Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

0
By Editor on November 29, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို “ZZLMS စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်၍ CNA နှင့်CDF ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက ယနေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်ကောင်စီတပ်သားများကို အရှင်ဖမ်းဆီးရမိသည်ဟု  CDF – Zotung က ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒယ်နီက ပြောသည်။

“အော်ပရှင်းရဲ့ ငါးရက်မြောက်နေ့မှာ သိမ်းနိုင်တာပါ။ ကျနော်တို့ တမြို့လုံးကို အားလုံး ထိန်းချုပ်နိုင်ပြီ။ ကျနော်တို့ ဒီ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲပေါ့နော်။ အဲဒီကနေ အားလုံး စခန်းသိမ်းဖို့ ပြင်ကြတယ်။ အဲဒီကနေ အားလုံးပူးပေါင်းပြီးတော့ ကျနော်တို့ ချင်းပြည်နယ် လွတ်မြောက်လာမယ့် မြို့တစ်ခု တည်ဆောက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သိမ်းတာပါ” ဟု CDF – Zotung က ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒယ်နီက ပြောသည်။

ရေဇွာမြို့သိမ်းတိုက်ပွဲကို “ZZLMS စစ်ဆင်ရေး” ဟု အမည်ပေးပြီး ZZLMS ညီနောင်ချင်းတပ်ဖွဲ့ဟုခေါ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang နှင့် ချင်းအမျိုးသားတပ်မတော် CNA/ CNF ၊ CDF မတူပီ ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၅ ရက်တွင် စတင်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂၅ ရက်မှ စတင်၍ ရေဇွာမြို့ပြည်သူများ နေရပ်စွန့်ခွာစစ်ဘေးရှောင်ကြရပြီး နိုဝင်ဘာလ ၂၆ ရက်မှစတင်၍ ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF ချင်းပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ နိုဝင်ဘာလ ၂၉ ရက် ယနေ့ မနက် ၁၀ နာရီတွင် မြို့ကို အလုံစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု CDF – Zotung က ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒယ်နီက ပြောသည်။

ရေဇွာတိုက်ပွဲတွင် ချင်းပူးပေါင်းတပ်ဖွဲ့၏ CDF Zotung မှ ရဲဘော် (၁) ဦး၊ CDF- Mara မှ ရဲဘော် (၁)ဦး တို့ ကျဆုံးခဲ့ပြီး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရသူ ရဲဘော် ၅ ဦးရှိသည်၊ စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အတိအကျ အတည်မပြုနိုင် သေးကြောင်း၊ စစ်ကောင်စီတပ်သားများကို အရှင်ဖမ်းဆီးရမိထားသည်ဟု ဆလိုင်းဒယ်နီက ပြောသည်။

ချင်းပူးပေါင်းတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီတပ်သား မည်မျှအရှင်ဖမ်းဆီးရမိကြောင်း တရား၀င်ပြောဆိုထားခြင်း မရှိသေး သော်လည်း The Rihli Voice သတင်းဌာနကတော့ စစ်ကောင်စီတပ်သား ၂၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟုဖော်ပြထားသည်။

မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိထားပြီး အတိအကျ မသိရသေးဟု ဆလိုင်းဒယ်နီက ပြောသည်။

နိုဝင်ဘာလ ၂၄ ရက် လိုင်လင်းပီမြို့သိမ်းတိုက်ပွဲတွင် ZZLMS ညီနောင်ချင်းတပ်ဖွဲ့မှ CDF- Mara၊ CDF- Lautu၊ CDF- Zopheiတို့က ချင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်နေစဉ်အတွင်း CDF- Zotung နှင့် CDF- Senthang တို့က ရေဇွာမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် အထူးလျှိုဝှက်စစ်ဆင်ရေးများ စတင်လုပ်ဆောင်နေခဲ့သည်၊ ထို့နောက် ချင်းပူးပေါင်းတပ်ဖွဲ့များနှင့်အတူ နိုဝင်ဘာလ ၂၅ ရက်တွင် စတင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ရေဇာမြို့ အသိမ်းမခံရရေးအတွက် နိုဝင်ဘာလ ၂၈ ရက် နေ့လည် ၃ နာရီခန့်မှစတင်၍ လေကြောင်း ပစ်ကူအများအပြားဖြင့် ခုခံခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင်လည်း လေကြောင်းပစ်ကူ အများအပြားဖြင့် ခုခံခဲ့သည်၊ လေကြောင်းတိုက်ခိုက်မှုသည် ယင်း ၂ ရက်အတွင်း ဗုံးကြဲချမှု (၂၀) ဝန်းကျင်ရှိမည်ဟု ဆလိုင်းဒယ်နီက ပြောသည်။

ရေဇွာမြို့ပြည်သူများမှာ တိုက်ပွဲစတင်ဖြစ်ပွားကတည်းက စစ်ဘေးရှောင်ကြသောကြောင့် အရပ်သားထိခိုက်သေဆုံးမှု မရှိသော်လည်း မြို့ထဲက နေအိမ်နှင့် အဆောက်အအုံအများအပြားမှာ ထိခိုက်ပျက်စီးသွားသည်။

“ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုနဲ့ ကျနော်တို့ အားလုံးတော်လှန်ရေးအင်အားစုတွေ စည်းလုံးမှုနဲ့ အရ သိမ်းနိုင်ခဲ့ တယ်ဆိုတော့ ကျနော်တို့ ဒေသခံဖြစ်တဲ့ CDF Zotung အနေနဲ့ အားလုံးကို ကျေးဇူးတင်တယ်။ ချင်းပြည်နယ်မှာ ရှိတဲ့ ကျန်တဲ့မြို့တွေကိုလည်း ဆက်လက်သိမ်းပိုက်ဖို့တော့ ဆက်လက်တိုက်ပွဲဝင်သွားမယ် ဆိုတာလည်း ပြောချင်ပါတယ်” ဟု CDF – Zotung က ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒယ်နီက ပြောသည်။

ရေဇွာမြို့သည် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်များက တတိယမြောက်မြို့အဖြစ် သိမ်းပိုက် ထိန်းချုပ်လိုက် သော မြို့ဖြစ်သည်။ 

အိန္ဒိယ- မြန်မာနယ်စပ်တွင် ရှိနေသည့် စစ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေများတွင် မဟာဗျူဟာကျသော  ရိခေါဒါရ် မြို့နှင့် လိုင်လင်းပီမြို့တို့ကိုလည်း ချင်းပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီး CNF/CNA နှင့် ပူးတွဲ၍ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ ဖော်ဆောင်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.