Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ဘက်သို့ ကုန်ပစ္စည်းအဝင် ယာယီပိတ်

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးကတဆင့် မီဇိုရမ်ဘက်သို့ ကုန်ပစ္စည်းအဝင် ယာယီပိတ်

0
By Editor on July 25, 2024 Headline

(005MK)

အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထာရ်ကတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ယနေ့ဇူလိုင် ၂၅ ရက်ကစ၍ ကုန်ပစ္စည်းတင်သွင်းခွင့် ယာယီပိတ်ထားသည်ဟု သိရသည်။

ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် ကွမ်းသီးခြောက်များ တရားမဝင်တင်သွင်းနေသည့်ကိစ္စနှင့် ပတ်သက်၍ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (Central Bureau Investigation – CBI) အဖွဲ့ ဇိုခေါထာရ်ကျေးရွာသို့ ယနေ့ ရောက်ရှိလာမည့်အတွက် ကုန်ပစ္စည်းအဝင်အားလုံးကို အကောက်ခွန်ဌာနက ပိတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့မနက်ပိုင်းကစ၍ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများသည် ဟိုဘက်ဒီဘက်အဝင်/အထွက်နှင့် တနိုင်တပိုင် စားသောက် ကုန်များသယ်ယူခွင့်ရသော်လည်း စီးပွားဖြစ်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်၍မရကြောင်း သိရသည်။

ယခုကဲ့သို့ ကုန် ပစ္စည်းများ ယာယီပိတ်ပင်မှုသည် မည်သည့်အချိန်ထိကြာမြင့်မည်ကို ပြောဆိုမရသေးကြောင်း ဒေသတွင်းသတင်းမှာ ဖော်ပြထားသည်။

ရိ-ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် မြန်မာဘက်က ကွမ်းသီးခြောက်များ မီဇိုရမ်ပြည်နယ်ကို ဖြတ်၍ အိန္ဒိယပြည်မဘက်သို့ အလုံးအရင်းဖြင့်တရားမဝင်တင်သွင်းမှုရှိနေသည်ဟုတိုင်းကြာချက်အပေါ် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုအဖွဲ့က လာရောက်စုံစမ်းခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာဘက်က ကွမ်းသီးခြောက်များကို အကောက်ခွန်ဌာနတွင် အခွန်ဆောင်ကာ တရားဝင်လမ်းကြောင်းဖြင့် သယ်ယူခွင့်ရှိသော်လည်း ကွမ်းသီးကုန်သည်အများစုမှာ အခွန်အခနှုန်းထား မြင့်တက်သည့်အတွက် မှောင်ခိုလမ်းကြောင်းဖြင့် သယ်ယူလေ့ရှိကြပြီး မီဇိုရမ်ရဲတပ်ဖွဲ့က နေ့စဉ်နီးပါးဖမ်းဆီးရမိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.