ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ၏ဦးဆောင်မှုဖြင့် ယနေ့သြဂုတ်လ ၃၁ ရက်နေ့တွင် သင်္ချိူင်း သန့်ရှင်းရေးလုပ်ရန်သွားကြသော ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ကအကြောင်းမဲ့ပစ်ခတ်ခဲ့ရာတွင် ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကန်ပက်လက်မြို့ အ.ထ.က ကျောင်းဝန်းအတွင်း စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သင်္ချိူင်းသန့်ရှင်းရေးလုပ်ရန်သွားကြသော ပြည်သူများထဲမှ တစ်ဦး၏ ညာဘက်ရင်အုံတွင် ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်တော့မစိုးရိမ်ရကြောင်း CDF-Kanpetlet ကထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ပစ်မှတ်ထား ပစ်ခတ်မှုများဆက်လက်လုပ် ဆောင်နေပါက ပြင်းထန်စွာတုံ့ပြန်အရေးယူသွားမည်ဟု CDF-Kanpetlet က ထုတ်ပြန်ထားသည်။