၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကို ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း စစ်တပ်က လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းလာခဲ့သည့်နောက်ပိုင်းမှာ တနိုင်ငံလုံးမှာရှိသော လူငယ်များသည် ရွေးချယ်စရာနည်းလမ်းမရှိတော့သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်ရောက်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန်အတွက် ယနေ့ချိန်ထိ အားကောင်းမောင်းသန်စွာဖြင့် တိုက်ပွဲဝင်လျှက်ရှိကြသည်။
ယင်းလူငယ်များစွာထဲမှာ အသက် ၂၂ နှစ်ရွယ် ဥပဒေဘာသာရပ်သင်ကြားနေသော ချင်းသမီးပျို မိုင် Emily လည်း ပါဝင်ပါသည်။ မိုင် Emily သည် သူ၏ စိတ်ဆန္ဒဖြင့် ချင်းအမျိုးသားတပ်မတော် CNA ထဲကို ဝင်ရောက်ခဲ့ပြီး ယခုဆိုလျှင် တစ်ပွင့် ဒု-ဗိုလ်အဆင့်ရှိပြီဖြစ်သည်။
မိုင် Emily ကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ အရင်ဆုံးသိချင်တာက စစ်တပ်က အာဏာသိမ်းမှုအဖြစ်ပွားခင် ညီမက ဘယ်မှာနေပြီး ဘာအလုပ်တွေလုပ်ကိုင်ခဲ့လဲ။
ဖြေ။ ။ ကျမကကျောင်းကမပြီးသေးဘူး ကိုဗစ်ကဖြစ်ပြီးတော့ကျောင်းပိတ် တော်လှန်ရေးကဆက်ဖြစ်ပြီး ချင်းအမျိုးသား တပ်မတော် ဘက်ကိုရောက်လာတာပါ။ တော်လှန်ရေးမဖြစ်ခင်ကတော့ ကျောင်းသူတစ်ယောက်ပဲပေါ့၊ ရန်ကုန်မှာ အစ်မဆိုင်မှာကူညီပေးတယ်။ အာဏာသိမ်းပြီးသွားတော့ ရန်ကုန်မှာဆက်ပြီးတော့ အလုပ်လုပ်လို့မရတော့ဘူးဆိုတော့ ကိုယ့်ရဲ့ဇာတိကိုပြန်လာတယ်။ အိမ်မှာအကြားကြီးနေသေးတယ်။ ဒီလိုနဲ့ လူငယ်အများကြီးက သူတို့ရဲ့အသက်ကို ပေးပြီးတော့ တော်လှန်ရေးဝင်နေကြတယ်..အဲ့ဒါကြောင့်ဒီအတိုင်းကြီးမနေချင်တော့ဘူး ဒါကြောင့် CNF ထဲကိုဝင်လာတာ။
မေး။ ။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နေ့ကပေါ့လေ၊ အဲဒီသတင်းကို ကြားမိတော့ လူငယ်တယောက်အနေနဲ့ ဘယ်လိုခံစားချက်တွေပေါ်လာမိလဲ။
ဖြေ။ ။ ကျမအဲ့တုန်းက ရန်ကုန်မှာရှိတာ…အဲ့တုန်းကလိုင်တွေအကုန်ပိတ် ဗီဒီယိုလိုင်းတွေလည်းအကုန်ပိတ်တော့ TV ကြည့်မလို့ လိုင်းတွေဘာတွေမရတာဘာမှမသိဘူး။ ညကလည်း ၁၂ နာရီအထိ အလုပ်လုပ်တော့ အိပ်ပျော်သွားတယ် မနက်စောစောမှ အာဏာသိမ်းသွားပြီဆိုတာသိတာ။ အတွေ့အကြုံကလည်းသိပ်မရှိတော့ မလန့်ဖြစ်ဘူး၊ ရန်ကုန်မှာ ဆန္ဒပြဖို့အတွက် မင်းကိုနိုင်က စပြီးတော့နိုးဆော်တယ် အဲ့တုန်းကလည်းပါဝင်ခဲ့တယ်။ ပြီးမှချင်းပြည်ကိုပြန်လာခဲ့တယ်။
မေး။ ။ ချင်းပြည်ဘက်ပြန်လာတော့ ချင်းပြည်နယ်မှာလည်းဆန္ဒပြမှုတွေအများကြီးရှိခဲ့တယ်။ အဲ့မှာလည်းပါဝင်ခဲ့လား။
ဖြေ။ ။ အဲ့တုန်းက ညီမက ရွာမှာဖြစ်တဲ့အတွက် ဆန္ဒပြတဲ့အထဲမှာ မပါဝင်ဖြစ်ခဲ့ဘူး။ ဒီအတိုင်းအိမ်မှာနေတယ်။ ပြီးတော့မိဘတွေကို ကူညီတယ်။
မေး။ ။ ချင်းလူငယ်အမျိုးသမီးတစ်ယောက်အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးထဲ ဝင်ဖြစ်တဲ့အကြောင်းလေး ပြောပြပေးပါ။
ဖြေ။ ။ လူငယ်တွေအကုန်းလုံးကလည်း သူတို့အသက်တွေပေးပြီး တော်လှန်ရေးကိုလုပ်ကြတယ်။ အဲ့အချိန်မှာ လူငယ်တစ်ယောက်အနေနဲ့ ကျမ ဒီအတိုင်းထိုင်ပြီးတော့ ကြည့်မနေနိင်ဘူး ကိုယ်လည်းလုပ်နိုင်တဲ့နေရာ ရှိတော့ရှိမှာလို့တွေးမိတယ် အဲ့ဒါကြောင့် CNA ထဲကိုဝင်လာတယ် ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီမယ်ဆိုပြီး ဝင်ဖြစ်တာပါ။
မေး။ ။ ချင်းအမျိုးသားတပ်မတော်ကိုဝင်တာ မိဘတွေကရော ဘယ်လိုသဘောထားလဲ။
ဖြေ။ ။ မိသားစုကတော့ တားတာပေါ့ ဘယ်ခွင့်ပြုမလဲ။ မိဘတွေက သေရင်လည်းအတူတူသေမယ် ရှင်ရင်လည်း အတူတူရှင်မယ် ဒီမှာပဲနေလို့ပြောတယ်။ ကျမကတော့ မရဘူးဝင်မှာ ဒီအတိုင်းနေရင်လည်း သေရင်လည်းသေမှာဆိုတော့ တော်လှန်ရေးထဲဝင်ရင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပိုပြီးတော့ ကူညီပေးနိုင်တယ်ဆိုတော့ အဲ့ဒါနဲ့ပဲ ဒီကို ဝင်လာဖြစ်တာ။
မေး။ ။ ဘယ်အချိန်လောက်က ချင်းအမျိုးသားတပ်မတော်ထဲကို ဝင်ဖြစ်တာလဲ။
ဖြေ။ ။ ဒီနှစ် ဇန်နဝါရီလထဲမှာဝင်တာ ပြီးတော့သင်တန်း ၂ လကျော်တက်တယ်။ ပြီးတော့ ဆက်ပြီးဒီမှာနေတယ်။
မေး။ ။ စစ်သင်တန်းတက်ရောက်ခဲ့တယ်ဆိုတော့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘာအခက်ခဲတွေကို ရင်ဆိုင်ခဲ့ရလဲ။
ဖြေ။ ။ ခက်ခဲကတော့ အများကြီးပဲ မိန်းခလေးဆိုတော့ ပိုခက်ခဲတယ်။ ဒါပေမယ့် ယောကျ်ားလေးတွေလည်း လုပ်နိုင်တာပဲ တချို့မိန်းခလေးတွေလည်း ကျမထက် စီနီယာတွေရှိတယ်လေ သူတို့တောင်မှလုပ်နိုင်တာပဲ ငါလည်းလုပ်နိုင်တယ်လို့ အဲ့ဒီလိုမျိုးစိတ်ထားမွေးတယ်။ အဲ့ဒီလိုစိတ်ထားမွေးတော့ မခက်တော့ဘူး။ အခက်ခဲဆုံးကတော့ မြန်မြန်လုပ်ခိုင်းတာ အချိန်က ၅ မိနစ်ပဲပေးမယ်၊ ၅ စက္ကန့်ပဲပေးမယ် အဲ့ဒါက အခက်ခဲဆုံးပဲ တော်တော်ရုန်းကန်ရတယ်။
မေး။ ။ အခုလက်ရှိမှာကော် ဘာတာဝန်တွေ ထမ်းဆောင်နေရလဲ။
ဖြေ။ ။ စဝင်လာတုန်းက ကာကွယ်ရေးဌာနမှာရုံးဝန်ထမ်းလုပ်တယ်။ အခုကတော့ ဗဟိုတရားရုံးမှာလုပ်ပါတယ်၊ ဗဟိုတရားရုံးမှာ ကော်မတီလေးတွေရှိတယ် အဲ့မှာညီမက အတွင်းရေးမှူး၊ ဗဟိုတရားရုံးမှာတော့ ဉပဒေဝန်ထမ်းပါ။ စစ်တပ်ဘက်မှာတော့ တစ်ပွင့် ဒု-ဗိုလ်ပါ။
မေး။ ။ လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိခဲ့ကြသို ညီမမှာလည်းရှိခဲ့မယ်လို့ယုံကြည်ပါတယ်၊ ကိုယ်ဖြစ်ခြင်တဲ့ အိပ်မက်ကဘာဖြစ်မလဲ။
ဖြေ။ ။ ကျောင်းဆက်တက်မယ် ပြီးတော့ မဟာတန်းဆက်တက်မယ် မဟာတန်းကိုတော့ နိုင်ငံခြားကိုလျှောက်မ ယ်လို့တွေးထားတာ၊ အခုမဖြစ်ခဲ့ဘူး ဒါကြောင့် အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ အိပ်မက်မဆုံးရှုံးအောင် ကျမဒီလို လုပ်နေတာပါ။
မေး။ ။ ကိုယ်က တော်လှန်ရေးထဲကိုဝင်သွားတော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ကလည်း အကောင်အထည်ဖော်ဖို့ ခက်ခဲသွားမှာပေါ့နော်။
ဖြေ။ ။ ခံစားချက်ကတော့ရှိတယ်။ ဆက်ပြီးတော့ဘွဲလည်းမယူနိုင်တော့ဘူး။ မျှော်လင့်တာကဘွဲ့ဆိုတော့ ဘွဲ့လည်းမယူနိုင်တော့ဘူးဆိုတော့အရမ်းလည်းခံစားရတယ်။ ခံစားရပေမယ့် အခုဒီကိုဝင်လာတော့လည်း ရည်မှန်းချက်အသစ်ပြောင်းလဲသွားပြီ။
မေး။ ။ စခန်းမှာနေထိုင်းရတဲ့အခါမှာရော အခက်ခဲတွေရှိလား။ ဘယ်လိုခွန်းအားပြန်ယူလဲ။
ဖြေ။ ။ ဒီကိုဝင်လာကတည်းက ကျမတို့ကျောင်းသားဘဝဆိုတာ အရမ်းလွတ်လပ်ခဲ့တယ်လေ၊ ဒီမှာတော့ စည်းကမ်းတွေနဲ့ စည်းနဲ့ဘောင်နဲ့နေရတဲ့အခါကြတော့ ဖိအားများတယ်။ အဓိကတော့ ဖိအားပါပဲ ဘာမှမလုပ်ချင် မလုပ်နိုင်လောက်အောင်အထိဖြစ်ခဲ့တယ်။ အဲ့သလိုဖြစ်တဲ့အခါမှာ ငါက အနာဂတ်ကိုယ့်ရဲ့တိုင်ပြည်အတွက် အလုပ်လုပ်နေတာပဲ၊ တခါတခါကြရင် အပြောခံရတဲ့အခါလည်းရှိတယ် အဲ့အချိန်ကျရင်လည်း ငါက အနာဂတ်ကိုယ့်ရဲ့ တိုင်ပြည်အတွက် အလုပ်လုပ်နေတာပဲ ဘာမှစိတ်ထဲမထားနဲ့လို့ ကိုယ့်ကိုပြန်ပြောဖြစ်တယ်။
မေး။ ။ တော်လှန်ရေးပြီးသွားရင် အောင်မြင်သွားရင် ဘာတွေဆက်ပြီးအကောင်အထည်ဖော်ချင်လဲ။
ဖြေ။ ။ ဒီတော်လှန်ရေးပြီးသွားရင် ကိုယ့်ချင်းလူမျိုးတွေအတွက်ပဲ ဆက်ပြီးတော့ အလုပ်လုပ်သွားမယ်။ ချင်းလူမျိုး တွေက အရမ်းကွဲပြားတယ်လေ၊ ပြီးတော့ တခြားလူမျိုးတွေကိုအထင်ကြီးတယ် ကိုယ့်လူမျိုးအချင်းချင်းကို အာရုံမစိုက်ကြဘူး။
မေး။ ။ တော်လှန်ရေးထဲကိုဝင်တာ နောင်တရတာမျိုးရှိလား။
ဖြေ။ ။ ဒီကိုဝင်လာတာ နောင်တရတာမျိုးမရှိဘူး တော်လှန်ရေးထဲဆက်ပါဝင်သွားမယ်။ မအောင်မြင်မခြင်းလုပ်မှာ။
မေး။ ။ အခုနွေဦးတော်လှန်ရေးအပေါ် ညီမအနေနဲ့ ဘယ်လောက်အထိမျှော်လင့်ထားလဲ။
ဖြေ။ ။ ချင်းတွေက သူများတွေကိုအားကျပြီးနေခဲ့ရတာလေ။ ဒီတော်လှန်ရေးသာအောင်မြင်သွားရင် ချင်းမျိုးတွေ အတွက် ကိုယ့်ပြည်ထောင်လည်း တည်ထောင်နိုင်သွားမယ်။ ဒါမှမဟုတ် ကိုယ်ပိုင်ပြဌာန်းခွင့်ရမယ်။ ကိုယ့်ပြည်ကို ထောင်ရမယ် အဲ့ဒါမျှော်လင့်တယ်။
မေး။ ။ ကိုယ့်ရဲ့တော်လှန်ရေးရဲဘော်ရဲဖက်တွေကိုရော ဘာများပြောချင်တာရှိလဲ။
ဖြေ။ ။ သေသွားတဲ့သူကသေသွားပြီး ကျန်ခဲ့တဲ့မိသားစုနေရကနေကြည့်တယ် အရမ်းခံစားရတယ်။ မပြောနိုင်အောင်ခံစားရပါတယ်။
မေး။ ။ ဖြည့်စွက်ပြီးတော့ဘာများထပ်ပြောချင်လဲ။
ဖြေ။ ။ ပြည်သူတွေအနေနဲ့ အကုန်လုံးကတော်လှန်ရေးလုပ်နေကြတာ ငါတို့ကစစ်မတိုက်ဘူးဆိုပြီးတော့ တော်လှန် ရေးမလုပ်ဘူးဆိုတာမဟုတ်ဘူး ပြည်သူတွေလည်း ကိုယ့်အိမ်မှာကောင်းကောင်းမနေရဘူး အားလုံးစစ်ဘေးရှောင်နေရ တယ်။ အဆင်မပြေလို့ပြန်လာကြတဲ့သူတွေလည်းရှိတယ်။ သူတို့အားလုံးကိုယ့်အိမ်မှာကောင်းကောင်းမနေရဘူး။ အဲ့ဒါ လည်းသူတို့တော်လှန်ရေးလုပ်နေတာပဲ။ တော်လှန်ရေးမလုပ်ရင်ကောင်းကောင်းနေရမှာပေါ့၊ မိဘတွေကိုလည်းပြောချင်ပါ တယ်။ သူတို့သားသမီးကိုပေးကတည်းက သူတို့လည်းတော်လှန်ရေးလုပ်နေတာပဲ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဖေးမကြမယ် အားပေးကြမယ်လို့ပြောချင်ပါတယ်။
#Zawgyi
“က်မဒီအတိုင္းထိုင္ၿပီးေတာ့ၾကည့္မေနနိင္ဘူး ကိုယ္လည္းလုပ္ႏိုင္တဲ့ေနရာရွိေတာ့ရွိမွာလို႔ေတြးမိတယ္ အဲ့ဒါေၾကာင့္ CNA ထဲကိုဝင္လာတာ”
၂၀၂၁ ခုႏွစ္ေဖေဖာ္ဝါရီ ၁ ရက္ေန႔က စစ္တပ္အာဏာသိမ္းမႈကို ျပည္သူလူထုက ၿငိမ္းခ်မ္းစြာ ဆန႔္က်င္ဆႏၵေဖာ္ထုတ္ခဲ့ၾက ေသာ္လည္း စစ္တပ္ကလက္နက္မဲ့ျပည္သူမ်ားကို အၾကမ္းဖက္ၿဖိဳခြင္းလာခဲ့သည့္ေနာက္ပိုင္းမွာ တႏိုင္ငံလုံးမွာရွိေသာ လူ ငယ္မ်ားသည္ ေ႐ြးခ်ယ္စရာနည္းလမ္းမရွိေတာ့သည့္အတြက္ လက္နက္ကိုင္ေတာ္လွန္ေရးထဲကို ဝင္ေရာက္ၿပီး စစ္အာဏာ ရွင္စနစ္ခ်ဳပ္ၿငိမ္းရန္အတြက္ ယေန႔ခ်ိန္ထိ အားေကာင္းေမာင္းသန္စြာျဖင့္ တိုက္ပြဲဝင္လွ်က္ရွိၾကသည္။
ယင္းလူငယ္မ်ားစြာထဲမွာ အသက္ ၂၂ ႏွစ္႐ြယ္ ဥပေဒဘာသာရပ္သင္ၾကားေနေသာ ခ်င္းသမီးပ်ိဳ မိုင္ Emily လည္းပါဝင္ပါသည္။ မိုင္ Emily သည္ သူ၏ စိတ္ဆႏၵျဖင့္ ခ်င္းအမ်ိဳးသားတပ္မေတာ္ CNA ထဲကို ဝင္ေရာက္ခဲ့ၿပီး ယခုဆိုလွ်င္ တစ္ပြင့္ ဒု-ဗိုလ္အ ဆင့္ရွိၿပီျဖစ္သည္။ မိုင္ Emily ကို ခိုႏူမ္းသုန္သတင္းဌာနက ေတြ႕ဆုံေမးျမန္းထားသည္။
ေမး။ ။ အရင္ဆံုးသိခ်င္တာက စစ္တပ္က အာဏာသိမ္းမႈအျဖစ္ပြားခင္ ညီမက ဘယ္မွာေနၿပီး ဘာအလုပ္ေတြ လုပ္ကိုင္ခဲ့လဲ။
ေျဖ။ ။ က်မကေက်ာင္းကမၿပီးေသးဘူး ကိုဗစ္ကျဖစ္ၿပီးေတာ့ေက်ာင္းပိတ္ ေတာ္လွန္ေရးကဆက္ျဖစ္ၿပီး ခ်င္းအမ်ိဳးသား တပ္မေတာ္ ဘက္ကိုေရာက္လာတာပါ။ ေတာ္လွန္ေရးမျဖစ္ခင္ကေတာ့ ေက်ာင္းသူတစ္ေယာက္ပဲေပါ့၊ ရန္ကုန္မွာ အစ္မဆိုင္မွာကူညီေပးတယ္။ အာဏာသိမ္းၿပီးသြားေတာ့ ရန္ကုန္မွာဆက္ၿပီးေတာ့ အလုပ္လုပ္လို႔မရေတာ့ဘူးဆိုေတာ့ ကိုယ့္ရဲ႕ဇာတိကိုျပန္လာတယ္။ အိမ္မွာအၾကားႀကီးေနေသးတယ္။ ဒီလိုနဲ႔ လူငယ္အမ်ားႀကီးက သူတို႔ရဲ႕အသက္ကို ေပးၿပီးေတာ့ ေတာ္လွန္ေရးဝင္ေနၾကတယ္..အဲ့ဒါေၾကာင့္ဒီအတိုင္းႀကီးမေနခ်င္ေတာ့ဘူး ဒါေၾကာင့္ CNF ထဲကိုဝင္လာတာ။
ေမး။ ။ စစ္တပ္က အာဏာသိမ္းခဲ့တဲ့ေန႔ကေပါ့ေလ၊ အဲဒီသတင္းကို ၾကားမိေတာ့ လူငယ္တေယာက္အေနနဲ႔ ဘယ္လိုခံစားခ်က္ေတြေပၚလာမိလဲ။
ေျဖ။ ။ က်မအဲ့တုန္းက ရန္ကုန္မွာရွိတာ…အဲ့တုန္းကလိုင္ေတြအကုန္ပိတ္ ဗီဒီယိုလိုင္းေတြလည္းအကုန္ပိတ္ေတာ့ TV ၾကည့္မလို႔ လိုင္းေတြဘာေတြမရတာဘာမွမသိဘူး။ ညကလည္း ၁၂ နာရီအထိ အလုပ္လုပ္ေတာ့ အိပ္ေပ်ာ္သြားတယ္ မနက္ေစာေစာမွ အာဏာသိမ္းသြားၿပီဆိုတာသိတာ။ အေတြ႕အႀကဳံကလည္းသိပ္မရွိေတာ့ မလန္႔ျဖစ္ဘူး၊ ရန္ကုန္မွာ ဆႏၵျပဖို႔အတြက္ မင္းကိုႏိုင္က စၿပီးေတာ့ႏိုးေဆာ္တယ္ အဲ့တုန္းကလည္းပါဝင္ခဲ့တယ္။ ၿပီးမွခ်င္းျပည္ကိုျပန္လာခဲ့တယ္။
ေမး။ ။ ခ်င္းျပည္ဘက္ျပန္လာေတာ့ ခ်င္းျပည္နယ္မွာလည္းဆႏၵျပမႈေတြအမ်ားႀကီးရွိခဲ့တယ္။ အဲ့မွာလည္းပါဝင္ခဲ့လား။
ေျဖ။ ။ အဲ့တုန္းက ညီမက ႐ြာမွာျဖစ္တဲ့အတြက္ ဆႏၵျပတဲ့အထဲမွာ မပါဝင္ျဖစ္ခဲ့ဘူး။ ဒီအတိုင္းအိမ္မွာေနတယ္။ ၿပီးေတာ့မိဘေတြကို ကူညီတယ္။
ေမး။ ။ ခ်င္းလူငယ္အမ်ဳိးသမီးတစ္ေယာက္အေနနဲ႔ လက္နက္ကိုင္ေတာ္လွန္ေရးထဲ ဝင္ျဖစ္တဲ့အေၾကာင္းေလး ေျပာျပေပးပါ။
ေျဖ။ ။ လူငယ္ေတြအကုန္းလုံးကလည္း သူတို႔အသက္ေတြေပးၿပီး ေတာ္လွန္ေရးကိုလုပ္ၾကတယ္။ အဲ့အခ်ိန္မွာ လူငယ္တစ္ေယာက္အေနနဲ႔ က်မဒီအတိုင္းထိုင္ၿပီးေတာ့ၾကည့္မေနနိင္ဘူး ကိုယ္လည္းလုပ္ႏိုင္တဲ့ေနရာ ရွိေတာ့ရွိမွာ လို႔ေတြးမိတယ္ အဲ့ဒါေၾကာင့္ CNA ထဲကိုဝင္လာတယ္ ကိုယ္တတ္ႏိုင္တဲ့ဘက္ကေတြကူညီမယ္ဆိုၿပီး ဝင္ျဖစ္တာပါ။
ေမး။ ။ ခ်င္းအမ်ိဳးသားတပ္မေတာ္ကိုဝင္တာ မိဘေတြကေရာဘယ္လိုသေဘာထားလဲ။
ေျဖ။ ။ မိသားစုကေတာ့တားတာေပါ့ ဘယ္ခြင့္ျပဳမလဲ။ မိဘေတြက ေသရင္လည္းအတူတူေသမယ္ ရွင္ရင္လည္း အတူတူရွင္မယ္ ဒီမွာပဲေနလို႔ေျပာတယ္။ က်မကေတာ့ မရဘူးဝင္မွာ ဒီအတိုင္းေနရင္လည္းေသရင္လည္းေသမွာဆိုေတာ့ ေတာ္လွန္ေရးထဲဝင္ရင္ေတာ့ ကိုယ္တတ္ႏိုင္တဲ့ဘက္ကေနပိုၿပီးေတာ့ကူညီေပးႏိုင္တယ္ဆိုေတာ့ အဲ့ဒါနဲ႔ပဲ ဒီကိုဝင္လာ ျဖစ္တာ။
ေမး။ ။ ဘယ္အခ်ိန္ေလာက္က ခ်င္းအမ်ိဳးသားတပ္မေတာ္ထဲကို ဝင္ျဖစ္တာလဲ။
ေျဖ။ ။ ဒီႏွစ္ ဇန္နဝါရီလထဲမွာ၀င္တာ ၿပီးေတာ့သင္တန္း ၂ လေက်ာ္တက္တယ္။ ၿပီးေတာ့ဆက္ၿပီးဒီမွာေနတယ္။
ေမး။ ။ စစ္သင္တန္းတက္ေရာက္ခဲ့တယ္ဆိုေတာ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ဘာအခက္ခဲေတြကိုရင္ဆိုင္ခဲ့ရလဲ။
ေျဖ။ ။ ခက္ခဲကေတာ့ အမ်ားႀကီးပဲ မိန္းခေလးဆိုေတာ့ ပိုခက္ခဲတယ္။ ဒါေပမယ့္ ေယာက်္ားေလးေတြလည္း လုပ္ႏိုင္တာပဲ တခ်ိဳ႕မိန္းခေလးေတြလည္း က်မထက္ စီနီယာေတြရွိတယ္ေလ သူတို႔ေတာင္မွလုပ္ႏိုင္တာပဲ ငါလည္းလုပ္ႏိုင္တယ္လို႔ အဲ့ဒီလိုမ်ိဳးစိတ္ထားေမြးတယ္။ အဲ့ဒီလိုစိတ္ထားေမြးေတာ့မခက္ေတာ့ဘူး။ အခက္ခဲဆုံးကေတာ့ ျမန္ျမန္လုပ္ခိုင္းတာ အခ်ိန္က ၅ မိနစ္ပဲေပးမယ္၊ ၅ စကၠန႔္ပဲေပးမယ္ အဲ့ဒါကအခက္ခဲဆုံးပဲ ေတာ္ေတာ္႐ုန္းကန္ရတယ္။
ေမး။ ။ အခုလက္ရွိမွာေကာ္ ဘာတာဝန္ေတြ ထမ္းေဆာင္ေနရလဲ။
ေျဖ။ ။ စဝင္လာတုန္းက ကာကြယ္ေရးဌာနမွာ႐ုံးဝန္ထမ္းလုပ္တယ္။ အခုကေတာ့ ဗဟိုတရား႐ုံးမွာလုပ္ပါတယ္၊ ဗဟိုတရား႐ုံးမွာေကာ္မတီေလးေတြရွိတယ္ အဲ့မွာညီမက အတြင္းေရးမႉး၊ ဗဟိုတရား႐ုံးမွာေတာ့ ဉပေဒဝန္ထမ္းပါ။ စစ္တပ္ဘက္မွာေတာ့ တစ္ပြင့္ဒုဗိုလ္ပါ။
ေမး။ ။ လူတိုင္းမွာ အိမ္မက္ကိုယ္စီရွိခဲ့ၾကသို ညီမမွာလည္းရွိခဲ့မယ္လို႔ယံုၾကည္ပါတယ္၊ ကိုယ္ျဖစ္ျခင္တဲ့ အိပ္မက္ကဘာျဖစ္မလဲ။
ေျဖ။ ။ ေက်ာင္းဆက္တက္မယ္ ၿပီးေတာ့ မဟာတန္းဆက္တက္မယ္ မဟာတန္းကိုေတာ့ ႏိုင္ငံျခားကိုေလွ်ာက္မ ယ္လို႔ေတြးထားတာ၊ အခုမျဖစ္ခဲ့ဘူး ဒါေၾကာင့္ အနာဂတ္ၾကယ္ပြင့္ေလးေတြရဲ႕ အိပ္မက္မဆုံးရႈံးေအာင္ က်မဒီလို လုပ္ေနတာပါ။
ေမး။ ။ ကိုယ္က ေတာ္လွန္ေရးထဲကို၀င္သြားေတာ့ ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္ကလည္း အေကာင္အထည္ေဖာ္ဖို႔ ခက္ခဲသြားမွာေပါ့ေနာ္။
ေျဖ။ ။ ခံစားခ်က္ကေတာ့ရွိတယ္။ ဆက္ၿပီးေတာ့ဘြဲလည္းမယူႏိုင္ေတာ့ဘူး။ ေမွ်ာ္လင့္တာကဘြဲ႕ဆိုေတာ့ ဘြဲ႕လည္းမယူႏိုင္ေတာ့ဘူးဆိုေတာ့အရမ္းလည္းခံစားရတယ္။ ခံစားရေပမယ့္ အခုဒီကိုဝင္လာေတာ့လည္း ရည္မွန္းခ်က္အသစ္ေျပာင္းလဲသြားၿပီ။
ေမး။ ။ စခန္းမွာေနထိုင္းရတဲ့အခါမွာေရာ အခက္ခဲေတြရွိလား။ ဘယ္လိုခြန္းအားျပန္ယူလဲ။
ေျဖ။ ။ ဒီကိုဝင္လာကတည္းက က်မတို႔ေက်ာင္းသားဘဝဆိုတာ အရမ္းလြတ္လပ္ခဲ့တယ္ေလ၊ ဒီမွာေတာ့ စည္းကမ္းေတြနဲ႔ စည္းနဲ႔ေဘာင္နဲ႔ေနရတဲ့အခါၾကေတာ့ ဖိအားမ်ားတယ္။ အဓိကေတာ့ ဖိအားပါပဲ ဘာမွမလုပ္ခ်င္ မလုပ္ႏိုင္ေလာက္ေအာင္အထိျဖစ္ခဲ့တယ္။ အဲ့သလိုျဖစ္တဲ့အခါမွာ ငါက အနာဂတ္ကိုယ့္ရဲ႕တိုင္ျပည္အတြက္ အလုပ္လုပ္ေနတာပဲ၊ တခါတခါၾကရင္ အေျပာခံရတဲ့အခါလည္းရွိတယ္ အဲ့အခ်ိန္က်ရင္လည္း ငါက အနာဂတ္ကိုယ့္ရဲ႕ တိုင္ျပည္အတြက္ အလုပ္လုပ္ေနတာပဲ ဘာမွစိတ္ထဲမထားနဲ႔လို႔ ကိုယ့္ကိုျပန္ေျပာျဖစ္တယ္။
ေမး။ ။ ေတာ္လွန္ေရးၿပီးသြားရင္ ေအာင္ျမင္သြားရင္ ဘာေတြဆက္ၿပီးအေကာင္အထည္ေဖာ္ခ်င္လဲ။
ေျဖ။ ။ ဒီေတာ္လွန္ေရးၿပီးသြားရင္ ကိုယ့္ခ်င္းလူမ်ိဳးေတြအတြက္ပဲ ဆက္ၿပီးေတာ့ အလုပ္လုပ္သြားမယ္။ ခ်င္းလူမ်ိဳး ေတြက အရမ္းကြဲျပားတယ္ေလ၊ ၿပီးေတာ့ တျခားလူမ်ိဳးေတြကိုအထင္ႀကီးတယ္ ကိုယ့္လူမ်ိဳးအခ်င္းခ်င္းကို အာ႐ုံမစိုက္ၾကဘူး။
ေမး။ ။ ေတာ္လွန္ေရးထဲကိုဝင္တာ ေနာင္တရတာမ်ိဳးရွိလား။
ေျဖ။ ။ ဒီကိုဝင္လာတာ ေနာင္တရတာမ်ိဳးမရွိဘူး ေတာ္လွန္ေရးထဲဆက္ပါဝင္သြားမယ္။ မေအာင္ျမင္မျခင္းလုပ္မွာ။
ေမး။ ။ အခုေႏြဦးေတာ္လွန္ေရးအေပၚ ညီမအေနနဲ႔ ဘယ္ေလာက္အထိေမွ်ာ္လင့္ထားလဲ။
ေျဖ။ ။ ခ်င္းေတြက သူမ်ားေတြကိုအားက်ၿပီးေနခဲ့ရတာေလ။ ဒီေတာ္လွန္ေရးသာေအာင္ျမင္သြားရင္ ခ်င္းမ်ိဳးေတြ အတြက္ ကိုယ့္ျပည္ေထာင္လည္း တည္ေထာင္ႏိုင္သြားမယ္။ ဒါမွမဟုတ္ ကိုယ္ပိုင္ျပဌာန္းခြင့္ရမယ္။ ကိုယ့္ျပည္ကို ေထာင္ရမယ္ အဲ့ဒါေမွ်ာ္လင့္တယ္။
ေမး။ ။ ကိုယ့္ရဲ႕ေတာ္လွန္ေရးရဲေဘာ္ရဲဖက္ေတြကိုေရာ ဘာမ်ားေျပာခ်င္တာရွိလဲ။
ေျဖ။ ။ ေသသြားတဲ့သူကေသသြားၿပီး က်န္ခဲ့တဲ့မိသားစုေနရကေနၾကည့္တယ္ အရမ္းခံစားရတယ္။ မေျပာႏိုင္ေအာင္ခံစားရပါတယ္။
ေမး။ ။ ျဖည့္စြက္ၿပီးေတာ့ဘာမ်ားထပ္ေျပာခ်င္လဲ။
ေျဖ။ ။ ျပည္သူေတြအေနနဲ႔ အကုန္လုံးကေတာ္လွန္ေရးလုပ္ေနၾကတာ ငါတို႔ကစစ္မတိုက္ဘူးဆိုၿပီးေတာ့ ေတာ္လွန္ ေရးမလုပ္ဘူးဆိုတာမဟုတ္ဘူး ျပည္သူေတြလည္း ကိုယ့္အိမ္မွာေကာင္းေကာင္းမေနရဘူး အားလုံးစစ္ေဘးေရွာင္ေနရ တယ္။ အဆင္မေျပလို႔ျပန္လာၾကတဲ့သူေတြလည္းရွိတယ္။ သူတို႔အားလုံးကိုယ့္အိမ္မွာေကာင္းေကာင္းမေနရဘူး။ အဲ့ဒါ လည္းသူတို႔ေတာ္လွန္ေရးလုပ္ေနတာပဲ။ ေတာ္လွန္ေရးမလုပ္ရင္ေကာင္းေကာင္းေနရမွာေပါ့၊ မိဘေတြကိုလည္းေျပာခ်င္ပါ တယ္။ သူတို႔သားသမီးကိုေပးကတည္းက သူတို႔လည္းေတာ္လွန္ေရးလုပ္ေနတာပဲ ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ေဖးမၾကမယ္ အားေပးၾကမယ္လို႔ေျပာခ်င္ပါတယ္။