• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့နယ် သာစည်ကျေးရွာတွင် စစ်ကောင်စီနှင့် PDF များ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က ၂ ဦးသေဆုံးဟု ဆို

ကလေးမြို့နယ် သာစည်ကျေးရွာတွင် စစ်ကောင်စီနှင့် PDF များ တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက်က ၂ ဦးသေဆုံးဟု ဆို

0
By Editor on May 31, 2021 Khonumthung
လားနွန် – ကလေးမြို့နယ် သာစည်ကျေးရွာဖက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကလေးမြို့ PDF အဖွဲ့များ ယနေ့မေလ ၃၁ ရက် မနက် ၅ နာရီကျော်က စတင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂ ဦးသေဆုံးကြောင်းသိရသည်။
“လက်ရှိမှာတော့ အပစ်အခတ်ကတော့ ရပ်ထားတယ် မနက်ပိုင်းကနေတော့ စပစ်ကြတယ် တပ်ဖက်ကတော့ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်ဆွဲထားတယ် ပြည်သူအချို့တော့က ထွက်ပြေးကြတယ် ဒလန်တွေကလည်း နာမည်စာရင်းနဲ့ အတိအကျ တိုင်ထားတာဆိုတော့ ပြေးရတာပေါ့ မနက်စပစ်တဲ့အချိန်မှာတော့ စစ်တပ်ဖက်က သေနတ်တွေဆွဲပစ်ကြတယ် ရွာထဲမှာလည်း အဲလိုဖြစ်နေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိအချိန်မှာတော့ ရွာထဲတွင် အာဏာသိမ်းစစ်ကောင်စီမှ ဆက်လက်နေရာယူထားပြီး အိမ်ထဲဝင်ဆွဲခံရသူ ပြည်သူ ၆ ဦးလောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သာစည်ပစ်ခတ်မှုကြောင့် ကလေးမြို့ထဲတွင်လည်း အာဏာသိမ်းစစ်ကောင်စီမှ လုံခြုံရေးထပ်မံဖြည့်ထားပြီး ဗိုလ်ချုပ်လမ်းမပေါ်တွင် အသွားအလာနည်းကာ အနည်းငယ်တိတ်ဆိတ်နေရကြောင်း သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.