ကလေးမြို့တွင် သေနတ်သံကြောင့် မီးဖွားခါစအမျိူးသမီးတစ်ဦး သွေးလန့်သေဆုံး

0

ကလေးမြို့ မင်္ဂလာဥယျဉ်ရပ်ကွက်တွင်နေထိုင်သည့် မီးဖွားခါစ အသက် (၄၁) အရွယ် ဒေါ်ဇာခြည်ဦးသည် ယမန်နေ့ညက သေနတ်သံ ပေါက်ကွဲသံများကြောင့် သွေးလန့်ပြီး သေဆုံးသွားသည်ဟုသိရသည်။

မေလ ၁၀ ရက်နေ့ညပိုင်းက ကလေးမြို့တွင် သေနတ်သံနှင့် ပေါက်ကွဲသံများကြားခဲ့ကြရပြီး ယင်းပေါက်ကွဲသံများကြောင့် ဒေါ်ဇာခြည်ဦးမှာ သွေးလန့်သေဆုံးခဲ့ခြင်းဖြစ်သည်။

ဒေါ်ဇာခြည်ဦးတွင် ၁ လနှင့် ၈ ရက်သားအရွယ် ကလေးတစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ညပိုင်းတွင် သေနတ်သံ၊ ပေါက်ကွဲသံများ မကြာခဏထွက်ပေါ်လျှက်ရှိပြီး သက်ကြီးရွယ်အိုနှင့် နှလုံးရောဂါအခံရှိသူများအတွက် မိသားစုဝင်များက စိုးရိမ်လျက်ရှိကြကာ ကျေးရွာဘက်သို့လည်း ပို့ဆောင်ထားကြသည်ဟုလည်း သိရသည်။

Share.

About Author

Leave A Reply