ကလေးမြို့၊ အနောက်တောင်ဘက် ချင်းတောင်ခြေအနီး စီးစံကျေးရွာမှ ရွာသားတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ နိူဝင်ဘာလ ၁၆ ရက်နေ့က လည်လှှီးသတ်ဖြတ်ခဲ့ပြီး ယနေ့တွင် ၎၏ ရုပ်အလောင်းကို ရွာသားများက သွားရောက်သယ်ယူခဲ့ကြသည်ဟု သိရသည်။
အသက် ၄၈ နှစ်အရွယ် ဦးဗျက်နေဆန်း၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ နိုဝင်ဘာလ ၁၆ ရက်နေ့က ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သော PDF-Kalay တပ်ရင်း (၃) လက်အောက်ခံ တပ်ခွဲစခန်းအနီးတွင် ဦးခေါင်းသေနတ်ဒဏ်ရာနှင့် လည်လှီးထားသည့်ဒဏ်ရာဖြင့် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
ဦးဗျက်နေဆန်းသည် ဝဥစိုက်ပျိုးထားသော တောင်ယာသို့ နိုဝင်ဘာလ ၁၄ ရက္က တယောက်တည်းသွားရောက်ညအိပ်ကာ မိသားစုဝင်များမှ ပြန်လာရန်ဖုန်းဆက်ပြီးနောက် အပြန်လမ်းတွင် စစ်ကောင်စီတပ်သားများက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
၎င်းတွင် သားသမီး ၄ ယောက်ရှိသည့်အပြင် လက်ရှိတွင် မိသားစုဝင်များမှာလည်း ကလေးမြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က PDF-Kalay/CNDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့တပ်ဖွဲ့အကြား တနေကုန် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် အနီးအနားကျေးရွာများက မြောင်းလှ၊ မြောင်းဆုံ၊ ဆင်တော၊ ရှားတော၊စီးစံ၊ သုံးအိမ္စု၊ မြောင်းမြ၊စက္ကန့်ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြသည်။