Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ်တောင်ပိုင်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံး ၂၀ ဦးသေဆုံး

ကလေးမြို့နယ်တောင်ပိုင်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံး ၂၀ ဦးသေဆုံး

0
By Editor on May 5, 2022 Khonumthung

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာအနီးတွင် မေလ ၂ ရက်နှင့် ၃ ရက်နေ့အထိဖြစ်ပွားသော ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၂ ရက်နေ့နံနက်ပိုင်းကစ၍ ရှားဖိုကျေးရွာဘကို အပြင်းအထန်ထိုးစစ်ဆင်လာခဲ့ရာ PDF (Kalay), CDF(KKG), RKDF, ပ.က.ဖ နှင့် Zomi PDF ပူးပေါင်းတပ်ဖွဲ့နှင့် မေလ ၃ ရက် ညနေပိုင်းအထိ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ကြသည်။

PDF-Kalay မှ ပြေားရေးဆိုခွင့်ရှိသူ ကိုဗစ်တာက “မေလ ၂ ရက်နေ့က ရှားဖိုနဲ့ အောင်မင်္ဂလာကြားမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲက တိုက်ပွဲက တော်တော်လေးပြင်း ထန်ပါတယ်။ မနေ့ကဆိုရင် စစ်ကောင်စီကနေပြီး ကလေးမြို့ကနေပြီးတော့ တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်းသုံးပြီး နှစ်ကြိမ်တိတိ လာရောက်တို်က်ခိုက်တယ် ရှားဖိုရွာဖက်ကို။ မနေ့ကထက်စာရင် ဒီနေ့ကတော့ တိုက်ပွဲအနေအထားကတော့ နည်းနည်းလေးငြိမ်တဲ့ ဟိုဖက်ဒီဖက်စောင့်ကြည့်တဲ့အနေအထားဖြစ်တယ်။” ဟု ပြောသည်။

မေလ ၃ ရက်နေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ရှားဖိုရွာသို့ ၂ ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟုသိရသည်။

အဆိုပါရှားဖိုကျေးရွာတိုက်ပွဲ နှစ်ရက်တာတွင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ CDF-KKG တပ်ဖွဲ့ဝင် ၁ ဦး လက်နက်ကြီး အပိုင်းအစ ထိမှန်ဒဏ်ရာရှိခဲ့သော်လည်း စိုးရိမ်စရာမရှိဟု သိရသည်။

ယင်းတိုက်ပွဲတွင် ပါင်းပူးတပ်ဖွဲ့မှ M1 မောင်းပြန်သေနတ် ၂ လက်၊ MA2 စက်ကလေး ၂ လက်၊ MA ကျည်အိမ် ၁ဝခု၊ ၅.၅၆ ကျည် ၁၅၀ တောင့်၊ နင်းမိုင်း ၁လုံး၊ လက်ပစ်ဗုံး ၁လုံး နှင့် ဖုန်း၂ လုံး သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖက်မှ လွှတ်တင်ထားသည့် ဗုံး ၃လုံး ပါဝင်သည့် တို်က်ခိုက်ရေး ဒရုန်း ၁စင်း ပစ်ချ နိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်သောကြောင့် ရှားဖိုကျေးရွာမှ အရပ်သားပြည်သူ အမျိုးသား ၂ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရှားဖိုကျေးရွာသည် အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အလားတူ မေလ ၁ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းကျေးရွာက ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကလွဲ၍ နေအိမ်များအားလုံးနီးပါးကို စစ်ကောင်စီတပ်ဖွဲ့က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.