoland နှင့် CDF-Hualngoram တပ်စခန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

မကြာသေးခင်ရက်ပိုင်းက CNA နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့၏ တွန်းဇံနှင့် ကျီခါး မြို့သိမ်းတိုက်ပွဲတွင်လည်း ZRA-EC တပ်ဖွဲ့သည် စစ်ကောင်စီနှင့်ပူးပေါင်း၍ စစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.