• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်လျှော့ချရေး သိပညာပေးမှုပြုလုပ်

ကလေးမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်လျှော့ချရေး သိပညာပေးမှုပြုလုပ်

0
By Editor on January 30, 2019 Headline

By လားနွန် – ကလေးမြို့နေ ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာပြီး ယာဉ်တိုက်မှု လျှော့နည်းလာစေရေးအတွက် အသိပညာပေးသည့်လှုပ်ရှားမှုကို ကလေးခရိုင်မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ကလေးမြို့နယ်အတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရှိမှုနှင့် သေဆုံးမှုများလျှော့နည်းလာပြီး  ပြည်သူများ အသက်အန္တရာယ်ကင်းစေရန် အတွက် ဆိုင်ကယ်များတွင် စတီကာကပ်ပေးမှုနှင့် ဆိုင်ကယ်ဦး ထုပ်ပေးဝေမှုများ ပြုလုပ်ခဲ့သည်ဟု ကလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးအောင်ကျော်ကပြောသည်။

“ဘာပဲပြောပြော ဆယ်ခွန်းပြောလို့ရှိရင်တော့ နှစ်ခွန်းလောက်တော့ရောက်သွားရင်တော့ ကျွန်တော်တို့အမြတ်ပေါ့ ဆိုင်ကယ်စီးလို့ရှိရင် ဦးထုပ်ဆောင်းဖို့ရန် အသိပညာလေး ရသွားရင်တော့ သူတို့အတွက်လည်းကောင်းမယ် ကျွန်တော်တို့လည်း စည်းကမ်းထိန်းသိမ်းရတာ အဆင်ပြေချောမွေ့ဖို့အတွက် ဆောင်ရွက်ခြင်းဖြစ်တယ်။ ကျွန်တော်တို့ အသိပညာပေးပြီးသွားရင် အရေးယူမှုအပိုင်းတွေကို ဆက်လုပ်သွားပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အသိပညာပေးပြီးသွားပြီ အဲဒီအသိပညာပေးမှုကို လိုက်နာခြင်းမလိုက်ခြင်းကို စီစစ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားပါမည်” ဟု ဒုတိယရဲမှူးကြီး ဦးအောင်ကျော်ကပြောသည်။

ကလေးမြို့မော်တော်ယာဉ်ထိန်းတပ်ဖွဲ့၏ မှတ်တမ်းအရ ကလေးမြို့တွင် တစ်ပတ်လျင် အနည်းဆုံး ဆိုင်ကယ် မတော်တဆဖြစ်မှု (၂) ကြိမ်ဖြစ်ပွားလေ့ရှိပြီး ယခုဇန်န၀ါရီလအတွင်း ယာဉ်တိုက်မှု (၆) ကြိမ်ဖြစ်ပွားခဲ့သည် ဟု သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် သေဆုံးသည့် ပမာဏမှာ ယမန်နှစ်က (၅) ထောင်ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၂) သောင်းကျော်ခဲ့သည်ဟု ယာဉ်ထိန်းတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ယနေ့ပြုလုပ်သည့် အသိပညာပေးမှုဆောင်ရွက်ရာတွင် ကလေးခရိုင်အတွင်း ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲ တပ်ဖွဲ့၊ မြို့နယ် ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ ပါဝင်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.