Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးအနီး အော်တိုတောင်ကုန်းစခန်းသိမ်းနိုင်ရေး ချင်းပူးပေါင်းတပ် ဆက်လက်ထိုးစစ်ဆင်၊ ဟားခါးဆေးရုံးကို ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ရောက်ရှိနေဟုဆို၊ ထန်တလန်မြို့ပေါ်တွင် ၄ ရက်ကြာအထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ

ဟားခါးအနီး အော်တိုတောင်ကုန်းစခန်းသိမ်းနိုင်ရေး ချင်းပူးပေါင်းတပ် ဆက်လက်ထိုးစစ်ဆင်၊ ဟားခါးဆေးရုံးကို ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး ရောက်ရှိနေဟုဆို၊ ထန်တလန်မြို့ပေါ်တွင် ၄ ရက်ကြာအထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ

0
By Editor on July 25, 2024 Headline

(006SV)

ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ထန်တလန်မြို့ကြားက အော်တိုတောင်ကုန်းစစ်စခန်း သိမ်းပိုက်နိုင်ရေး ချင်းတော်လှန်ရေးတပ်ပေါင်းစုက ၄ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“ကား ၂ စီးနဲ့ စစ်ကူလာတယ်။ ခြေလျင် လာတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဖြတ်တောက် နိုင်ခဲ့တယ်။ သူတို့ဘက်ကတော့ အထိအခိုက်တော့ တော်တော်ရှိမယ်။ ဒီနေ့အထိ ဟားခါးဆေးရုံးရောက်တာ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့က ၅၀ နီးပါး ရောက်တယ်လို့ ကြားတယ်။။ ဆေးရုံမှာပဲ ၂ ယောက်သေတယ်လို့ သိရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဇူလိုင်လ ၂၂ ရက်မှစတင်၍ ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များသည် ဟားခါး- ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်၊

ဇူလိုင် ၂၂ ရက်ကပင် လုံခါရ်တောင်ရှိ စစ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အော်တိုတောင်ကုန်းပေါ်က စစ်ကောင်စီစခန်းကို ဇူလိုက်လ ၂၂ ရက်မှ ယနေ့ ၂၅ ရက်အထိ ချင်းပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက စစ်အင်အားများ ဖြည့်တင်းနေကြောင်း သိရသည်။

စစ်ကောင်စီသည် ဟားခါးမြို့မှ လက်နက်ကြီးပစ်ကူများ ပေးနေသည့်အပြင် ယမန်နေ့ ဇူလိုင်လ ၂၄ ရက်ကလည်း ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပစ်ကူပေးခဲ့ကြောင်း၊ ချင်းပူးပေါင်းတပ်များမှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့ပေါ်တွင်လည်း ဇူလိုင်လ ၂၂ ရက်မှ ယနေ့ ၂၅ ရက်အထိ ချင်းပူးပေါင်းတပ်များက စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

“ထန်တလန်မြို့ထဲမှာက စစ်ကောင်စီက ၃ နေရာမှာ ယူထားသလို့ ကျနော်တို့လည်း နေရာတွေ ယူထားတယ်။ အဲဒီထဲမှာ ပစ်ခတ်မှုတွေ ရှိနေတာပါ။ ထန်တလန်-ဟားခါးကြားမှာ တိုက်ပွဲတွေ စဖြစ်ကတည်းက အဲဒီမှာ ဖြစ်နေတာပါ။ ဟားခါးနဲ့ ထန်တလန်ကြားမှာတော့ အဓိက ဖြစ်နေပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ထန်တလန်မြို့ အားလုံးကို မီးရှို့ဖျက်စီးပြီးနောက် မြို့၏ နေရာ ၃ ခုတွင် ဆက်လက်တပ်စွဲထားသကဲ့သို့ ချင်းပူးပေါင်းတပ်ကလည်း မြို့ပေါ်တွင် နေရာယူတပ်စွဲထားခြင်းဖြစ်ကာ လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇူလိုင်လ ၂၀ ရက်တွင် ဟားခါးမြို့မရဲစခန်းကို CDF – ဟားခါးက ဝင်ရောက်စီးနင်း၍ CDF တပ်ဖွဲ့ဝင် ၁၃ ဦးအပါအဝင် အကျဉ်းသား ၆၀ ကျော်ကို ကယ်ထုတ်ပြီးနောက် ၂ ရက်ကြာအတွင်း ထန်တလန်မြို့နှင့် ဟားခါး- ထန်တလန်ကြားက စစ်ကောင်စီစခန်းများကို ချင်းပူးပေါင်းတပ်က တပြိုက်နက် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အော်တိုတောင်ကုန်းတိုက်ပွဲနှင့် လုံခါရ်တောင်ကုန်းက တိုက်ပွဲများသည် ဟားခါးမြို့ စစ်ကောင်စီတပ်နှင့် ထန်တလန်မြို့ စစ်ကောင်စီတပ်တွေကြား ချိတ်ဆက်ထားမှုကို ဖြတ်တောက်ပစ်နိုင်ရေး ရည်ရွယ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ချင်းပူးပေါင်းတပ်များက လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်မတော် CNF/ CNA ၊ CDF – ဟားခါး၊ CDF – ထန်တလန်၊ CDF – ဇုံဖေ၊ CDF – လောက်တူ၊ CDF – Senthang၊ CDF-KKG၊ People Defence Army – PDA ၊ CDF-Hualngoram၊ CDF – Vakok စသော ချင်းပူးပေါင်းတပ်ဖွဲ့ ၁၀ ဖွဲ့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.