• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ်တောင်ပိုင်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံး ၂၀ ဦးသေဆုံး

ကလေးမြို့နယ်တောင်ပိုင်း ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအနည်းဆုံး ၂၀ ဦးသေဆုံး

0
By Editor on May 5, 2022 Khonumthung

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာအနီးတွင် မေလ ၂ ရက်နှင့် ၃ ရက်နေ့အထိဖြစ်ပွားသော ၂ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၂ ရက်နေ့နံနက်ပိုင်းကစ၍ ရှားဖိုကျေးရွာဘကို အပြင်းအထန်ထိုးစစ်ဆင်လာခဲ့ရာ PDF (Kalay), CDF(KKG), RKDF, ပ.က.ဖ နှင့် Zomi PDF ပူးပေါင်းတပ်ဖွဲ့နှင့် မေလ ၃ ရက် ညနေပိုင်းအထိ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ကြသည်။

PDF-Kalay မှ ပြေားရေးဆိုခွင့်ရှိသူ ကိုဗစ်တာက “မေလ ၂ ရက်နေ့က ရှားဖိုနဲ့ အောင်မင်္ဂလာကြားမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲက တိုက်ပွဲက တော်တော်လေးပြင်း ထန်ပါတယ်။ မနေ့ကဆိုရင် စစ်ကောင်စီကနေပြီး ကလေးမြို့ကနေပြီးတော့ တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စင်းသုံးပြီး နှစ်ကြိမ်တိတိ လာရောက်တို်က်ခိုက်တယ် ရှားဖိုရွာဖက်ကို။ မနေ့ကထက်စာရင် ဒီနေ့ကတော့ တိုက်ပွဲအနေအထားကတော့ နည်းနည်းလေးငြိမ်တဲ့ ဟိုဖက်ဒီဖက်စောင့်ကြည့်တဲ့အနေအထားဖြစ်တယ်။” ဟု ပြောသည်။

မေလ ၃ ရက်နေ့ကဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် ရှားဖိုရွာသို့ ၂ ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟုသိရသည်။

အဆိုပါရှားဖိုကျေးရွာတိုက်ပွဲ နှစ်ရက်တာတွင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ CDF-KKG တပ်ဖွဲ့ဝင် ၁ ဦး လက်နက်ကြီး အပိုင်းအစ ထိမှန်ဒဏ်ရာရှိခဲ့သော်လည်း စိုးရိမ်စရာမရှိဟု သိရသည်။

ယင်းတိုက်ပွဲတွင် ပါင်းပူးတပ်ဖွဲ့မှ M1 မောင်းပြန်သေနတ် ၂ လက်၊ MA2 စက်ကလေး ၂ လက်၊ MA ကျည်အိမ် ၁ဝခု၊ ၅.၅၆ ကျည် ၁၅၀ တောင့်၊ နင်းမိုင်း ၁လုံး၊ လက်ပစ်ဗုံး ၁လုံး နှင့် ဖုန်း၂ လုံး သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖက်မှ လွှတ်တင်ထားသည့် ဗုံး ၃လုံး ပါဝင်သည့် တို်က်ခိုက်ရေး ဒရုန်း ၁စင်း ပစ်ချ နိုင်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်သောကြောင့် ရှားဖိုကျေးရွာမှ အရပ်သားပြည်သူ အမျိုးသား ၂ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရှားဖိုကျေးရွာသည် အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိပြီး လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

အလားတူ မေလ ၁ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းကျေးရွာက ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကလွဲ၍ နေအိမ်များအားလုံးနီးပါးကို စစ်ကောင်စီတပ်ဖွဲ့က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.