• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-ဖလမ်း-ဟားခါး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း အမြန်ဆုံးအကောင်အထည်ဖော်မည်

ကလေး-ဖလမ်း-ဟားခါး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း အမြန်ဆုံးအကောင်အထည်ဖော်မည်

0
By Editor on February 5, 2019 Khonumthung

By မိုးကျော် – ကမ္ဘာ့ဘဏ်၏ချေးငွေဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်မည်ဖြစ်သော ကလေး-ဖလမ်း-ဟားခါး မော်တော်ကားလမ်းလုပ်ငန်းကို အမြန်ဆုံးအကောင်အထည်ဆောင်ရွက်သွားမည်ဟု ချင်းပြည်နယ် ၀န်ကြီးချူပ် ဦးဆလိုင်းလျန်လွယ်ကပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့ Carson ခန်းမတွင် ဖေဖော်ဝါရီလ (၄) ရက်နေ့က ကျင်းပပြုလုပ်သော သဘာဝပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းလုပ်ငန်း မိတ်ဆက်အစည်းအဝေးတွင် ချင်းပြည်နယ် ၀န်ကြီးချူပ်က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါကားလမ်းကို ကမ္ဘာ့ဘဏ်၏ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၂၀၀) ဖြင့် ဆောက်လုပ်ရေးဝန်ကြီး လမ်းဦးစီး ဌာနမှ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုက “ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ထိခိုက်ပျက်စီးနိုင်မှုစစ်တမ်းကို ဇွန်လအထိကောက်မယ်၊ အဲဒီပြီးရင် ဒီဇိုင်းတွေလာဦးမယ် ဒီနှစ်အောက်တိုဘာလ လောက်မှာတော့ လုပ်ငန်းစတင်နိုင်မယ်လို့မျှော်လင့်ရတယ် ဒါပေမယ့် အတိကျတော့ ပြောလို့မရသေးဘူး’’ ဟု ပြောသည်။

စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုမီ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တွင် ထိခိုက်ပျက်စီးနိုင်မှုနည်းပါးစေရေး စစ်တမ်းများကို Cardno မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုစီမံကိန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဟားခါးမြို့အထိ ကလေး-ဖလမ်း-ဟားခါးမော်တော်ကား လမ်းမိုင်အရှည် (၁၂၄) မိုင်ရှိပြီး ကလေးမြို့၏အစ (၀) မိုင်ကနေ (၉) မိုင်အပါအဝင် ဟားခါးမြို့ထိ (၁၂၄) မိုင်ကို စစ်တမ်းကောက် ယူခြင်းလုပ်ငန်းတွင် ထည့်သွင်းသွား မှာဖြစ်ပြီး (၉) မိုင်မှ (၁၂၄) မိုင်အထိကို လမ်းအဆင့်မြှင့်တင်ခြင်းများဆောင်ရွက်သွား မည်ဖြစ်သည်။

စစ်တမ်းကောက်ယူခြင်းလုပ်ငန်းအတွက် လမ်းတလျှောက်ရှိ မြို့နယ် (၃) မြို့နယ်မှ ကျေးရွာပေါင်း (၃၀) ကို ရွာအရောက်ကွင်းဆင်းပြီး စနစ်တကျ ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

မဏိပူရ်ပြည်နယ်က ချင်းအနွယ်ဝင်စစ်ဘေးရှောင်များကူညီရေးအတွက် မီဇိုရမ်ဝန်ကြီးချုပ်ထံ ရူပီး ၃ သိန်းလှူဒါန်း

နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း CNDF ရဲဘော် ၃၂ ဦးကျဆုံး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.