• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့နယ်တောင်ပိုင်း နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၃၅ ဦးသေဆုံး

ကလေးမြို့နယ်တောင်ပိုင်း နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၃၅ ဦးသေဆုံး

0
By Editor on April 14, 2022 Headline

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် ဧပြီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြားဖြစ်ပွားသည့် ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံး ၃၅ ဦးသေဆုံးခဲ့သည်ဟု ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Kalay) က ထုတ်ပြန်ထားသည်။

အဆိုပါ နှစ်ရက်အတွင်း တိုက်ပွဲတွင် PDF-Kalay, CNDF, CDF-KKG, ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ပဒေသာမိုင်းများဖြင့် အကြိမ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့များ အကျအဆုံးများခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၁၀ ရက်နေ့က ရန်ကြီးအောင်ကျေးရွာဘက်မှ စစ်ကောင်စီတပ်အင်အား ၁၅၀ နှင့် ရိက္ခာများတင်ဆောင်လာသော ကုန်တင်ကား ၂၀ စီးတို့သည် ချောင်းခွရွာနှင့် နတ်ချောင်းကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာကာ ပန်းမွန်းချောင်းတံတားအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့်အပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် ညနေပိုင်း ၆ နာရီခွဲတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။

ဧပြီလ ၁၁ ရက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးထပ်မံသေဆုံးကာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ CNDF တပ်ဖွဲ့ဝင်နှစ်ဦးတွင် တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့၊ ဖွဲ့စက်ဘက်မှ ကလေးနည်းပညာတက္ကသိုလ်ဘက်သို့ ဦးတည်ကာ စစ်ကူတက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ဇင်းကလင်းရွာနှင့် နည်းပညာတက္ကသိုလ်ကြားတွင် PDF-Kalay တပ်ဖွဲ့များက မိုင်းခွဲတိုခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး ထိမှန်သေဆုံးခဲ့သည့်အပြင် ညနေ ၃ နာရီအချိန်တွင် နတ်မြောင်းရွာမှ စည်သာရွာဘက်သို့ ခြေလျင်စစ်ကြောင်းထွက်လာစဉ် ထပ်မံမိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကြောင်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းအပြင် စစ်ကောင်စီစစ်ကြောင်းများနှင့် ယာဉ်တန်းကို စည်သာရွာနှင့်ကြားအင်ရွာအကြား၊ ချင်းဆိုင်ရွာနှင့် ဇင်းကလင်းရွာအကြား တို့တွင် မိုင်းအရေအတွက် ၄၁ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၄ ဦး ထပ်မံသေဆုံးခဲ့ကြောင့် Kalay PDF ကဆိုသည်။

ကလေးမြို့နယ်တောင်ပိုင်းတွင် လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးတင်းမာမှု အခြေအနေများကြောင့် ကလေး-ဂန့်ဂေါ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ကြပါရန် PDF-Kalay မှ သတိပေးထုတ်ပြန်ထားသည်။

ယနေ့မနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်ကလည်း ကလေးမြို့မြောက်ဘက်ဒေသ တာဟန်း-လက်ပံချောင်းလမ်း ပြည်တော်သာကျေးရွာနှင့် မိုင်နွဲကျေးရွာအနီးဘက်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ထိတွေ့မှုဖြစ်ပွားကာ စစ်ကောင်စီတပ်က လက်နက်ကြီးအကြိမ်ကြိမ် ပစ်ခတ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းတွင် ကျောင်းအပ်နှံခြင်းမပြုရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြား

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ပလက်ဝမြို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.