• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကိုဗစ္-၁၉ ကာလ ေရြးေကာက္ပြဲမဲဆြယ္စည္းရံုးေရး ဘယ္လိုအခက္အခဲ စိန္ေခၚမႈရွိေနလဲ

ကိုဗစ္-၁၉ ကာလ ေရြးေကာက္ပြဲမဲဆြယ္စည္းရံုးေရး ဘယ္လိုအခက္အခဲ စိန္ေခၚမႈရွိေနလဲ

0
By Editor on September 24, 2020 Headline

#Unicode

၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ပြီးခဲ့တဲ့စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကနေခွင့်ပြုလိုက်ပြီနောက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည််းရုံးရေးလုန်ငန်းတွေ အပူတပြင်းလုပ်ဆောင်ကြနေပါပြီ။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ တကျော့ပြန်ဖြစ်ပွားမှုအရှိန်အဟုန်မြင့်တက်လာတဲ့ဂယက်ကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတိုင်း မဲဆွယ်စည်းရုံးလုပ်ဆောင်ရမယ်လို့ ထုတ်ပြန်ထားတာကြောင့် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံရေးလုပ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံ တွေ့နေကြပါသလဲ။ ကိုဗစ်ကာလနဲ့ အပြိုင်ကျင်းပပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုအမြင်သဘော ထားရှိကြပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကို ယ်စားလှယ်လောင်းတစ်ချိူ့၏ သဘောထား အမြင်တွေကို စုစည်းတင်ပြလိုက်ရပါတယ်။

ဒေါက်တာမှုထန် (ဥက္ကဌ) – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချင်းပြည်နယ်

“ ကိုဗစ်ရှိတော့ ကျနော်တို့ လူ (၅၀) ထက်မနေရ တစ်ယောက်ကို ခြောက်ပေအကွာတို့ မတ်စ်တပ်တဲ့ကိစ္စတွေ ကျနော်တို့ သွားတဲ့နေရာတိုင်းမှာလည်း မတ်စ်လည်းပေးရတယ် ထိုင်ခုံကစ စီစဉ်ရတယ် လူက ရာကျော်လာချင်ကြတယ် လာခွင့်ရတာ (၅၀) ပဲ (၆) ပေအကွာနေရမယ်ဆိုတော့ အိမ်ထဲမှာလည်း ဘယ်လိုမှမဆံ့ဘူး၊ တကယ်လို့ နွေရာသီမှာဖြစ်ရင် လဟာပြင်မှာလုပ်လို့ရမယ် အခုကကျနော်တို့တော်တော်လေးကို ဒုက္ခဖြစ်တယ် မိုးရွာတာနဲ့ဆိုတော့ တခါတလေကားသွား လို့မရဘူး ဆိုင်ကယ်လည်းသိပ်အဆင်မပြေဘူး၊ တော်တော်လေးဒုက္ခရောက်တာ၊ ကျနော်ကတော့ ဘာလဲဆိုရင်တော့ အာဏာလွှဲတာလည်း အရင်တုန်းကတော့ ဧပြီလမှာလွှဲတာကို အခုကလည်း ဗိုင်းရစ်လည်းဖြစ်တော့ အပြောင်းအလဲလုပ်နိုင်မယ်ဆိုရင် နွေရာသီမှာလုပ်စေချင်တယ် ကျနော်တို့ ဒီဇင်ဘာလ ဇန်နဝါရီလလောက်ထိကို မဲဆွယ်စည်းရုံးရေးကာလလို့ သတ်မှတ်လိုက်ရင် အဆင်ပြေမယ် အခုက စက်တင်ဘာဆိုတော့ ချင်းပြည်နယ်မှာက မိုးများတဲ့အချိန် ရွေးကောက်ပွဲကို ပွင့်လင်းရာသီမှာဖြစ်စေချင်တယ်”

ဦးအောင်လျန်း (CNLD ပါတီ – မတူပီမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်လောင်း)

“ ကျနော်တို့ ချင်းပြည်နယ်အနေအထားအတွက်ကတော့ ရက်ပေါင်း (၆၀) လို့ သတ်မှတ်လိုက်တဲ့အချိန်ကအစ မလောက်ဘူး ကျနော်တို့ ချင်းပြည်နယ်မတူပီအတွက်တော့ ရွာပေါင်းကလည်း (၁၅၀) ကျော်ရှိတယ် ချိန်းထားတော့လည်း ပြည်သူတွေက တနင်္ဂနွေနေ့လောက်ပဲ ခေါ်လို့ရတယ် တစ်ရွာကို တစ်ရက်အိပ်ရမယ်ဆိုတဲ့ဟာကရှိသေးတယ် ကိုဗစ်ကာလဆိုတော့ လူပေါင်း (၅၀) လောက်ပဲစုလိုက်မယ်ဆိုရင် တစ်ရွာကို သုံးရက်လောက်အိပ်ရမယ့် သဘောရှိတယ် မဲဆွယ်ကာလက အဲဒါကြောင့် ကျနော့်မှာ အခက်အခဲဖြစ်နေပါတယ် ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးက သတ်မှတ်ထားတဲ့ (၆) ပေကွာဆိုတဲ့နေရာမှာလည်း ကျနော်တို့ အဆောက်အဦးတွေကလည်း သေးသေးလေးတွေဆိုတော့ အဲလိုမျိုး (၆) ပေကွာလုပ်လိုက်ရင် (၁၀) ယောက် (၁၅) ယောက်လောက်နဲ့ အိမ်ကပြည့်နေပြီ အဲလိုမျိုး ကျနော်တို့မှာ အများကြီးအခက်အခဲဖြစ်နေပါတယ်။

မဲဆွယ်စည်းရုံးရေးကို ရက်တိုးပြီးတော့ ရွေးကောက်ပွဲ ဒီဇင်ဘာလလောက်မှာဖြစ်ပြီးတော့ ကျနော်တို့ မဲဆွယ်စည်းရုံးရေးကို ရက်ပေါင်း (၆၀) ပေးထားတာကို ရက်ပေါင်း (၉၀) ဆယ် သတ်မှတ်လိုက်ရင် ကျနော်တို့က ထိထိရောက်ရောက် ပြည်သူတွေနဲ့ တစ်သားထဲဖြစ်သွားအောင် အဲဒါမှ ပြည်သူလူထုကလည်း ဒီကိုယ်စားလှယ်ကြီးကတော့ ပြည်သူနဲ့ တစ်သားထဲဖြစ်တယ် ဒီကိုယ်စားလောင်းကတော့ ကျနော်တို့ မြို့နယ်အတွက်အကျိုးပြုမယ်ဆိုပြီးတော့ ရွေးချယ်နိုင်မှာဖြစ်တယ်”

ဦးဂင့်ကမ်းလျန် (ZCD ပါတီ – တီးတိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)

“ကျနော်တို့ အခက်အခဲတော့ရှိတယ် ဥပမာကျနော်တို့ ရွာတစ်ရွာသွားမယ်ဆိုရင် နားထောင်မယ့်သူက နှစ်ရာ သုံးရာလောက်ရှိတယ် (၅၀) အောက်ပဲဆိုတော့လည်း ကျနော်တို့ရဲ့ ပါတီမဲဆွယ်စည်းရုုံးရေးက တစ်ရွာလုံးကမကြားတော့ဘူး ပြီးတော့ မသိပဲ မကြားပဲ မဲပေးမယ်ဆိုလည်း သိပ်လက်တွေ့မကျဘူးလေ၊ ဒါတော့ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်ကနေတစ်နည်းနဲ့စဉ်းစားဖို့လိုတာပေ့ါ ကော်မရှင်ဆိုတာက အရင်အစိုးရခေတ်ရဲ့ ကော်မရှင်ဆိုတော့ အစိုးရကိုယ်၌ကလည်း စဉ်းစားဖို့လိုတာပေါ့ ရွေးကောက်ပွဲရက်ကိုရွှေ့မလား ဒါမှမဟုတ်လည်း လူဦးရေထပ်တိုးမလားပေါ့ ကျနော်တို့ တီးတိန် တွန်းဇံမှာတော့ မိုးကြီးတော့ ရွာခြင်းဆက်လမ်းတွေ မြေပြိုနေတော့ ဆိုင်ကယ်တွေတောင် မနည်းသွားနေတော့ အခက်အခဲဖြစ်နေတာ”

ဦးဝှေ့တင်း (NLD ပါတီ – ပလက်ဝမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်လောင်း)

“ကျနော်တို့ အခုကျနော်တို့ မြန်မာနိုင်ငံရဲ့အနေအထား ကိုဗစ်နိုင်တင်းရောဂါကြောင့် ကျနော်မဲဆွယ်ခဲ့တဲ့ကာလမှာ အခက်အခဲရှိပါတယ် အထူးသဖြင့်တော့ ကျနော်တို့ ဝေးလံခေါင်ပါးတဲ့ဒေသမှာ ကျန်းမာရေးအသုံးပြုဆေးဝါးလည်း စုံစုံလင်လင်မရှိတဲ့အတွက် ပိုပြီးတော့ အခက်တွေ့နေတာ မဲဆွယ်ကာလမှာလည်း လူစုလူဝေးမလုပ်ဖို့ ကန့်သတ်ချက်နဲ့ အရေအတွက်တွေ ထုတ်ပြန်ထားတဲ့အတွက် အခက်အခဲတော့ရှိပါတယ် ဆိုတော့ တစ်ချို့ ပါတီတွေကတော ့ ရောဂါအခြေအနေဆိုးလာတဲ့အတွက် ဒီဇင်ဘာလထိကို ရွေးကောက်ပွဲရက်ကိုရွှေ့ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကိုလျာခိုင်းတာတို့တော့ရှိတယ်။

ရွေးကောက်ပွဲကတော့ ဘာပဲဖြစ်ဖြစ် (၅) နှစ်မှတစ်ကြိမ်ဆိုတော့ ဖြစ်စေချင်ပါတယ် အထူးသဖြင့်တော့ ကျနော်တို့ ချင်းပြည်နယ်မှာက ကျနော်တို့ ပလက်ဝဒေသကတော့ နယ်မြေလုံခြုံရေးအရသော်လည်းကောင်း အခုအင်တာနက်ကလည်း ပိတ်ထားတော့ ကျနော်တို့ အနေနဲ့ မဲဆွယ်စည်းရုံးရေးကတော့ တော်တော်အခက်အခဲဖြစ်ပါတယ် ပိတ်ထားတဲ့ အင်တာနက်ကိစ္စကိုလည်း ဖွင့်ပေးစေချင်ပါတယ်’’

#Zawgyi

၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္းရံုးခြင့္ကာလကို ၿပီးခဲ့တဲ့စက္တင္ဘာလ ၈ ရက္ေန႔ကစၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ကေနခြင့္ျပဳလိုက္ၿပီေနာက္ ေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြဟာ မဲဆြယ္စည္္းရံုးေရးလုန္ငန္းေတြ အပူတျပင္းလုပ္ေဆာင္ၾကေနပါၿပီ။ 

ဒါေပမယ့္ ျမန္မာႏုိင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ တေက်ာ့ျပန္ျဖစ္ပြားမႈအရွိန္အဟုန္ျမင့္တက္လာတဲ့ဂယက္ေၾကာင့္ က်န္းမာေရး၀န္ႀကီးဌာနရဲ့ ညြန္ၾကားခ်က္အတိုင္း မဲဆြယ္စည္းရံုးလုပ္ေဆာင္ရမယ္လို႔ ထုတ္ျပန္ထားတာေၾကာင့္ လႊတ္ေတာ္ကိုယ္စား လွယ္ေလာင္းေတြဟာ မဲဆြယ္စည္းရံုေရးလုပ္တဲ့ေနရာမွာ ဘယ္လိုအခက္အခဲေတြႀကံဳ ေတြ႔ေနၾကပါသလဲ။ ကိုဗစ္ကာလနဲ႔ အၿပိဳင္က်င္းပျပဳလုပ္မယ့္ ၂၀၂၀ ေရြးေကာက္ပြဲအေပၚ ဘယ္လိုအျမင္သေဘာ ထားရွိၾကပါသလဲ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ခ်င္းျပည္နယ္အတြင္း ေရြးေကာက္ပြဲ၀င္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ လႊတ္ေတာ္ကို ယ္စားလွယ္ေလာင္းတစ္ခ်ဴိ႕၏ သေဘာထား အျမင္ေတြကို စုစည္းတင္ျပလိုက္ရပါတယ္။

ေဒါက္တာမႈထန္ (ဥကၠဌ) – ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီ ခ်င္းျပည္နယ္

“ ကိုဗစ္ရွိေတာ့ က်ေနာ္တို႔ လူ (၅၀) ထက္မေနရ တစ္ေယာက္ကို ေျခာက္ေပအကြာတို႔ မတ္စ္တပ္တဲ့ကိစၥေတြ က်ေနာ္တို႔ သြားတဲ့ေနရာတိုင္းမွာလည္း မတ္စ္လည္းေပးရတယ္ ထိုင္ခံုကစ စီစဥ္ရတယ္ လူက ရာေက်ာ္လာခ်င္ၾကတယ္ လာခြင့္ရတာ (၅၀) ပဲ (၆) ေပအကြာေနရမယ္ဆိုေတာ့ အိမ္ထဲမွာလည္း ဘယ္လိုမွမဆံ့ဘူး၊ တကယ္လို႔ ေႏြရာသီမွာျဖစ္ရင္ လဟာျပင္မွာလုပ္လို႔ရမယ္ အခုကက်ေနာ္တို႔ေတာ္ေတာ္ေလးကို ဒုကၡျဖစ္တယ္ မိုးရြာတာနဲ႔ဆိုေတာ့ တခါတေလကားသြား လို႔မရဘူး ဆိုင္ကယ္လည္းသိပ္အဆင္မေျပဘူး၊ ေတာ္ေတာ္ေလးဒုကၡေရာက္တာ၊ က်ေနာ္ကေတာ့ ဘာလဲဆိုရင္ေတာ့ အာဏာလႊဲတာလည္း အရင္တုန္းကေတာ့ ဧၿပီလမွာလႊဲတာကို အခုကလည္း ဗိုင္းရစ္လည္းျဖစ္ေတာ့ အေျပာင္းအလဲလုပ္ႏိုင္မယ္ဆိုရင္ ေႏြရာသီမွာလုပ္ေစခ်င္တယ္ က်ေနာ္တို႔ ဒီဇင္ဘာလ ဇန္နဝါရီလေလာက္ထိကို မဲဆြယ္စည္းရံုးေရးကာလလို႔ သတ္မွတ္လိုက္ရင္ အဆင္ေျပမယ္ အခုက စက္တင္ဘာဆိုေတာ့ ခ်င္းျပည္နယ္မွာက မိုးမ်ားတဲ့အခ်ိန္ ေရြးေကာက္ပြဲကို ပြင့္လင္းရာသီမွာျဖစ္ေစခ်င္တယ္”

ဦးေအာင္လ်န္း (CNLD ပါတီ – မတူပီၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း) 

“ က်ေနာ္တို႔ ခ်င္းျပည္နယ္အေနအထားအတြက္ကေတာ့ ရက္ေပါင္း (၆၀) လို႔ သတ္မွတ္လိုက္တဲ့အခ်ိန္ကအစ မေလာက္ဘူး က်ေနာ္တို႔ ခ်င္းျပည္နယ္မတူပီအတြက္ေတာ့ ရြာေပါင္းကလည္း (၁၅၀) ေက်ာ္ရွိတယ္ ခ်ိန္းထားေတာ့လည္း ျပည္သူေတြက တနဂၤေႏြေန႔ေလာက္ပဲ ေခၚလို႔ရတယ္ တစ္ရြာကို တစ္ရက္အိပ္ရမယ္ဆိုတဲ့ဟာကရွိေသးတယ္ ကိုဗစ္ကာလဆိုေတာ့  လူေပါင္း (၅၀) ေလာက္ပဲစုလိုက္မယ္ဆိုရင္ တစ္ရြာကို သံုးရက္ေလာက္အိပ္ရမယ့္ သေဘာရွိတယ္ မဲဆြယ္ကာလက အဲဒါေၾကာင့္ က်ေနာ့္မွာ အခက္အခဲျဖစ္ေနပါတယ္ ဘာေၾကာင့္လဲဆိုေတာ့ က်န္းမာေရးက သတ္မွတ္ထားတဲ့ (၆) ေပကြာဆိုတဲ့ေနရာမွာလည္း က်ေနာ္တို႔ အေဆာက္အဦးေတြကလည္း ေသးေသးေလးေတြဆိုေတာ့ အဲလိုမ်ိဳး (၆) ေပကြာလုပ္လိုက္ရင္ (၁၀) ေယာက္ (၁၅) ေယာက္ေလာက္နဲ႔ အိမ္ကျပည့္ေနၿပီ အဲလိုမ်ိဳး က်ေနာ္တို႔မွာ အမ်ားႀကီးအခက္အခဲျဖစ္ေနပါတယ္။ 

မဲဆြယ္စည္းရံုးေရးကို ရက္တိုးၿပီးေတာ့ ေရြးေကာက္ပြဲ ဒီဇင္ဘာလေလာက္မွာျဖစ္ၿပီးေတာ့ က်ေနာ္တို႔ မဲဆြယ္စည္းရံုးေရးကို ရက္ေပါင္း (၆၀) ေပးထားတာကို ရက္ေပါင္း (၉၀) ဆယ္ သတ္မွတ္လိုက္ရင္ က်ေနာ္တို႔က ထိထိေရာက္ေရာက္ ျပည္သူေတြနဲ႔ တစ္သားထဲျဖစ္သြားေအာင္ အဲဒါမွ ျပည္သူလူထုကလည္း ဒီကိုယ္စားလွယ္ႀကီးကေတာ့ ျပည္သူနဲ႔ တစ္သားထဲျဖစ္တယ္ ဒီကိုယ္စားေလာင္းကေတာ့  က်ေနာ္တို႔ ၿမိဳ႕နယ္အတြက္အက်ိဳးျပဳမယ္ဆိုၿပီးေတာ့ ေရြးခ်ယ္ႏိုင္မွာျဖစ္တယ္”

ဦးဂင့္ကမ္းလ်န္ (ZCD ပါတီ – တီးတိန္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း) 

“က်ေနာ္တို႔ အခက္အခဲေတာ့ရွိတယ္ ဥပမာက်ေနာ္တို႔ ရြာတစ္ရြာသြားမယ္ဆိုရင္ နားေထာင္မယ့္သူက ႏွစ္ရာ သံုးရာေလာက္ရွိတယ္ (၅၀) ေအာက္ပဲဆိုေတာ့လည္း က်ေနာ္တို႔ရဲ႕ ပါတီမဲဆြယ္စည္းရံုုးေရးက တစ္ရြာလံုးကမၾကားေတာ့ဘူး ၿပီးေတာ့ မသိပဲ မၾကားပဲ မဲေပးမယ္ဆိုလည္း သိပ္လက္ေတြ႔မက်ဘူးေလ၊ ဒါေတာ့ က်ေနာ္တို႔ ေရြးေကာက္ပြဲေကာ္မရွင္ကေနတစ္နည္းနဲ႔စဥ္းစားဖို႔လိုတာေပ့ါ ေကာ္မရွင္ဆိုတာက အရင္အစိုးရေခတ္ရဲ႕ ေကာ္မရွင္ဆိုေတာ့ အစိုးရကိုယ္၌ကလည္း စဥ္းစားဖို႔လိုတာေပါ့ ေရြးေကာက္ပြဲရက္ကိုေရႊ႕မလား ဒါမွမဟုတ္လည္း လူဦးေရထပ္တိုးမလားေပါ့ က်ေနာ္တို႔ တီးတိန္ တြန္းဇံမွာေတာ့ မိုးႀကီးေတာ့ ရြာျခင္းဆက္လမ္းေတြ ေျမၿပိဳေနေတာ့ ဆိုင္ကယ္ေတြေတာင္ မနည္းသြားေနေတာ့ အခက္အခဲျဖစ္ေနတာ”  

ဦးေ၀ွ႔တင္း (NLD ပါတီ – ပလက္၀ၿမိဳ႕နယ္ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း) 

“က်ေနာ္တို႔ အခုက်ေနာ္တို႔ ျမန္မာႏိုင္ငံရဲ႕အေနအထား ကိုဗစ္ႏိုင္တင္းေရာဂါေၾကာင့္ က်ေနာ္မဲဆြယ္ခဲ့တဲ့ကာလမွာ အခက္အခဲရွိပါတယ္ အထူးသျဖင့္ေတာ့ က်ေနာ္တို႔ ေ၀းလံေခါင္ပါးတဲ့ေဒသမွာ က်န္းမာေရးအသံုးျပဳေဆးဝါးလည္း စံုစုံလင္လင္မရွိတဲ့အတြက္ ပိုၿပီးေတာ့ အခက္ေတြ႕ေနတာ မဲဆြယ္ကာလမွာလည္း လူစုလူေ၀းမလုပ္ဖို႔ ကန္႔သတ္ခ်က္နဲ႔ အေရအတြက္ေတြ ထုတ္ျပန္ထားတဲ့အတြက္  အခက္အခဲေတာ့ရွိပါတယ္ ဆိုေတာ့ တစ္ခ်ိဳ႕ ပါတီေတြကေတာ ့ ေရာဂါအေျခအေနဆိုးလာတဲ့အတြက္ ဒီဇင္ဘာလထိကို ေရြးေကာက္ပြဲရက္ကိုေရႊ႕ဖို႔အတြက္ ေရြးေကာက္ပြဲေကာ္မရွင္ကိုလ်ာခိုင္းတာတို႔ေတာ့ရွိတယ္။ 

ေရြးေကာက္ပြဲကေတာ့ ဘာပဲျဖစ္ျဖစ္ (၅) ႏွစ္မွတစ္ႀကိမ္ဆိုေတာ့ ျဖစ္ေစခ်င္ပါတယ္ အထူးသျဖင့္ေတာ့ က်ေနာ္တို႔ ခ်င္းျပည္နယ္မွာက က်ေနာ္တို႔ ပလက္၀ေဒသကေတာ့ နယ္ေျမလံုျခံဳေရးအရေသာ္လည္းေကာင္း အခုအင္တာနက္ကလည္း ပိတ္ထားေတာ့ က်ေနာ္တို႔ အေနနဲ႔ မဲဆြယ္စည္းရံုးေရးကေတာ့ ေတာ္ေတာ္အခက္အခဲျဖစ္ပါတယ္ ပိတ္ထားတဲ့ အင္တာနက္ကိစၥကိုလည္း ဖြင့္ေပးေစခ်င္ပါတယ္’’

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.