Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကေလးျမဳိ႕နယ္အတြင္း ေမာ္ေတာ္ယာဥ္တိုက္မႈ သိသိသာသာေလ်ာ့နည္းလာ

ကေလးျမဳိ႕နယ္အတြင္း ေမာ္ေတာ္ယာဥ္တိုက္မႈ သိသိသာသာေလ်ာ့နည္းလာ

0
By Editor on June 8, 2020 Khonumthung

#Zawgyi

By ႏွင္းႏွင္း – စစ္ကုိင္းတုိင္းေဒသၾကီး၊ ကေလးျမဳိ႕နယ္အတြင္း ေမာ္ေတာ္ယာဥ္ တုိက္မူ ယာဥ္ထိန္းရဲတပ္ဖြဲ႕၏ (၆) လစာမွတ္တမ္းအရ ယခင္ႏွစ္ထက္ (၃) ပံု (၁) သာရိွျပီး သိသိသာသာေလ်ွာ့နည္းလာေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕၏ မွတ္တမ္းအရ ေတြ႕ရသည္။

ျပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္တြင္ ကေလးျမဳိ႕အတြင္း ယာဥ္တုိက္မူ႔ (၁၁၀) မူ၊ ေသဆုံးသူ (၅၅)  ဦးႏွင့္ ဒဏ္ရာရသူ (၁၁၄) ဦးရိွျပီး ယခုႏွစ္ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလမွ ေမလအထိ ယာဥ္တုိက္မူ အၾကိမ္ (၃၀) ျဖစ္ပြားကာ ေသဆုံးသူ (၆) ဦး ႏွင့္ ဒဏ္ရာရသူ (၄၂) ဦးရွိခဲ့သည္ဟု ကေလးျမဳိ႕ ယာဥ္ထိန္းရဲတပ္ဖြဲ႕၏ မွတ္တမ္းအရ သိရသည္။

ကေလးျမိဳ႕နယ္အတြင္း ေမာ္ေတာ္ယာဥ္တုိက္မႈ ေလ်ွာ့နည္းလာျခင္းႏွင့္ပက္သက္ျပီး  ကေလးျမဳိ႕ ယာဥ္ထိန္းရဲအုပ္ ဦးသန္္႔ဇင္က  “ျပည္သူလူထုေတြက အရင္ကထက္စာရင္ ယာဥ္စည္းကမ္း/လမ္းစည္းကမ္းေတြကုိ လုိက္နာတာေပါ့၊ ေနာက္တခုက ယာဥ္ထိန္းဥပေဒ၊ ပညာေပး ေၾကာ္ျငာေလးေတြလုပ္ေပးတာ၊ ဖမ္းဆီးေရးေတြ ပုံမွန္လုပ္ေပးတာ၊ ျပည္သူလူထုကလည္း အသိပညာေတြတုိးျပီး လုိက္နာလာၾကတဲ့တြက္ ျဖစ္ပါတယ္” ဟု ေျပာသည္။

ျမန္မာႏုိင္ငံ ယာဥ္အႏၱာရာယ္ကင္းစင္းေရးႏွင့္ ေမာ္ေတာ္ယာဥ္စီမံခန္႔ခြဲမူ ဥပေဒကုိ ေမလ ၂၆ ရက္ေန႔တြင္  ျပည္ေထာင္စုလြတ္ေတာ္မွ ျပဌာန္းခဲ့ျပီး အဆုိပါဥပေဒ အခန္း (၁၃) ပုဒ္မ (၇၆) (ခ) တြင္  ေမာ္ေတာ္ဆုိုင္ကုိ ေမာင္းႏွင္စီးႏွင္းရာတြင္  ေရွ႕မီး အနိမ္႔ကုိ ေန႕/ည အခ်ိန္တုိင္းဖြင့္၍ ေမာင္းႏွင္ရန္ ပ်က္ကြက္ျခင္းမရွိေစရဟု ေဖာ္ျပထားသည္။

ျပည္ေထာင္စုလႊတ္ေတာ္မွျပဌာန္းခဲ့သည့္အတိုင္း ေမာ္ေတာ္ယာဥ္မ်ား ေရွ႕မီးအနိမ့္ ေန႔/ည အခ်ိန္တိုင္း ဖြင့္ေမာင္းႏွင္ရမည္ျဖစ္ျပီး မီးမဖြင့္ေမာင္းႏွင္းသူမ်ားအား အေရးယူျခင္းမ်ိဳးမရိွေသးေၾကာင္း၊ ဆိုင္ကယ္စီးလွ်င္ ဦးထုပ္မေဆာင္းျခင္း၊ နံပတ္ျပားမပါျခင္းႏွင့္ ဘက္မွန္မရွိသည့္ ယာဥ္မ်ားမွာ အေရးယူဖမ္းဆီးအေရးယူျခင္းရိွေၾကာင္း သိရသည္။

အဆိုပါကိစၥမ်ားႏွင့္ ပတ္သက္ျပီး ျပည္သူမ်ားအေနျဖင့္ ဆုိင္ကယ္စီးလ်ွင္ ဦးထုပ္ေဆာင္းရန္၊ ျပည္သူလူထုဖက္က ယာဥ္စည္းကမ္း/လမ္းစည္းမ်ား လုိက္နာမူရွိရန္၊ အေရးၾကီးေၾကာင္း ကေလးျမဳိ႕  ယာဥ္ထိန္းရဲအုပ္ ဦးသန္႔ဇင္က ဆက္ေျပာသည္။

#Unicode

By နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း မော်တော်ယာဉ် တိုက်မူ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ (၆) လစာမှတ်တမ်းအရ ယခင်နှစ်ထက် (၃) ပုံ (၁) သာရှိပြီး သိသိသာသာလျှော့နည်းလာကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရ တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ကလေးမြို့အတွင်း ယာဉ်တိုက်မူ့ (၁၁၀) မူ၊ သေဆုံးသူ (၅၅) ဦးနှင့် ဒဏ်ရာရသူ (၁၁၄) ဦးရှိပြီး ယခုနှစ် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ယာဉ်တိုက်မူ အကြိမ် (၃၀) ဖြစ်ပွားကာ သေဆုံးသူ (၆) ဦး နှင့် ဒဏ်ရာရသူ (၄၂) ဦးရှိခဲ့သည်ဟု ကလေးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ကလေးမြို့နယ်အတွင်း မော်တော်ယာဉ်တိုက်မှု လျှော့နည်းလာခြင်းနှင့်ပက်သက်ပြီး ကလေးမြို့ ယာဉ်ထိန်းရဲအုပ် ဦးသန့်ဇင်က “ပြည်သူလူထုတွေက အရင်ကထက်စာရင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်းတွေကို လိုက်နာတာပေါ့၊ နောက်တခုက ယာဉ်ထိန်းဥပဒေ၊ ပညာပေး ကြော်ငြာလေးတွေလုပ်ပေးတာ၊ ဖမ်းဆီးရေးတွေ ပုံမှန်လုပ်ပေးတာ၊ ပြည်သူလူထုကလည်း အသိပညာတွေတိုးပြီး လိုက်နာလာကြတဲ့တွက် ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ယာဉ်အန္တာရာယ်ကင်းစင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမူ ဥပဒေကို မေလ ၂၆ ရက်နေ့တွင် ပြည်ထောင်စုလွတ်တော်မှ ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေ အခန်း (၁၃) ပုဒ်မ (၇၆) (ခ) တွင် မော်တော်ဆိုုင်ကို မောင်းနှင်စီးနှင်းရာတွင် ရှေ့မီး အနိမ့်ကို နေ့/ည အချိန်တိုင်းဖွင့်၍ မောင်းနှင်ရန် ပျက်ကွက်ခြင်းမရှိစေရဟု ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်မှပြဌာန်းခဲ့သည့်အတိုင်း မော်တော်ယာဉ်များ ရှေ့မီးအနိမ့် နေ့/ည အချိန်တိုင်း ဖွင့်မောင်းနှင်ရမည်ဖြစ်ပြီး မီးမဖွင့်မောင်းနှင်းသူများအား အရေးယူခြင်းမျိုးမရှိသေးကြောင်း၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်မဆောင်းခြင်း၊ နံပတ်ပြားမပါခြင်းနှင့် ဘက်မှန်မရှိသည့် ယာဉ်များမှာ အရေးယူဖမ်းဆီးအရေးယူခြင်းရှိကြောင်း သိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန်၊ ပြည်သူလူထုဖက်က ယာဉ်စည်းကမ်း/လမ်းစည်းများ လိုက်နာမူရှိရန်၊ အရေးကြီးကြောင်း ကလေးမြို့ ယာဉ်ထိန်းရဲအုပ် ဦးသန့်ဇင်က ဆက်ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.