ကလေးမြို့ ဆိပ်ကမ်းသာတံတားနီးတွင် အသက် (၁၈) နှစ်အောက် လူငယ် (၃) ဦးနှင့် ဦးလေးဖြစ်သူကို ယနေ့မနက် (၈) နာရီဝန်းကျင်က စစ်ကောင်စီက နေအိမ်တွင် ၀င်ရောက်ဖမ်းဆီးခဲ့သည်ဟု ကလေးမြို့ဒေသခံတစ်ဦးမှ သိရသည်။
“လေးယောက်လာဖမ်းတုန်းက ကလေးတွေက အိပ်နေသေးတယ် (၃) ဦးက အသက်မပြည့်သေးဘူး ကလေးတွေက တစ်ယောက်ကပဲ (၂၀) ကျော်ရှိတယ် ကျန်တဲ့ကလေးတွေက အသက်မပြည့်သေးဘူး ဟိုတလောက (၂၀) ရက်နေ့ ဖမ်းထားတဲ့ လူငယ် (၃) ဦးလေ ကလေးဝလမ်းမပေါ်ထားတဲ့သူတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ကြားတယ် ဘာကြောင့်ဖမ်းထားတာလဲတော့ အတိအကျမသိသေးဘူး” ဟု ကလေးမြို့ဒေသခံတစ်ဦးကပြောသည်။
ယနေ့မနက် ဖမ်းဆီးခံရသည့်သူများမှာ Thang Biak lien အသက် (၁၇) နှစ်၊ Mang kim khuol အသက် (၁၆) နှစ်၊ Thang Gin Hang အသက် (၁၄) နှစ်နှင့် ဦးလေးဖြစ်သူ Suan Lam khai အသက် (၂၇) နှစ်တို့ဖြစ်ကြသည်။
ဇွန်လ (၂၀) ရက် နံနက်ပိုင်း ၁ နာရီဝန်းကျင်ခန့်က အဖမ်းခံရသည့် မောင်ကျော်မင်းခန့်မောင်သည်လည်း ယနေ့ချိန်ထိ မိဘများမှ သူနှင့်ပတ်သက်သည့် သတင်းတစ်စုံတရာမျှ မကြားသိရဘဲ အလွန်စိုးရိမ်နေပြီဖြစ်ကြောင်း မိဘဖြစ်သူများက ပြောသည်။
“အခုချိန်ထိ သူနဲ့ပတ်သက်လို့ ကျနော်တို့ ဘာမှမကြားရဘူး သူ့ကို ဘယ်မှာရှိမှန်းလည်းမသိဘူး ကျန်းမာရေးကအစ ဘာတစ်ခုမှမသိရဘူး ရဲတွေဘက်ကလည်း ဘာမှအကြောင်းမကြားထားသေးဘူး ကျနော်တို့ ထမင်းတွေဘာတွေပို့ဖို့ တောင်းဆိုပေမဲ့လည်း သူတို့က ခွင့်မပြုဘူး” ဟု မောင်ကျော်မင်းခန့်မောင်၏ ဖခင်ကပြောသည်။ L