(004SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အနောက်တောင်ပိုင်းရှိ စက္ကန့်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ် ရေးပူး ပေါင်းတပ်ဖွဲ့တို့အကြားဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတက်ဖွဲ့ဖက်က ၃ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း CDF-KKG ၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့များသည် အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီခန့်တွင် ကလေးမြို့တောင်ပိုင်း မြို့လှ ရပ်ကွက်မှ စက္ကန့်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကာ ဒေသကာကွယ်ရေးပူပေါင်းတပ်ဖွဲ့များဖြစ်သည့် CDF-KKG, CNDF (TZ), CNDF (NA), Kalay-PDF ပူးပေါင်းတပ်ဖွဲ့များနှင့် ၁ နာရီခန့်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဟု CDF-KKG က အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန်သည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များသည် တောင်ဖီလာတောင်ပေါ်မှ လက်နက်ကြီးများဖြင့် တရဆပ်ပစ်ကူခဲ့ခြင်း ကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ ဒါဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
၎င်းဒါဏ်ရာရရှိသူများမှာ CDF-KKG မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရဒါဏ်ရာ) နှင့် CNDF (TZ) မှ ရဲဘော်တစ်ဦး ပြင်းထန်ဒါဏ်ရာရရခဲ့ကြောင်း သိရသည်။
“CNDF (TZ) က ရဲဘော်တစ်ဦး လက်နက်ကြီးကျည်စထိမှန်တော့ သူ့ရဲ့ မျက်လုံးတစ်ဘက် ထိခိုက်ထားတယ်၊ နောက် ပေါင်နဲ့ ဝမ်းဗိုက်မှာလဲ နဲနဲ ထိထားတယ်၊ သူ့ကို ဆေးကုသနိုင်ဖို့ ပို့လိုက်ပြီ” ဟု CDNF (TZ) နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ထို့နောက် ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်များမှ drone ဖြင့် တစ်ကြိမ် ထပ်မံပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
အလားတူ အောက်တိုဘာလ ၈ ရက်နေ့က ဂန့်ဂေါမြို့နည် မြစ်သာဆည်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်များနှင့် CDF-KKG တပ်ရင်း ၅ တို့ထိတွေ့ရှိခဲ့ပြီုး စစ်ကောင်စီတပ်ဖက်က ၂ ယောက်သေဆုံးခဲ့သည်ဟု သိရသည်။
ယခုလက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့နယ်အနောက်တောင်ပိုင်း စက္ကန့်ကျေးရွာတွင် တပ်ဆွဲထားပြီး ပြည်သူနေအိမ်များအား မီးရှုဖျက်ဆီးကာ နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့သလို လက်ရှိတွင်လည်း ဆက်လက်မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။