ကလေးမြို့ အနောက်ဘက် တာဟန်းရပ်ကွက် ဝယ်စလီဆေးရုံလမ်းကြားတွင် ယနေ့ ဇူလိုင် ၁၅ ရက် နေ့လည် ၁၂ နာရီကျော်ကျော်ခန့်ကစပြီး ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု သိရသည်။
ဝယ်စလီဆေးရုံလမ်းကြားသည် စစ်ကောင်စီတပ်ဖွဲ့များ ကင်းစောင့်စခန်းချသည့်နေရာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများထံမှ သိရသည်။
ယခုလက်ရှိတွင် တာဟန်းရပ်ကွက်နေ ပြည်သူများသည် အိမ်တခါးများပိတ်ထားကာ အိမ်ထဲတွင် ပုန်းအောင်းနေကြရသည်ဟု သိရသည်။
ယမန်နေ့ညကလည်း တာဟန်းရပ်ကွက်တွင် တစ်နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားကာ လက်နက်ကြီးအနည်းဆုံး ၅ ကြိမ်ခန့် ကျရောက်ပေါက်ကွဲပြီး နေအိမ်တချိူ့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။