• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကင်းတလင်းရွာသားများကို ရက္ခိုင့်တပ်မတော်က ပြန်လွှတ်ပေးဟုဆို

ကင်းတလင်းရွာသားများကို ရက္ခိုင့်တပ်မတော်က ပြန်လွှတ်ပေးဟုဆို

0
By Editor on August 1, 2019 Headline

ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့မှ ဘင်္ဂလားဒေရှ်နယ်စပ်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကင်းတလင်းရွာသားများကို ဇူလိုင်လ (၃၁) ရက်နေ့က ပြန်လွှတ်တော်ပေးလိုက်သည်ဟု အေအေတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

အေအေတပ်ဖွဲ့အနေနှင့် ကင်းတလင်းရွာသားများကို လုံခြုံစိတ်ချရသည့်နေရာတစ်ခုတွင် နေရာချပေးကာ ညီရင်းအကိုဆွေမျိုးစိတ်ဓာတ်ဖြင့် (၅) ကျော်ကြာ ဖေးမကူညီထောက်ပံ့ခဲ့ကြောင်း၊ ယခုအခါ မိုးတွင်းကာလတွင် ၎င်းတို့နေထိုင်ရေး အခက်အခဲရှိ၍ နဂိုမူလကျေးရွာသို့ပြန်လည်နေထိုင်လိုကြောင်းတင်ပြတောင်းဆိုလာသည့်အတွက် ဇူလိုင်လ (၃၁) ရက်နေ့ နံနက်ပိုင်း (၉) နာရီက အုန်းသီးဝကျေးရွာရှိ ရပ်မိရပ်ဖများထံ ကောင်းမွန်စွာအပ်နှံခဲ့သည်ဟု အေအေတပ်ဖွဲ့၏ ထုတ်ပြန်ချ က်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဖုန်းဖြင့်ဆက်သွယ်သော်လည်း စက်ပိတ်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကင်းတလင်းရွာသား ၅၂ ဦးကို ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်သို့ အေအေ တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် ရွာသား ၁၂ ဦးတို့သည် ဇွန်လ ၂၆ ရက်နေ့က အေအေ တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြပြီး အေအေတပ်စခန်း၌ ကင်းတလင်းရွာသား ၃၉ ဦးကျန်ရှိနေသေးသည်။ တစ်ဦးမှာ အေအေတပ်စခန်းတွင် သေဆုံးခဲ့သည်။

အဆိုပါထွက်ပြေးလွတ်မြောက်လာသူ များ၏ ပြောဆိုချက်အရ ၎င်းတို့ကို အေအေတပ်ဖွဲ့က နယ်စပ်ဘက်သို့ အတင်းအဓမ္မဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

သို့သော်လည်း ယင်းကိစ္စကိုမူ အေအေတပ်ဖွဲ့က ငြင်းဆိုထားပြီး မြန်မာ့တပ်မတော်နှင့် ဖြစ်ပွားသည့်တိုက်ပွဲအကြား ပိတ်မိနေသည့်အတွက် နယ်စပ်ဘက်သို့ကယ်ထုတ်ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

ပလက်ဝ စစ်ဘေးရှောင်ပြည်သူများ အများစုနေထိုင်ကြသည့် မီးဇာကျေးရွာမှ ဒေသခံတစ်ဦးက ကင်းတလင်းရွာသားများကို အေအေတပ်ဖွဲ့မှ အုန်းသီးဝကျေးရွာသို့ ပြန်လည်ပို့ဆောင်သည့်သတင်းကို ကြားသိရကြောင်း၊ လူဦးရေ မည်မျှ ပြန်လည်အပ်နှံသည်ကိုမူ မသိရသေးကြောင်း ခိုနူမ်းသုန်ကိုပြောသည်။

“အုန်းသီးဝကျေးရွာက မီးဇာကနေ တစ်ရက်ခရီးလောက်ရှိတယ်၊ အဲဒီမှာ သူတို့ (ကင်းတလင်းရွာသား) ကို အေအေ မနေ့က ပြန်ပို့တယ်ဆိုတာ ကျနော်တို့ကြားပါတယ်၊ ဒါပေမယ့် လူဦးရေဘယ်လောက်ပြန်ပို့သလဲဆိုတာတော့ မသိရသေးဘူး၊ လုံခြုံရေးအခြေအနေကြောင့် သွားမခေါ်ရဲကြသေးဘူး’’ ဟု မီးဇာ ဒေသခံကပြောသည်။

ကင်းတလင်းရွာသားများအား ပြန်လည်အပ်နှံပြီးသည့်ချိန်မှစ၍ အေအေတပ်ဖွဲ့၏ ကူညီစောင့်ရှောက်မှုအောက်တွင် မရှိတော့ကြောင်း ၎င်းတို့၏ဆွေမျိုးများနှင့် နိုင်ငံတကာမိသားစုများကို လေးစားစွာအသိပေးအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ရခိုင်ဒေသတိုက်ပွဲများအတွင်း မိမိတို့ထိန်းသိမ်းထားသောသူများထဲမှ စစ်ဖက်ရေးရာနှင့် မသက်ဆိုင်သောသူများကိုလည်း သင့်တော်ပြီး လုံခြုံစိတ်ချရသောအခြေအနေ၊ အန္တရာယ်ကင်းသော အခြေအနေတစ်ခုအောက်တွင် အမြန်ဆုံး ပြန်လည်လွှတ်ပေးသွားမည်ဟု အေအေတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ Field Director Salai Terah ကတော့ ကြိုဆိုကြောင်း နောက်နောင်တွင် ထိုကဲ့သို့ဖြစ်ရပ်မျိုး မပြုလုပ်ရန်အရေးကြီးသည်ဟု ပြောဆိုပါသည်။

“AA အဖွဲ့က ကင်းတလင်းရွာသားတွေ ပြန်လွတ်ပေးတဲ့အပေါ်မှာ ကြိုဆိုတယ်၊ ကျေးဇူးလည်းတင်မိတယ်၊ နောက်နောင် ဒီလိုပြသာနာမျိုးပြန်မဖြစ်ဖို့ကိုလည်း မျော်လင့်နေတယ်’’ ဟု Salai Terah ကပြောသည်။ (ပုံစာ- မီးဇာကျေးရွာရှိ ကင်းတလင်းစစ်ဘေးရှောင်များနေထိုင်ရာ တဲအိမ်များ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.