• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့သင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ ရွှေသူငယ်ချင်းများမှ စတုဒီသာကျွေးမည်

ကလေးမြို့သင်္ကြန် အကြိုနေ့မှ အတက်နေ့အထိ ရွှေသူငယ်ချင်းများမှ စတုဒီသာကျွေးမည်

0
By Editor on April 15, 2019 Khonumthung

By လားနွန် – ဧပြီလ (၁၃) ရက်နေ့မှ စတင်ကျင်းပမည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ကလေးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည်ဖြစ်ပြီး ရွှေသူငယ်ချင်းများမှ အသားပါဒံပေါက်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ (၄) ရက်စလုံးကို ရွှေသူငယ်ချင်းများမှ စတုဒီသာကျွေးမွေးကြမည်ဟု သိရသည်။

သင်္ကြန်ကာလအတွင်း ဈေးဆိုင်များပိတ်ခြင်းကြောင့် အစားအသောက်ပိုင်းတွင် အခက်အခဲများမရှိစေရန် ကလေးမြို့နယ် ရွှေသူငယ်ချင်းများက ယခင်ဖိုးဝရေခဲမှန့်ဆိုင်အဟောင်းနေရာတွင် စတုဒီသာကျွေးမွေးသွားမည်ဖြစ်ကြောင်း ရွှေနင်္ဂါး ကိုစိုးကပြောသည်။

“သင်္ကြန်အတွင်းမှာ အများသောအားဖြင့် ဆိုင်တွေပိတ်ကြတယ် ကျွန်တော်တို့ကိုယ်တိုင်ပေါ့ အခုက နှစ်ဆန်းတစ်ရက်နေ့ဆိုရင် ဆိုင်ပိတ်နေတော့ ကျွန်တော်ဘယ်ဘယ်ကို ရှာလို့ရှာရမှန်းမသိဘူး ဘယ်သောက်လို့သောက်မှန်းမသိတော့ဘူးကိုးလိုးကန့်လန့်ကြီး စားနေကျသောက်နေကျဆိုင်မဟုတ်ရင်လည်းအဆင်မပြေဘူးလေ အခုလည်း စားသောက်ဆိုင်တစ်ခုခုပေါ့ အဲဒီမှာသွားစားရင်လည်း ဈေးလည်းကြီးတယ် ပြီးရင် လူတွေကလည်းပြည့်နေတော့ ဆာတဲ့ချိန်မှာလည်းစားဖို့ရန်မလွယ်ဘူး အဲဒီတော့ ကျွန်တော်တို့ဆီမှာကျတော့ များများလည်းချက်ထားတယ် ကြိုက်တဲ့အချိန်မှာစားလို့ရအောင် မှန်တာပြောရင်တော့ ကိုယ်ချင်းစာပြီးလုပ်တာပဲ ဆာနေတဲ့ချိန်ကို ကျွန်တော်တို့ကျွေးချင်တာဗျာ” ဟု ရွှေနင်္ဂါးကိုစိုးကပြောသည်။

ရွှေသူငယ်ချင်းများအနေဖြင့် အိန္ဒိယဘက်မှ ချက်ပြုတတ်သောစားဖိုမှူးကိုခေါ်ယူကာ အသားပါ ဒံပေါက်ဖြင့် ကျွေးမွေးကြမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ကလေးမြို့တွင်လာရောက်လည်ပတ်သူမည်သူမဆို စားသုံးနိုင်မည်ဖြစ်သည်။

ကလေးမြို့လုပ်ငန်းရှင်များအဖွဲ့များစုပေါင်းသည့် ရွှေသူငယ်ချင်းများအဖွဲ့သည် ယခင်နှစ်သင်္ကြန်တွင်လည်း ယခုကဲ့သို့ ကျွေးမွေးဧည့်ခံမှုများပြုလုပ်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.