• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကိုဗစ္ ေရာဂါကူးစက္ခံရသူ ထပ္မံေတြ႕ရွိမႈမရွိပါက စမ္းၿမိဳ႕ရက္ကြက္အား Stay at Home မွ ပယ္ဖ်က္သြားမည္

ကိုဗစ္ ေရာဂါကူးစက္ခံရသူ ထပ္မံေတြ႕ရွိမႈမရွိပါက စမ္းၿမိဳ႕ရက္ကြက္အား Stay at Home မွ ပယ္ဖ်က္သြားမည္

0
By Editor on October 10, 2020 Khonumthung

#Unicode

By Benezer – ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ များပြားလာမှုကြောင့် Stay at Home အဖြစ်သတ်မှတ်ထားသည့် ကလေးမြို့ စမ်းမြို့ရက်ကွက်အား ရောဂါပိုး ကူးစက်ခံရသူ ထပ်မံတွေ့ရှိမှုမရှိပါက Stay at Home ဒေသမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်းသိရသည်။

“စမ်းမြို့ကို Stay at Home အဖြစ် ၁၄ရက်သတ်မှတ်ထားတာပေါ့၊ ဒီနေ့က ၁၁ရက်ရှိသွားပြီဆိုတော့ မနက်က လုပ်တဲ့အစည်းအဝေးမှာ စမ်းမြို့ရက်ကွက်ကို ဒီရက်ပိုင်းအတွင်း ပိုးထပ်တွေ့တာမရှိရင် Stay at Home ကနေ ပြန်ဖျက်ပေးဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့၊ မနေ့က တစ်ယောက်ထပ်တွေ့ပေမယ့် သူက စမ်းမြို့ရပ်ကွက်ကမဟုတ်ဘူး ရန်ကုန်ကနေလာတဲ့ ကားသမားပေါ့” ဟု ကလေးခရိုင်ပြန်ဆက်ရုံးမှ ဉီးစီးမှူး ဉီးညီဇော်ကပြောသည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ရန်ကုန်မြို့မှ ပြန်လာသည့်အမျိုးသမီးငယ်တစ်ဉီးထံမှ တစ်ဆင့် စမ်းမြို့ရပ်ကွက်တွင် အယောက် ၂၀ ကျော် ပိုးတွေ့လူနာတွေ့ရှိခဲ့မှုကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ကစ၍ စမ်းမြို့ရပ်ကွက်တစ်ခုလုံးကို Stay at Home အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၈ရက်နေ့က ကလေးမြို့နယ်မှ ပြန်လည်ထွက်ခွာမည့် အရေးကြီးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅၅) ဦး ပြည်သူ့ကျန်းမာရေဦးစီးဌာနမှ ကိုဗစ် – ၁၉ ရောဂါပိုးရှိ မရှိ Test kit ဖြင့် စစ်ဆေးရာမှ High Class ဂိတ်မှ ယာဉ်နောက်လိုက်တစ်ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး Close Contact ၁၃ ဉီးအား ကွာရင်တင်းဝင်ခိုင်း ထားကြောင်းသိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာ (၂၈) ဦးထိရှိခဲ့ပြီး (၁၁ ) ဦးမှာ ဆေးရုံမှ ဆင်းသွားပြီးဖြစ်၍ ယခုလက်ရှိတွင် (၁၇) ဦးမှာ ကုသမှုခံယူလျှက်ရှိသည်။

#Zawgyi

By Benezer – ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူ မ်ားျပားလာမႈေၾကာင့္ Stay at Home အျဖစ္သတ္မွတ္ထားသည့္ ကေလးၿမိဳ႕ စမ္းၿမိဳ႕ရက္ကြက္အား ေရာဂါပိုး ကူးစက္ခံရသူ ထပ္မံေတြ႕ရွိမႈမရွိပါက Stay at Home ေဒသမွ ပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္းသိရသည္။

“စမ္းၿမိဳ႕ကို Stay at Home အျဖစ္ ၁၄ရက္သတ္မွတ္ထားတာေပါ့၊ ဒီေန႔က ၁၁ရက္ရွိသြားၿပီဆိုေတာ့ မနက္က လုပ္တဲ့အစည္းအေဝးမွာ စမ္းၿမိဳ႕ရက္ကြက္ကို ဒီရက္ပိုင္းအတြင္း ပိုးထပ္ေတြ႕တာမရွိရင္ Stay at Home ကေန ျပန္ဖ်က္ေပးဖို႔ ဆုံးျဖတ္လိုက္တယ္ေပါ့၊ မေန႔က တစ္ေယာက္ထပ္ေတြ႕ေပမယ့္ သူက စမ္းၿမိဳ႕ရပ္ကြက္ကမဟုတ္ဘူး ရန္ကုန္ကေနလာတဲ့ ကားသမားေပါ့” ဟု ကေလးခရိုင္ျပန္ဆက္႐ုံးမွ ဉီးစီးမႉး ဉီးညီေဇာ္ကေျပာသည္။

ကိုဗစ္-၁၉ ဒုတိယလွိုင္းကာလတြင္ ရန္ကုန္ၿမိဳ႕မွ ျပန္လာသည့္အမ်ိဳးသမီးငယ္တစ္ဉီးထံမွ တစ္ဆင့္ စမ္းၿမိဳ႕ရပ္ကြက္တြင္ အေယာက္ ၂၀ ေက်ာ္ ပိုးေတြ႕လူနာေတြ႕ရွိခဲ့မႈေၾကာင့္ စက္တင္ဘာလ ၂၉ ရက္ေန႔ကစ၍ စမ္းၿမိဳ႕ရပ္ကြက္တစ္ခုလံုးကို Stay at Home အျဖစ္ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။ေ

အာက္တိုဘာ ၈ရက္ေန႔က ကေလးၿမိဳ႕နယ္မွ ျပန္လည္ထြက္ခြာမည့္ အေရးႀကီးကုန္စည္ပို႔ေဆာင္ေရး ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္ (၅၅) ဦး ျပည္သူ႔က်န္းမာေရဦးစီးဌာနမွ ကိုဗစ္ – ၁၉ ေရာဂါပိုးရွိ မရွိ Test kit ျဖင့္ စစ္ေဆးရာမွ High Class ဂိတ္မွ ယာဥ္ေနာက္လိုက္တစ္ဦး ထံတြင္ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး Close Contact ၁၃ ဉီးအား ကြာရင္တင္းဝင္ခိုင္း ထားေၾကာင္းသိရသည္။

ကေလးၿမိဳ႕တြင္ ကိုဗစ္-၁၉ ဒုတိယလွိုင္းကာလအတြင္း ပိုးေတြ႕လူနာ (၂၈) ဦးထိရွိခဲ့ၿပီး (၁၁ ) ဦးမွာ ေဆး႐ုံမွ ဆင္းသြားၿပီးျဖစ္၍ ယခုလက္ရွိတြင္ (၁၇) ဦးမွာ ကုသမႈခံယူလၽွက္ရွိသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.