Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-ဂန်ဂေါ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် PDF-Kalay ထုတ်ပြန်

ကလေး-ဂန်ဂေါ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် PDF-Kalay ထုတ်ပြန်

0
By Editor on July 21, 2023 Khonumthung

(04SS)

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် မကွေးတိုင်း ဂန်ဂေါမြို့သို့သွားရာ အဓိက လမ်းမကြီးအား စစ်ရေးအခြေအနေကြောင့် အများပြည်သူ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် ယမန်နေ့ ဇူလိုင် ၁၈ ရက်က ပြည်သူ့ကာကွယ်ရေးတပ် PDF-Kalay က သတိပေးချက် ထုတ်ပြန်သည်။

ယခုလက်ရှိ ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ထိတွေ့ တိုက်ပွဲမရှိသော်လည်း စစ်ရေးတင်းမာနေခြင်းကြောင့် ပြည်သူများအား မလိုလားအပ်သည့် အန္တရယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု PDF-Kalay မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ကလေး-ဂန်ဂေါ လမ်းမကြီးအား အသုံးမပြုရန် သတိပေးချက်အား မလိုက်နာဘဲ ဖြတ်သန်းသွားလာခြင်းကြောင့် လုံခြုံရေးအန္တရယ် တစ်စုံတစ်ရာ ဖြစ်ပွါးပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တာဝန်ယူခံပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိသည်။

ယခုကဲ့သို့ ဒေသကာကွယ်ရေးတပ်ဖွဲ့မှ အများပြည်သူလုံခြုံစေရန် ထုတ်ပြန်သည့် သတိပေးချက်များအား ကလေးမြို့နယ်အတွင်းရှိ ပြည်သူ ၁၀၀ တွင် ၈၀ ရာခိုင်နှုန်းက လိုက်နာဆောင်ရွက်မှု ရှိနေသည်ဟုလည်း PDF-Kalay ထံမှ သိရသည်။

ကလေး-ဂန်ဂေါ လမ်းပိုင်းအား ပြန်လည်အသုံးပြုနိုင်သည့် အခြေအနေရောက်ရှိပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြန်လည်အကြောင်းကြား ထုတ်ပြန်မည်ဟုလည်း သိရသည်။

ထို့အပြင် ယခုလက်ရှိ ကလေးမြို့နယ်အတွင်း ကလေး- တမူးလမ်း၊ ကလေး- သိုင်ငဲင်းလမ်းမကြီးများအား စစ်ရေးအခြေအနေအရပ်ရပ်ကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.