ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိသော်လည်း ဒေသခံပြည်သူများအများစုသည် နေရပ်သို့မပြန်ရဲကြသေးဘဲ စစ်ဘေးတိမ်းရှောင်သူ ၂၀၀၀ ကျော်ရှိနေသေးကြောင်းသိရသည်။
“ ကျွန်တော်တို့ ကန်ပက်လက်မှာ ကြက်ခြေနီက စစ်ရှောင်စခန်း တရားဝင်အနေနဲ့ စစ်ရှောင်စခန်းတစ်ခု ဖွင့်ထားတယ်၊ ဆောလာင်းကျေးရွာမှာ၊ အညာကတင်း စစ်ရှောင်စခန်းမှာလည်း လူဦးရေ ၄၀၀ ဝန်းကျင်ခန့်ရှိမယ်၊ တီးကုန်ရွာတို့ လောင်းရှည်တို့မှာလည်းရှိ တယ်လို့ကြားတယ်၊အကုန်လုံးခြုံငုံလို့ပြောရင် ၁၄၀၀ လောက်ကိုရှိမယ်၊ ဒါက မြို့ပေါ်ကတွေမပါသေးပဲနဲ့၊ နောက်ပြီး တောထဲပုန်းရှောင်တာတို့၊ အဆင်မပြေတဲ့စစ်ရှောင်တို့၊ ရွာတွေမှာသွားနေတာတွေ သိပ်မပါသေးပဲနဲ့ စစ်ရှောင်စုစုပေါင်းပေါ့နော်” ဟု ကန်ပလက်မြို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။
မိုးတွင်းကာလရောက်လာရောက်ရှိလာသောကြောင့် တောထဲသို့ပုန်းရှောင်နေကြရသည့် ကန်ပက်လက်စစ်ဘေး ရှောင်ပြည်သူများသည် အမိုးကာများမရှိသည့်အတွက် ဌက်ပျောရွက်၊ သစ်ရွက်များကို အသုံး ပြုကြရကာ အစား အသောက်၊ ဆေးဝါး များအကူအညီလိုအပ်မှုတွေကြုံတွေ့နေရသည်ဟု သိရသည်။
ကန်ပလက်မြို့၊ ကြက်ခြေနီက စစ်ဘေးရှောင်စခန်း (၁) ခုကို ဖွင့်လှစ်ပေးထားကာ မြို့ပေါ်နေပြည်သူ တချို့မှာ မိမိတို့ ဇာတိရွာအပြင် ဆောမြို့တို့တွင် အိမ်ဌားကာ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။
ကန်ပလက်မြို့၊ ကြက်ခြေနီအဖွဲ့ ဇွန်လ ၃ ရက်ကစတင်ပြီး ကန်ပလက်မြို့ပေါ်နှင့် တောထဲရှိ တိုက်ပွဲရှောင်ပြည်သူများ အတွက် လိုအပ်သော ဆေးဝါး၊ အစားအသောက်၊ အဝတ်အထည် နှင့် မိုးကာများကိုလည်း ပံ့ပိုးကူညီပေးနေကြောင်းလည်း သိရသည်။ H2