(03PT)
ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် တစ်ပတ်ကျော်ကြာ မိုးသည်းထန်စွာရွာသွန်းကာ ကုလားတန်မြစ်ရေ မြင့်တက်လာပြီး မြစ်နားရှိ နေအိမ်အချို့ ရေလွှမ်းမိုးခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည် ဟု ဒေသခံတစ်ဦးက ပြောသည်။
“မြစ်ကမ်းနားမှာရှိတဲ့ အိမ်တွေကျတော့ ပြောင်းရတယ်။ အခုက ရေမြုပ်တော့လေး။ တစ်ချို့က အိမ်ခေါင်မိုးအထိ မြုပ်တာရှိတယ်။ သူတို့က မြစ်ကမ်းနားနဲ့ အရမ်းနီးတော့လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပလက်၀မြို့သည် ကုလားတန်မြစ်ကမ်းနဘေးတွင်တည်ရှိသည့် မြို့ဖြစ်ပြီး တပတ်ခန့်ကြာ အဆက်မပြတ် မိုးရွာသွန်းကာ မြစ်ရေမြင့်တက်လာခြင်းဖြစ်သည်။
မြစ်ရေမြင့်တက်လာမှုကြောင့် ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ စိုက်ပျိုးရေးကွင်းတွင် နေထိုင်ကြသည့် စစ်ရှောင်စခန်းအချို့မှာလည်း ရေမြုပ်သွားခြင်းကြောင့် ဘေးလွတ်ရာသို့ ခိုလုံနေကြရပြီး နေရာထိုင်ခင်းနှင့် စားဝတ်နေရေး အခက်ခဲကြုံတွေ့နေကြရသည်ဟု သိရသည်။
Photo Crd – CJ