• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကေလးျမဳိ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာ (၂၅) ဦး ကုသမႈခံယူလ်က္ရွိ

ကေလးျမဳိ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာ (၂၅) ဦး ကုသမႈခံယူလ်က္ရွိ

0
By Editor on November 24, 2020 Khonumthung

#Unicode

နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်သို့ အရေးကြီးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင်သည့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များကို ခိုင်ကမ်းမြို့ စစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့်ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေး ရာနိုဝင်ဘာလ (၂၃) ရက်နေ့က မော်တော်ယာဉ်နောက်လိုက် (၁)ဦးထံ ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိ ကလေးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ (၂၅) ဦး ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

ကလေးခရိုင်ပြန်ဆက်ဦးစီးမှူး ဦးညီညီဇော်က “သူ့ကို Test Kit နဲ့စစ်တာကနေပိုး တွေ့တာ။ချင်းပြည်နယ်အဝင် ခိုင်ကမ်းမှာ ပြည်သူ့ကျန်းမာရေးက အထူးကုန်စည်ပို့ဆောင် ရေးယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို စစ်ဆေးတဲ့ အခါမှာသူကေ ညာင်ပင်သာ ရပ်ကွက်မှာနေတဲ့အမျိုးသား(၁)ဦး။လက်ရှိဆေးကုသနေတဲ့သူက (၂၅) ယောက်ရှိတယ် ကျန်းမာရေးအခြေ အနေကကောင်းပါတယ်၊စိုးရိမ်ရတဲ့လူနာမရှိပါဘူး” ဟုပြောသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသော မော်တော်ယာဉ်နောက်လိုက်မှာ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက် နယ်မြေ (၂) တွင် နေထိုင်သည့် အသက် (၂၃) နှစ်အရွယ်အမျိုးသားဖြစ်သည်။

ကလေးမြို့တွင်ကိုဗစ်ပိုးတွေ့ရှိသည့် လူနာများနှင့်ကွာရန်တင်းဝင်ရောက်သူအများစုသည် ပြည်တွင်းကူးစက်မှုမှ အများဆုံးဖြစ်ကာ လက်ရှိကလေးမြို့ပေါ်တွင်ကွာရန်တင်း စင်တာ (၅) ခု ဖွင့်လှစ်ထားပြီး ကွာရန်တင်းဝင်ရောက်သူ (၄၃၈) ဦးရှိသည်ဟု ကလေးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးတင်မြို့ကပြောသည်။

“လက်ရှိ နိုဝင်ဘာ ၂၃ ရက်နေ့ထိမှာ ပြည်တွင်းမှာက ၃၄၂ ယောက်၊ ပြည်ပက ၉၆ ယောက်ရှိတယ်။ အားလုံးပေါင်း (၄၃၈) ယောက်ရှိတယ်။ ကလေးမြို့ပေါ်မှာကွာရန်တင်းစင်တာ (၅) ခုရှိတယ်၊ ကွာရန်တင်းအဆင်မပြေတဲ့ နေရာမှာတော့ Home Quarantine အဖြစ်သီးခြားထားတဲ့သူတွေလည်းရှိတယ်” ဟု ဦးတင်မြို့ကပြောသည်။

လက်ရှိကလေးမြို့တိုင်ရင်းဆေးရုံတွင် ကိုဗစ်ပိုးတွေ့လူနာ (၉) ဦး နှင့် ပြည်သူ့အငှား အိမ်ယာ(အိတ်စွပ်)အထူးကြတ်မတ်အဆောင်တွင် (၁၆) ဦး၊ စုစုပေါင်း (၂၅) ဦးတို့ ကုသမှုခံယူလျက်ရှိကြသည်။

#Zawgyi

ႏွင္းႏွင္း  – စစ္ကုိင္းတုိင္းေဒသၾကီး၊ ကေလးျမဳိ႕မွ ခ်င္းျပည္နယ္သုိ႔ အေရးၾကီးကုန္စည္ပုိ႔ေဆာင္ေရး ယာဥ္ေမာင္းႏွင္သည့္ ယာဥ္ ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္မ်ားကုိ ခုိင္ကမ္းျမဳိ႕ စစ္ေဆးေရးဂိတ္တြင္ Test Kit ျဖင့္ကုိဗစ္ပုိးရွိ၊ မရွိ စစ္ေဆး ရာႏုိဝင္ဘာလ (၂၃) ရက္ေန႔က ေမာ္ေတာ္ယာဥ္ေနာက္လုိက္ (၁) ဦးထံ ကုိဗစ္ပုိးထပ္မံေတြ႔ရွိခဲ့ျပီး လက္ရွိ ကေလးျမဳိ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာ (၂၅) ဦး ကုသမႈခံယူလ်က္ရွိေၾကာင္းသိရသည္။

ကေလးခရုိင္ျပန္ဆက္ဦးစီးမႉး ဦးညီညီေဇာ္က “ သူ႔ကုိ Test Kit နဲ႔စစ္တာကေနပုိး ေတြ႔တာ။ ခ်င္းျပည္နယ္အဝင္ ခိုင္ကမ္းမွာ ျပည္သူ႔က်န္းမာေရးက အထူးကုန္စည္ပုိ႔ေဆာင္ ေရးယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လုိက္ေတြကုိ စစ္ေဆးတဲ့ အခါမွာသူကေ ညာင္ပင္သာ ရပ္ကြက္မွာေနတဲ့အမ်ဳိးသား (၁) ဦး။လက္ရွိေဆးကုသေနတဲ့သူက (၂၅)ေယာက္ရွိတယ္ က်န္းမာေရးအေျခ အေနကေကာင္းပါတယ္၊စုိးရိမ္ရတဲ့လူနာမရွိပါဘူး” ဟုေျပာသည္။

ႏိုဝင္ဘာ ၂၃ရက္ေန႔က ကိုဗစ္ပုိးေတြ႔ရွိေသာ ေမာ္ေတာ္ယာဥ္ေနာက္လုိက္မွာ ကေလးျမဳိ႕၊ ေညာင္ပင္သာရပ္ကြက္ နယ္ေျမ (၂) တြင္ ေနထိုင္သည့္ အသက္(၂၃)ႏွစ္အရြယ္အမ်ဳိးသားျဖစ္သည္။

ကေလးျမဳိ႕တြင္ကုိဗစ္ပုိးေတြ႔ရွိသည့္ လူနာမ်ားႏွင့္ကြာရန္တင္းဝင္ေရာက္သူအမ်ားစုသည္ ျပည္တြင္းကူးစက္မႈမွ အမ်ားဆုံးျဖစ္ကာ လက္ရွိကေလးျမဳိ႕ေပၚတြင္ကြာရန္တင္း စင္တာ (၅) ခု ဖြင့္လွစ္ထားၿပီး ကြာရန္တင္းဝင္ေရာက္သူ (၄၃၈) ဦးရွိသည္ဟု ကေလးျမဳိ႕ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဦးတင္ျမဳိ႕ကေျပာသည္။

“လက္ရွိ ႏုိဝင္ဘာ ၂၃ရက္ေန႔ထိမွာျပည္တြင္းမွာက ၃၄၂ေယာက္၊ ျပည္ပက ၉၆ ေယာက္ရွိတယ္။ အာလုံးေပါင္း (၄၃၈) ေယာက္ရွိတယ္။ ကေလးျမဳိ႕ေပၚမွာကြာရန္တင္းစင္တာ (၅) ခုရွိတယ္၊ ကြာရန္တင္းအဆင္မေျပတဲ့ ေနရာမွာေတာ့ Home Quarantine အျဖစ္သီးျခားထားတဲ့သူေတြလည္းရွိတယ္” ဟု ဦးတင္ျမဳိ႕ကေျပာသည္။ 

လက္ရွိကေလးျမဳိ႕တုိင္ရင္းေဆးရုံတြင္ ကိုဗစ္ပုိးေတြ႔လူနာ (၉) ဦး ႏွင့္ ျပည္သူ႔အငွား အိမ္ယာ(အိတ္စြပ္)အထူးၾကတ္မတ္အေဆာင္တြင္ (၁၆) ဦး၊ စုစုေပါင္း (၂၅) ဦးတုိ႔ ကုသမႈခံယူလ်က္ရွိၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.