• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»“ကျနော်တို့ညီအကိုတွေ ဝမ်းနည်းကြေကွဲ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့တွေက ဘာလို့ ခရစ္စမတ်လုပ်မလဲ”

“ကျနော်တို့ညီအကိုတွေ ဝမ်းနည်းကြေကွဲ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့တွေက ဘာလို့ ခရစ္စမတ်လုပ်မလဲ”

0
By Editor on November 28, 2021 Headline

Unicode

ဟားခါးမြို့ခရစ်ယာန်ဂို ဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့မှ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ Stephen Lian Hup Ling နှင့်ဆက်သွယ်မေးမြန်းချက်

လာမယ့်ဒီဇင်ဘာလ ၂၅ ရက်နေ့ဟာ ယေရှုဖွားမြင်တဲ့ ခရစ္စမတ်ရက်မြတ်မင်္ဂလာဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရှိတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ခရစ္စမတ်ကာလရောက်ရှိလာပြီဆိုရင် ခရစ်ယာန်ဘာသာဝင်တွေဟာ ဘုရားကျောင်းတွေ၊ လမ်းတွေ၊ မြို့၊ ရွာတွေကို အလှဆင်မြန်းတာ၊ အသင်းသူအသင်းသားတွေအိမ်မှာသွားရောက်ပြီး ကယ်ရောလ်သီချင်းတွေသံပြိုင်သီဆိုကြတာ၊ ခရစ္စမတ်နေ့မှာဆိုရင် ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းတာ၊ ဧည့်ခံကျွေးမွေးတာစတဲ့ အစီစဉ်တွေနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ခရစ္စမတ်ပွဲတော်ကို ငွေကြေး အကုန်အကျခံပြီး စည်စည်ကားကားနဲ့ ကျင်းပပြုလုပ်ဖို့ထက် နေရပ်စွန့်ခွါနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်း ကြဖို့ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတချိူ့က မေတ္တာ ရပ်ခံချက် ထုတ်ပြန်လာတာရှိသလို ချင်းပြည်နယ် ဟားခါးမြို့မှာ လည်း ဒီနှစ်ခရစ္စမတ်ကာလမှာ ဘုရားကျောင်း၊ ရပ်ကွက်တွေ အလှမဆင်ဖို့၊ ခရစ္စမတ်နေ့စုဝေး ဝတ်ပြုဆုတောင်းတာ၊ ဧည့်ခံကျွေးမွေးတာတွေမလုပ်ကြဖို့ ဟားခါးမြို့ ခရစ်ယာန်ဂို ဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်ထား ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဟားခါးမြို့ခရစ်ယာန်ဂို ဏ်းပေါင်းစုံဓမ္မအမှုတော်ဆောင်များအဖွဲ့က အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ Stephen Lian Hup Ling ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- မကြာခင်ရောက်တော့မယ့် ခရစ္စမတ်ပွဲတော်ကို ဟားခါးမြို့မှာ မကျင်းပတော့ဘူးလို့သိရပါတယ်။ ဘာကြောင့်ပါလဲ။ ရှင်းပြပေးပါဦး။

ဖြေ- အခုကျွန်တော်တို့ ချင်းပြည်နယ်မှာ ထန်တလန်ပဲဖြစ်ဖြစ်၊ ဖလမ်းတချို့နေရာမှာပဲဖြစ်ဖြစ်၊ မင်းတပ်မှာပဲဖြစ်ဖြစ် ကျွန်တော်အိုးအိမ်တွေ မီးလောင်တယ်၊ ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ မိသားစုတွေက တခြားနေရာဒေသကို သူတို့ ထွက်ပြေးတိမ်းရှောင်နေတယ်၊ သူတို့ကြေကွဲဝမ်းနည်းနေတယ်၊ အဲ့ဒီအချိန်အခါမှာ ကျွန်တော်တို့က ဒီမှာရှိတဲ့လူတွေက ပျော်ပျော််ပါးပါးနဲ့ ခရစ္စမတ်လုပ်မယ်ဆိုရင် ဒါမသင့်တော်ဘူးလို့ ဆိုပြီး ကျွန်တော်တို့ ဟားခါးမြို့ကမလုပ်ဘူး။ အခု ကျွန်တော်တို့ စစ်ဘေးရှောင်တဲ့သူတွေ၊ အိမ်တွေမီးလောင်တဲ့သူတွေ၊ ကျွန်တော်တို့ တောထဲမှာ နေတဲ့သူတွေ၊ ကျနော်တို့ညီအကိုတွေ တအားဝမ်းနည်းကြေကွဲ ဒုက္ခရောက်နေတဲ့အချိန်မှာ ကျွန်တော်တို့တွေက ဘာလို့ ခရစ္စမတ်လုပ်မလဲ၊ ဘုရားကျောင်းတွေ အလှဆင်တာမလုပ်ဘူး၊ လမ်းတွေမှာ အလှဆင်တာမလုပ်ဘူး၊ ခရစ္စမတ်ပွဲတော်တွေမလုပ်ဘူး၊ ထမင်းစား စုပေါင်း လုပ်တာတွေမလုပ်ဘူး၊ အိမ်တွေမှာလည်း ခရစ္စမတ် အလှဆင်တာမလုပ်ဘူး၊ ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပေးထားတယ်။ တခြားတခြား ရည်ရွယ်ချက်မျိုးလုံးဝမရှိဘူး။ ခရစ္စမတ်ဆိုတာက ဝမ်းနည်းတဲ့သူတွေနဲ့ ထပ်တူထပ်မျှ ကျွန်တော်တို့က ခံစားရမှာလေ။

မေး- ဆိုတော့ ဒီနှစ်ခရစ္စမတ်ပွဲတော်ကို ဟားခါးမြို့ပေါ်မှာ ဆရာတို့ဘယ်လိုပုံစံနဲ့ ဖြတ်သန်းကြမလဲ။

ဖြေ- ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့မိသားစုအလိုက်ပဲ။ ကျွန်တော်တို့က ဆုတောင်းပြီးတော့ပဲလုပ်ဖို့ပဲ ရှိတယ်၊ လူစု လူဝေးနဲ့ အသင်းတော်နဲ့ လုံးဝမလုပ်ဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့က မိသားစုအလိုက်ပဲ ဆုတောင်းပြီးမှ လုပ်ဖို့ အစီစဉ်ရှိတယ်။ ဥပမာဆိုရင် ကျွန်တော်မိသားစုဆိုရင် ကျွန်တော်တို့ မိသားစုပဲ အိမ်ထဲမှာပဲ ဆုတောင်းပြီးတော့ သခင်ခရစ်တော်ကို ဝမ်းမြောက်စွာ ကြိုဆိုမှာပဲ။

မေး- ခရစ္စမတ်ပွဲတော်မကျင်းပဖို့ဆိုတာက ဆရာတို့ဟားခါးမြို့ပေါ်မှာပဲလား၊ တခြားမြို့နယ်တွေရဲ့ အခြေအနေကော် ဘယ်လိုရှိပါသလဲ။

ဖြေ- တခြားမြို့နယ်အတွက်ကတော့ ကျွန်တော်တို့အတွက် မဆိုင်ဘူး။ ကျွန်တော်တို့ ဟားခါးက ဟားခါးအတွက်ပါပဲ။ တခြားတခြားနယ်အတွက်လည်း အကျုံးဝင်ဖို့ဆိုတာတော့ ကျွန်တော်တို့မရည်ရွယ်ပါဘူး၊ သူတို့ သူတို့ရဲ့ နယ်အတွက်ကတော့ သူတို့လုပ်သွားလိမ့်မယ်။ ကျွန်တော်တို့ ဟားခါးက ဟားခါး အတွက်ပါပဲ။

မေး-ခရစ္စမတ်ပွဲတော်ဆိုတာ ချင်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘယ်လောက်အထိ အရေးပါသလဲ။

ဖြေ- သိပ်အရေးပါတာပေါ့။ ခရစ္စမတ်ဆိုတာက ကယ်တင်ရှင် သခင်ခရစ်တော် မွေးဖွားတဲ့ အချိန်ကာလဖြစ်တယ်လေ။ ဒါပေမယ့် ခရစ္စမတ်ဆိုတာက ကျွန်တော်တို့ ပျှော်ပွဲရွှင်ပွဲသဘောမျိုးမဟုတ်ဘူး အဲ့ဒီအတွက်ကြောင့် ဒီနှစ်မှာတော့ ကျွန်တော်တို့က အလှဆင်တာလုပ်တယ်ဆိုတာလည်း ကျွန် တော်တို့ သခင်ခရစ်တော်ကို ကြိုဆိုတဲ့အနေနဲ့လုပ်တာ၊ ဘုရားကျောင်းထဲမှာ ကျွန်တော်တို့ အလှ ဆင်တာလည်း အဲ့ဒီသဘောပဲ၊ နောက်ပြီးတော့စုပေါင်းပြီး တော့ ခရစ္စမတ်ညစာတွေ၊ ကျွန်တော်တို့ ရွှင်လန်းဝမ်းမြောက်ဖို့အတွက် သီချင်းဆိုတာတွေ ဒါသခင်ခရစ်တော် ကယ်တင်ရှင်ရောက်လာတယ် ငြိမ်းသက်ခြင်းသဘောဖြစ်တယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ ဝမ်းနည်းကြေကွဲတယ်၊ အိမ်ကိုမီးလောင်တယ်။ ဒုက္ခဆင်းရဲတွေ ရောက်နေတယ်။ တချို့တွေဆိုရင်တော့ တောထဲမှာရှိနေတယ်။ ကြေကွဲဝမ်းနည်းနေတဲ့အချိန်မှာ ကျွန်တော်တို့တတွေက ကိုယ့်ရဲ့အခြေအနေကို ကြည့််ပြီးတော့မှ ပျှော်ပျှော်ပါးပါး လုပ်မယ်ဆိုရင် ဒါမသင့်တော်ဘူးလေ။

မေး- အရင်နှစ်တွေတုန်းကကော် ခရစ္စမတ်ပွဲတော်ကို ဘယ်လိုပုံစံမျိုးနဲ့ ကျင်းပဖြစ်ခဲ့ကြလဲ။

ဖြေ- အရင်တုန်းကဆိုရင် ဟားခါးတမြို့လုံးဆိုရင် အလှဆင်တာတွေ ကောင်းကောင်းလုပ်တယ်။ လမ်း တွေမှာလည်း လုပ်တယ်။ လမ်းဆုံလမ်းခွတွွေမှာဆိုရင်လည်း ကျွန်တော်တို့ အသင်းတော်တွေက စောင့်ပြီးတော့ ခရစ္စမတ် အလှဆင်တာတွေလုပ်တယ်။ ဘုရားကျောင်းမှာလည်း ခရစ္စမတ်အလှ ဆင်တာတွေလည်း လုပ်တယ်။ အခုဒီနှစ်မှာတော့ လုပ်ဖို့ အခြေအနေမသင့်တော်ဘူးဆိုပြီးတော့မှ ဟားခါးခရစ်ယာန်ဂိုိဏ်ပေါင်းစုံ ကျွန်တော်တို့ အသင်းတော်အားလုံးညီညီညွှတ်ညွှတ်နဲ့ ထုတ်ပြန်တာ ဖြစ်တယ်။

မေး- ချင်းပြည်နယ်မှာဆိုရင် စစ်ကောင်စီက စစ်ဆင်ရေးတိုးမြင့်လာတာတွေ့ရတယ်။ ထန်တလန်မြို့ ဘက်မှာဆိုရင် ဘုရားကျောင်းအပါအဝင် လူနေအိမ်တွေအများအပြား မီးရှို့ခံရတယ်။ စစ်ဘေးရှောင် တွေလည်းအများအပြား ရှိနေကြတယ်။ ဒီအခြေအနေတွေ အပေါ်မှာ ဆရာတော် ဘာများပြောချင်လဲ။

ဖြေ- ဟုတ်ကဲ့။ အဲ့ဒီအပေါ်မှာတော့ သဘောထားမပြောချင်ပါဘူး။

မေး- တခြားဘာများဖြည့်စွပ်ပြောလိုတာရှိပါသေးလဲ။

ဖြေ- မရှိတော့ပါဘူး၊ ဒီနှစ်တော့ ကျွန်တော်တို့ ဟားခါးကခရစ္စမတ်ပွဲတော်မလုပ်တော့ဘူး၊ ကျွန်တော်တို့ စိတ်ထဲကပဲ ခရစ္စမတ်ပွဲတော်လုပ်မယ်။ ခရစ္စမတ်ဆိုတာက ကျွန်တော်တို့က ပွဲလမ်းသဘင်မဟုတ်ဘူး၊ ခရစ္စမတ်ဆိုတာက စိတ်ထဲကနေသခင်ခရစ်တော်ကို ဝမ်းမြောက်စွာ ဆုတောင်းခြင်းအားဖြင့် ကြိုဆိုပြီးတော့ ဒါလုပ်ရင်လည်း ခရစ္စမတ်ပဲ။ ခရစ္စမတ်လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ဝမ်းနည်းကြေကွဲနေတဲ့သူတွေအတွက် ဆုတောင်းပေးတာကလည်း ခရစ္စမတ်ပဲ သူငယ််တော်ကို ကြိုဆိုတာအဲ့တာပဲ။

Zawgyi

“က်ေနာ္တို႔ညီအကိုေတြ ဝမ္းနည္းေၾကကြဲ ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ကြ်န္ေတာ္တုိ႔ေတြက ဘာလုိ႔ ခရစၥမတ္လုပ္မလဲ”

ဟားခါးၿမိဳ႕ခရစ္ယာန္ဂို ဏ္းေပါင္းစံုဓမၼအမႈေတာ္ေဆာင္မ်ားအဖြဲ႔မွ အတြင္းေရးမွဴး သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာ Stephen Lian Hup Ling ႏွင့္ဆက္သြယ္ေမးျမန္းခ်က္

လာမယ့္ဒီဇင္ဘာလ ၂၅ ရက္ေန႔ဟာ ေယရႈဖြားျမင္တဲ့ ခရစၥမတ္ရက္ျမတ္မဂၤလာျဖစ္ၿပီး ခရစ္ယာန္ဘာသာ၀င္ေတြရဲ႕ အထြဋ္အျမတ္ထားရွိတဲ့ ေန႔တစ္ေန႔ျဖစ္ပါတယ္။ ခရစၥမတ္ကာလေရာက္ရွိလာၿပီဆိုရင္ ခရစ္ယာန္ဘာသာ၀င္ေတြဟာ ဘုရားေက်ာင္းေတြ၊ လမ္းေတြ၊ ၿမိဳ႕၊ ရြာေတြကို အလွဆင္ျမန္းတာ၊ အသင္းသူအသင္းသားေတြအိမ္မွာသြားေရာက္ၿပီး ကယ္ေရာလ္သီခ်င္းေတြသံၿပိဳင္သီဆိုၾကတာ၊ ခရစၥမတ္ေန႔မွာဆိုရင္ ဘုရားေက်ာင္းေတြမွာ ၀တ္ျပဳဆုေတာင္းတာ၊ ဧည့္ခံေကြ်းေမြးတာစတဲ့ အစီစဥ္ေတြနဲ႔ စည္းကားသိုက္ၿမိဳက္စြာ က်င္းပေလ့ရွိၾကပါတယ္။

ဒါေပမယ့္ ဒီႏွစ္မွာေတာ့ ခရစၥမတ္ပြဲေတာ္ကို ေငြေၾကး အကုန္အက်ခံၿပီး စည္စည္ကားကားနဲ႔ က်င္းပျပဳလုပ္ဖို႔ထက္ ေနရပ္စြန္႔ခြါေနရတဲ့ စစ္ေဘးေရွာင္ျပည္သူေတြကို လွဴဒါန္း ၾကဖို႔ ခရစ္ယာန္ဘာသာေရးအဖြဲ႔အစည္းတခ်ဴိ႕က ေမတၱာ ရပ္ခံခ်က္ ထုတ္ျပန္လာတာရွိသလို ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕မွာ လည္း ဒီႏွစ္ခရစၥမတ္ကာလမွာ ဘုရားေက်ာင္း၊ ရပ္ကြက္ေတြ အလွမဆင္ဖို႔၊ ခရစၥမတ္ေန႔စုေဝး ဝတ္ျပဳဆုေတာင္းတာ၊ ဧည့္ခံေကြ်းေမြးတာေတြမလုပ္ၾကဖို႔ ဟားခါးၿမိဳ႕ ခရစ္ယာန္ဂို ဏ္းေပါင္းစံုဓမၼအမႈေတာ္ေဆာင္မ်ားအဖြဲ႔က ထုတ္ျပန္ထား ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဟားခါးၿမိဳ႕ခရစ္ယာန္ဂို ဏ္းေပါင္းစံုဓမၼအမႈေတာ္ေဆာင္မ်ားအဖြဲ႔က အတြင္းေရးမွဴး သိကၡာေတာ္ရ ဆရာေတာ္ ေဒါက္တာ Stephen Lian Hup Ling ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး- မၾကာခင္ေရာက္ေတာ့မယ့္ ခရစၥမတ္ပဲြေတာ္ကုိ ဟားခါးျမိဳ႕မွာ မက်င္းပေတာ့ဘူးလုိ႔သိရပါတယ္။ ဘာေၾကာင့္ပါလဲ။ ရွင္းျပေပးပါဦး။

ေျဖ- အခုကြ်န္ေတာ္တုိ႔ ခ်င္းျပည္နယ္မွာ ထန္တလန္ပဲျဖစ္ျဖစ္၊ ဖလမ္းတခ်ဳိ႕ေနရာမွာပဲျဖစ္ျဖစ္၊ မင္းတပ္မွာပဲျဖစ္ျဖစ္ ကြ်န္ေတာ္အုိးအိမ္ေတြ မီးေလာင္တယ္၊ ကြ်န္ေတာ္တုိ႔ခ်င္းလူမ်ဳိးေတြရဲ႕ မိသားစုေတြက တျခားေနရာေဒသကုိ သူတုိ႔ ထြက္ေျပးတိမ္းေရွာင္ေနတယ္၊ သူတုိ႔ေၾကကြဲဝမ္းနည္းေနတယ္၊ အဲ့ဒီအခ်ိန္အခါမွာ ကြ်န္ေတာ္တုိ႔က ဒီမွာရွိတဲ့လူေတြက ေပ်ာ္ေပ်ာ္္ပါးပါးန႔ဲ ခရစၥမတ္လုပ္မယ္ဆုိရင္ ဒါမသင့္ေတာ္ဘူးလုိ႔ ဆုိျပီး ကြ်န္ေတာ္တုိ႔ ဟားခါးျမိဳ႕ကမလုပ္ဘူး။ အခု ကြ်န္ေတာ္တုိ႔ စစ္ေဘးေရွာင္တဲ့သူေတြ၊ အိမ္ေတြမီးေလာင္တဲ့သူေတြ၊ ကြ်န္ေတာ္တို႔ ေတာထဲမွာ ေနတဲ့သူေတြ၊ က်ေနာ္တို႔ညီအကိုေတြ တအားဝမ္းနည္းေၾကကြဲ ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ကြ်န္ေတာ္တုိ႔ေတြက ဘာလုိ႔ ခရစၥမတ္လုပ္မလဲ၊ ဘုရားေက်ာင္းေတြ အလွဆင္တာမလုပ္ဘူး၊ လမ္းေတြမွာ အလွဆင္တာမလုပ္ဘူး၊ ခရစၥမတ္ပြဲေတာ္ေတြမလုပ္ဘူး၊ ထမင္းစား စုေပါင္း လုပ္တာေတြမလုပ္ဘူး၊ အိမ္ေတြမွာလည္း ခရစၥမတ္ အလွဆင္တာမလုပ္ဘူး၊ ကြ်န္ေတာ္တုိ႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပေပးထားတယ္။ တျခားတျခား ရည္ရြယ္ခ်က္မ်ဳိးလုံးဝမရွိဘူး။ ခရစၥမတ္ဆုိတာက ဝမ္းနည္းတဲ့သူေတြနဲ႔ ထပ္တူထပ္မ်ွ ကြ်န္ေတာ္တို႔က ခံစားရမွာေလ။

ေမး- ဆုိေတာ့ ဒီႏွစ္ခရစၥမတ္ပြဲေတာ္ကုိ ဟားခါးျမိဳ႕ေပၚမွာ ဆရာတုိ႔ဘယ္လုိပုံစံနဲ႔ ျဖတ္သန္းၾကမလဲ။

ေျဖ- ကြ်န္ေတာ္တုိ႔ကေတာ့ ကုိယ့္ရဲ႕မိသားစုအလုိက္ပဲ။ ကြ်န္ေတာ္တုိ႔က ဆုေတာင္းျပီးေတာ့ပဲလုပ္ဖုိ႔ပဲ ရွိတယ္၊ လူစု လူေဝးနဲ႔ အသင္းေတာ္နဲ႔ လုံးဝမလုပ္ဘူး။ အဲ့ဒါေၾကာင့္ ကြ်န္ေတာ္တုိ႔က မိသားစုအလုိက္ပဲ ဆုေတာင္းျပီးမွ လုပ္ဖုိ႔ အစီစဥ္ရွိတယ္။ ဥပမာဆုိရင္ ကြ်န္ေတာ္မိသားစုဆုိရင္ ကြ်န္ေတာ္တုိ႔ မိသားစုပဲ အိမ္ထဲမွာပဲ ဆုေတာင္းျပီးေတာ့ သခင္ခရစ္ေတာ္ကုိ ဝမ္းေျမာက္စြာ ၾကဳိဆုိမွာပဲ။

ေမး- ခရစၥမတ္ပြဲေတာ္မက်င္းပဖုိ႔ဆုိတာက ဆရာတုိ႔ဟားခါးျမိဳ႕ေပၚမွာပဲလား၊ တျခားျမိဳ႕နယ္ေတြရဲ႕ အေျခအေနေကာ္ ဘယ္လုိရွိပါသလဲ။

ေျဖ- တျခားျမိဳ႕နယ္အတြက္ကေတာ့ ကြ်န္ေတာ္တို႔အတြက္ မဆုိင္ဘူး။ ကြ်န္ေတာ္တုိ႔ ဟားခါးက ဟားခါးအတြက္ပါပဲ။ တျခားတျခားနယ္အတြက္လည္း အက်ဳံးဝင္ဖုိ႔ဆုိတာေတာ့ ကြ်န္ေတာ္တုိ႔မရည္ရြယ္ပါဘူး၊ သူတုိ႔ သူတုိ႔ရဲ႕ နယ္အတြက္ကေတာ့ သူတုိ႔လုပ္သြားလိမ့္မယ္။ ကြ်န္ေတာ္တုိ႔ ဟားခါးက ဟားခါး အတြက္ပါပဲ။

ေမး-ခရစၥမတ္ပြဲေတာ္ဆုိတာ ခ်င္းလူမ်ဳိး၊ ခရစ္ယာန္ဘာသာဝင္ေတြအတြက္ ဘယ္ေလာက္အထိ အေရးပါသလဲ။

ေျဖ- သိပ္အေရးပါတာေပါ့။ ခရစၥမတ္ဆုိတာက ကယ္တင္ရွင္ သခင္ခရစ္ေတာ္ ေမြးဖြားတဲ့ အခ်ိန္ကာလျဖစ္တယ္ေလ။ ဒါေပမယ့္ ခရစၥမတ္ဆုိတာက ကြ်န္ေတာ္တုိ႔ ေပ်ွာ္ပြဲရႊင္ပြဲသေဘာမ်ဳိးမဟုတ္ဘူး အဲ့ဒီအတြက္ေၾကာင့္ ဒီႏွစ္မွာေတာ့ ကြ်န္ေတာ္တုိ႔က အလွဆင္တာလုပ္တယ္ဆုိတာလည္း ကြ်န္ ေတာ္တုိ႔ သခင္ခရစ္ေတာ္ကုိ ၾကိဳဆုိတဲ့အေနနဲ႔လုပ္တာ၊ ဘုရားေက်ာင္းထဲမွာ ကြ်န္ေတာ္တို႔ အလွ ဆင္တာလည္း အဲ့ဒီသေဘာပဲ၊ ေနာက္ျပီးေတာ့စုေပါင္းျပီး ေတာ့ ခရစၥမတ္ညစာေတြ၊ ကြ်န္ေတာ္တုိ႔ ရႊင္လန္းဝမ္းေျမာက္ဖုိ႔အတြက္ သီခ်င္းဆုိတာေတြ ဒါသခင္ခရစ္ေတာ္ ကယ္တင္ရွင္ေရာက္လာတယ္ ျငိမ္းသက္ျခင္းသေဘာျဖစ္တယ္။ ကြ်န္ေတာ္တို႔ ညီအစ္ကုိေတြ ဝမ္းနည္းေၾကကြဲတယ္၊ အိမ္ကုိမီးေလာင္တယ္။ ဒုကၡဆင္းရဲေတြ ေရာက္ေနတယ္။ တခ်ိဳ႕ေတြဆုိရင္ေတာ့ ေတာထဲမွာရွိေနတယ္။ ေၾကကြဲဝမ္းနည္းေနတဲ့အခ်ိန္မွာ ကြ်န္ေတာ္တုိ႔တေတြက ကုိယ့္ရဲ႕အေျခအေနကုိ ၾကည့္္ျပီးေတာ့မွ ေပ်ွာ္ေပ်ွာ္ပါးပါး လုပ္မယ္ဆုိရင္ ဒါမသင့္ေတာ္ဘူးေလ။

ေမး- အရင္ႏွစ္ေတြတုန္းကေကာ္ ခရစၥမတ္ပြဲေတာ္ကုိ ဘယ္လုိပုံစံမ်ဳိးနဲ႔ က်င္းပျဖစ္ခဲ့ၾကလဲ။

ေျဖ- အရင္တုန္းကဆုိရင္ ဟားခါးတျမိဳ႕လုံးဆုိရင္ အလွဆင္တာေတြ ေကာင္းေကာင္းလုပ္တယ္။ လမ္း ေတြမွာလည္း လုပ္တယ္။ လမ္းဆုံလမ္းခြေတြြမွာဆုိရင္လည္း ကြ်န္ေတာ္တုိ႔ အသင္းေတာ္ေတြက ေစာင့္ျပီးေတာ့ ခရစၥမတ္ အလွဆင္တာေတြလုပ္တယ္။ ဘုရားေက်ာင္းမွာလည္း ခရစၥမတ္အလွ ဆင္တာေတြလည္း လုပ္တယ္။ အခုဒီႏွစ္မွာေတာ့ လုပ္ဖို႔ အေျခအေနမသင့္ေတာ္ဘူးဆုိျပီးေတာ့မွ ဟားခါးခရစ္ယာန္ဂုိိဏ္ေပါင္းစုံ ကြ်န္ေတာ္တုိ႔ အသင္းေတာ္အားလုံးညီညီညႊတ္ညႊတ္နဲ႔ ထုတ္ျပန္တာ ျဖစ္တယ္။

ေမး- ခ်င္းျပည္နယ္မွာဆုိရင္ စစ္ေကာင္စီက စစ္ဆင္ေရးတုိးျမင့္လာတာေတြ႔ရတယ္။ ထန္တလန္ျမိဳ႕ ဘက္မွာဆုိရင္ ဘုရားေက်ာင္းအပါအဝင္ လူေနအိမ္ေတြအမ်ားအျပား မီးရႈိ႕ခံရတယ္။ စစ္ေဘးေရွာင္ ေတြလည္းအမ်ားအျပား ရွိေနၾကတယ္။ ဒီအေျခအေနေတြ အေပၚမွာ ဆရာေတာ္ ဘာမ်ားေျပာခ်င္လဲ။

ေျဖ- ဟုတ္ကဲ့။ အဲ့ဒီအေပၚမွာေတာ့ သေဘာထားမေျပာခ်င္ပါဘူး။

ေမး- တျခားဘာမ်ားျဖည့္စြပ္ေျပာလုိတာရွိပါေသးလဲ။

ေျဖ- မရွိေတာ့ပါဘူး၊ ဒီႏွစ္ေတာ့ ကြ်န္ေတာ္တုိ႔ ဟားခါးကခရစၥမတ္ပြဲေတာ္မလုပ္ေတာ့ဘူး၊ ကြ်န္ေတာ္တို႔ စိတ္ထဲကပဲ ခရစၥမတ္ပြဲေတာ္လုပ္မယ္။ ခရစၥမတ္ဆုိတာက ကြ်န္ေတာ္တုိ႔က ပြဲလမ္းသဘင္မဟုတ္ဘူး၊ ခရစၥမတ္ဆုိတာက စိတ္ထဲကေနသခင္ခရစ္ေတာ္ကုိ ဝမ္းေျမာက္စြာ ဆုေတာင္းျခင္းအားျဖင့္ ၾကိဳဆုိျပီးေတာ့ ဒါလုပ္ရင္လည္း ခရစၥမတ္ပဲ။ ခရစၥမတ္လုပ္တဲ့အခ်ိန္မွာ ကြ်န္ေတာ္တုိ႔ ဝမ္းနည္းေၾကကြဲေနတဲ့သူေတြအတြက္ ဆုေတာင္းေပးတာကလည္း ခရစၥမတ္ပဲ သူငယ္္ေတာ္ကုိ ၾကိဳဆုိတာအဲ့တာပဲ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.