Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကေလးျမဳိ႕နယ္အတြင္း ေမာ္ေတာ္ယာဥ္တိုက္မႈ သိသိသာသာေလ်ာ့နည္းလာ

ကေလးျမဳိ႕နယ္အတြင္း ေမာ္ေတာ္ယာဥ္တိုက္မႈ သိသိသာသာေလ်ာ့နည္းလာ

0
By Editor on June 8, 2020 Khonumthung

#Zawgyi

By ႏွင္းႏွင္း – စစ္ကုိင္းတုိင္းေဒသၾကီး၊ ကေလးျမဳိ႕နယ္အတြင္း ေမာ္ေတာ္ယာဥ္ တုိက္မူ ယာဥ္ထိန္းရဲတပ္ဖြဲ႕၏ (၆) လစာမွတ္တမ္းအရ ယခင္ႏွစ္ထက္ (၃) ပံု (၁) သာရိွျပီး သိသိသာသာေလ်ွာ့နည္းလာေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕၏ မွတ္တမ္းအရ ေတြ႕ရသည္။

ျပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္တြင္ ကေလးျမဳိ႕အတြင္း ယာဥ္တုိက္မူ႔ (၁၁၀) မူ၊ ေသဆုံးသူ (၅၅)  ဦးႏွင့္ ဒဏ္ရာရသူ (၁၁၄) ဦးရိွျပီး ယခုႏွစ္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလမွ ေမလအထိ ယာဥ္တုိက္မူ အၾကိမ္ (၃၀) ျဖစ္ပြားကာ ေသဆုံးသူ (၆) ဦး ႏွင့္ ဒဏ္ရာရသူ (၄၂) ဦးရွိခဲ့သည္ဟု ကေလးျမဳိ႕ ယာဥ္ထိန္းရဲတပ္ဖြဲ႕၏ မွတ္တမ္းအရ သိရသည္။

ကေလးျမိဳ႕နယ္အတြင္း ေမာ္ေတာ္ယာဥ္တုိက္မႈ ေလ်ွာ့နည္းလာျခင္းႏွင့္ပက္သက္ျပီး  ကေလးျမဳိ႕ ယာဥ္ထိန္းရဲအုပ္ ဦးသန္္႔ဇင္က  “ျပည္သူလူထုေတြက အရင္ကထက္စာရင္ ယာဥ္စည္းကမ္း/လမ္းစည္းကမ္းေတြကုိ လုိက္နာတာေပါ့၊ ေနာက္တခုက ယာဥ္ထိန္းဥပေဒ၊ ပညာေပး ေၾကာ္ျငာေလးေတြလုပ္ေပးတာ၊ ဖမ္းဆီးေရးေတြ ပုံမွန္လုပ္ေပးတာ၊ ျပည္သူလူထုကလည္း အသိပညာေတြတုိးျပီး လုိက္နာလာၾကတဲ့တြက္ ျဖစ္ပါတယ္” ဟု ေျပာသည္။

ျမန္မာႏုိင္ငံ ယာဥ္အႏၱာရာယ္ကင္းစင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္စီမံခန္႔ခြဲမူ ဥပေဒကုိ ေမလ ၂၆ ရက္ေန႔တြင္  ျပည္ေထာင္စုလြတ္ေတာ္မွ ျပဌာန္းခဲ့ျပီး အဆုိပါဥပေဒ အခန္း (၁၃) ပုဒ္မ (၇၆) (ခ) တြင္  ေမာ္ေတာ္ဆုိုင္ကုိ ေမာင္းႏွင္စီးႏွင္းရာတြင္  ေရွ႕မီး အနိမ္႔ကုိ ေန႕/ည အခ်ိန္တုိင္းဖြင့္၍ ေမာင္းႏွင္ရန္ ပ်က္ကြက္ျခင္းမရွိေစရဟု ေဖာ္ျပထားသည္။

ျပည္ေထာင္စုလႊတ္ေတာ္မွျပဌာန္းခဲ့သည့္အတိုင္း ေမာ္ေတာ္ယာဥ္မ်ား ေရွ႕မီးအနိမ့္ ေန႔/ည အခ်ိန္တိုင္း ဖြင့္ေမာင္းႏွင္ရမည္ျဖစ္ျပီး မီးမဖြင့္ေမာင္းႏွင္းသူမ်ားအား အေရးယူျခင္းမ်ိဳးမရိွေသးေၾကာင္း၊ ဆိုင္ကယ္စီးလွ်င္ ဦးထုပ္မေဆာင္းျခင္း၊ နံပတ္ျပားမပါျခင္းႏွင့္ ဘက္မွန္မရွိသည့္ ယာဥ္မ်ားမွာ အေရးယူဖမ္းဆီးအေရးယူျခင္းရိွေၾကာင္း သိရသည္။

အဆိုပါကိစၥမ်ားႏွင့္ ပတ္သက္ျပီး ျပည္သူမ်ားအေနျဖင့္ ဆုိင္ကယ္စီးလ်ွင္ ဦးထုပ္ေဆာင္းရန္၊ ျပည္သူလူထုဖက္က ယာဥ္စည္းကမ္း/လမ္းစည္းမ်ား လုိက္နာမူရွိရန္၊ အေရးၾကီးေၾကာင္း ကေလးျမဳိ႕  ယာဥ္ထိန္းရဲအုပ္ ဦးသန္႔ဇင္က ဆက္ေျပာသည္။

#Unicode

By နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း မော်တော်ယာဉ် တိုက်မူ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ (၆) လစာမှတ်တမ်းအရ ယခင်နှစ်ထက် (၃) ပုံ (၁) သာရှိပြီး သိသိသာသာလျှော့နည်းလာကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရ တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကလေးမြို့အတွင်း ယာဉ်တိုက်မူ့ (၁၁၀) မူ၊ သေဆုံးသူ (၅၅) ဦးနှင့် ဒဏ်ရာရသူ (၁၁၄) ဦးရှိပြီး ယခုနှစ် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ယာဉ်တိုက်မူ အကြိမ် (၃၀) ဖြစ်ပွားကာ သေဆုံးသူ (၆) ဦး နှင့် ဒဏ်ရာရသူ (၄၂) ဦးရှိခဲ့သည်ဟု ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ကလေးမြို့နယ်အတွင်း မော်တော်ယာဉ်တိုက်မှု လျှော့နည်းလာခြင်းနှင့်ပက်သက်ပြီး ကလေးမြို့ ယာဉ်ထိန်းရဲအုပ် ဦးသန့်ဇင်က “ပြည်သူလူထုတွေက အရင်ကထက်စာရင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းတွေကို လိုက်နာတာပေါ့၊ နောက်တခုက ယာဉ်ထိန်းဥပဒေ၊ ပညာပေး ကြော်ငြာလေးတွေလုပ်ပေးတာ၊ ဖမ်းဆီးရေးတွေ ပုံမှန်လုပ်ပေးတာ၊ ပြည်သူလူထုကလည်း အသိပညာတွေတိုးပြီး လိုက်နာလာကြတဲ့တွက် ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ယာဉ်အန္တာရာယ်ကင်းစင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမူ ဥပဒေကို မေလ ၂၆ ရက်နေ့တွင် ပြည်ထောင်စုလွတ်တော်မှ ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေ အခန်း (၁၃) ပုဒ်မ (၇၆) (ခ) တွင် မော်တော်ဆိုုင်ကို မောင်းနှင်စီးနှင်းရာတွင် ရှေ့မီး အနိမ့်ကို နေ့/ည အချိန်တိုင်းဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်းမရှိစေရဟု ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်မှပြဌာန်းခဲ့သည့်အတိုင်း မော်တော်ယာဉ်များ ရှေ့မီးအနိမ့် နေ့/ည အချိန်တိုင်း ဖွင့်မောင်းနှင်ရမည်ဖြစ်ပြီး မီးမဖွင့်မောင်းနှင်းသူများအား အရေးယူခြင်းမျိုးမရှိသေးကြောင်း၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်မဆောင်းခြင်း၊ နံပတ်ပြားမပါခြင်းနှင့် ဘက်မှန်မရှိသည့် ယာဉ်များမှာ အရေးယူဖမ်းဆီးအရေးယူခြင်းရှိကြောင်း သိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်၊ ပြည်သူလူထုဖက်က ယာဉ်စည်းကမ်း/လမ်းစည်းများ လိုက်နာမူရှိရန်၊ အရေးကြီးကြောင်း ကလေးမြို့ ယာဉ်ထိန်းရဲအုပ် ဦးသန့်ဇင်က ဆက်ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.