ကလေးမြို့ တော်ဖီလာရပ်ကွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်းအနီးတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် PDF (Kalay) တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့နံနက်ပိုင်းက တာဟန်းရပ်ကွက်ဘက်မှ တောင်သာဘက်သို့ တောင်ဖီလာလမ်းမကြီးအတိုင်း မော်တော်ဆိုင်ကယ် ၃ စီးဖြင့် မောင်းနှင်လာသော စစ်ကောင်စီတပ်သား ၆ ဦးသည် အိမ်တွင်းမှုသင်တန်းကျောင်းအနီးသို့ ရောက်ရှိလာစဉ် အသင့်စောင့်ဆိုင်းနေရာယူထားသော PDF (Kalay) တပ်များက ၃ မိနစ်ခန့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းပစ်ခတ်မှုတွင် စစ်ကောင်းစီဘက်က ၁ ဦးပွဲချင်းသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ၎င်းတို့တပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု PDF(Kalay) က ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်ကြောင့် စစ်ကောင်စီတပ်သားများသည် သေနတ်ရမ်းသမ်းပစ်ခတ်ကာ အနီးပတ်ဝန်းကျင်မှ ပြည်သူ ၁ ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။