Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့် ရိက္ခာများလိုအပ်

ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့် ရိက္ခာများလိုအပ်

0
By Editor on November 20, 2022 Headline

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အကြားတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်ပြည်သူများ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ လိုအပ် ေနကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်အတွင်းက ဒေသခံပြည်သူ ၅ ထောင်ကျော်ခန့်သည် မကွေးတိုင်း ဆောမြို့နှင့် နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် ထွက်ပြေးခိုလာကြသည်မှာ တစ်ရွာခွဲကျော်လာပြီဖြစ်ကာ ဆေးရွားနှင့် အခြေခံစားသောက်ကုန်များ လိုအပ်နေကြသည်ဟု ကန်ပက်လက်မြို့နယ်က စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေက ၂ နှစ်ဝန်းကျင်ရှိပြီဆိုတော့ အဓိကတော့ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်တယ်၊ ဆန်၊ဆီ၊ဆား၊ နောက်ပြီး ကလေးတွေက တောထဲမှာ စာသင်ကြတော့ စာအုပ်၊ခဲတံတွေလိုအပ်ပါတယ်။ တချို့အဖွဲ့စည်းက ထောက်ပံ့ပေမယ့် အချိတ်အဆက်က သိပ်နည်းနေသေးတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် စစ်ရေးအခြေအနေတင်းမာပြီး တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင်ပြည်သူများသည် နေရပ်မပြန်ရဲကြသေးပဲ စစ်ဘေးရှောင်စခန်းများတွင် ရေရှည်နေရဦးမည့်အခြေအနေမှာရှိနေပြီး အလှူရှင်များလည်း ယခင်နှစ်များထက် တဖြည်းဖြည်းနည်းပါးလာနေသည့်အတွက် အခက်ကြုံနေကြရခြင်းဖြစ်သည်။

ထို့အပြင် ဆောင်းရာသီရောက်လာပြီဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ အနွေးထည်၊ စောင်များလည်း လိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“တော်တော်အေးပြီး အနွေထည်ကတော့ မရှိဘူး တခုနဲ့တခုတော့တူမယ်မထင်ဘူး ကျွန်တော်တို့ကတော့ အနွေး ထည်တော့မရကြသေးဘူး၊ တချို့Camp တွေက ရတဲ့သူတွေလည်းရှိရင်ရှိမယ်။ ကူညီပေးတာတော့ရှိတယ် မလောက်နိုင်ဘူးပေါ့” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်းနေရသည့် စစ်ရှောင်ပြည်သူများသည် ထန်းကုန်း၊ အောက်လှယ်၊ အညာကတင်း၊ ဘီးကုန်း စစ်ဘေးရှောင်စခန်းနှင့် ဆောမြို့တို့တွင် နေထိုင်နေကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.