• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့် ချင်းပြည်နယ်တွင် ကျောင်းသူ/ကျောင်းသား ၄၀၀၀ ကျော်သာ ကျောင်းတက်ရောက်

ကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့် ချင်းပြည်နယ်တွင် ကျောင်းသူ/ကျောင်းသား ၄၀၀၀ ကျော်သာ ကျောင်းတက်ရောက်

0
By Editor on June 4, 2021 Headline

ဇွန် ၁ ရက်နေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီက အခြေခံပညာကျောင်းများကို ဖွင့်လှစ်ရာတွင် ချင်းပြည်နယ်တွင်လည်း ကျောင်းသူ၊ ကျောင်းသား ၄၀၀၀ ကျော် ကျောင်းတက်ရောက်သည်ဟု ချင်းပြည်နယ် ပညာရေးမှုးကပြောသည်။

“ကျွန်တော်တို့ တပြည်နယ်လုံးမှာတော့ တကယ်တက်တဲ့သူကတော ၄၅၇၃ ယောက်ပေါ့နော၊ ကျောင်းအပ်တဲ့သူကတော့ တစ်သောင်းကျော်အပ်တာ ဒါပေမယ့် ဒီလောက်တက်တယ်ဆိုတော့ ၃၃ ရာခိုင်နှုန်းပတ်ဝန်းကျင်ပဲရှိမှာပေါ့ လာအပ်တဲ့သူတိုင်းကလည်း မတက်ဘူး၊ အပ်တော့အပ်တယ်တ ကယ်တက်တဲ့သူကတော့ အဲ့လောက်ပဲ” ဟု ပညာရေးမှုးကပြောသည်။

ချင်းပြည်နယ်မြို့နယ်အလိုက်ကျောင်းတက်ရောက်မှုမှာ ဟာခါးတွင် ၇၈ ယောက်၊ ဖလမ်း တွင်း၊ ၄၇၄ ယောက်၊ တီးတိန်တွင် ၁၅၈၂ ယောက်၊ မတူပီတွင် ၇၂ ယောက်နှင့် ပလက်ဝတွင် ၂၃၆၇ ယောက်တို့ဖြစ်ပြီး မင်းတပ်၊ ကန်ပလက်၊ ထန်တလန်၊ တွန်းဇံမြို့နယ်တို့တွင်မူ ကျောင်းတက်ရောက်သူမရှိကြောင်းလည်း သိရသည်။

ချင်းပြည်နယ်တွင် ယခင်ပညာသင်နှစ်စာရင်းများအရ ကျောင်းသူကျောင်းသားစုစုပေါင်း တစ်သိန်းဝန်းကျင်ခန့်ရှိရာတွင် စစ်ကောင်စီလက်ထက် ကျောင်းဖွင့်ရာသီမှာ ကျောင်းသူကျောင်းသား ၁၃၀၃၂ ယောက် ကျောင်းအပ်နှံခဲ့ကြပြီး ယင်းအနက် ကျောင်းသူ/ကျောင်းသား ၄၅၇၃ ယောက်က ကျောင်းတက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်ရှိပြီး လက်ရှိတွင် ကျောင်းဖွင့်ကာ ကျောင်းစာသင်ကြားနိုင်သောမြို့နယ်မှာ ၅ မြို့နယ်ရှိသော်လည်း အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှု CDM တွင်ပါဝင်သော ဆရာ၊ ဆရာမ များသည့် ကျောင်းများသည် မဖွင့်လှစ်ကြောင်း ချင်းပြည်နယ် ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှုးက ပြောသည်။

“တချို့ CDM ဝင်တဲ့ ကျောင်းဆရာ၊ဆရာမ များတဲ့ကျောင်းတွေကမဖွင့်နိုင်ဘူး၊ တယောက်တလေ ကျန်တဲ့ဟာတွေကို ဥပမာ ဟားခါးအနေနဲ့ဆိုရင် ရဲကုန်း၊တပ်ကျောင်းတို့မှာ တွဲဖက်နဲ့သင်ကြားရေး လုပ်နိုင်အောင် လုပ်ပေးထားတာပေါ့၊” ဟု လက်ထောက်ညွှန်ကြားရေးမှုးက ပြောသည်။

ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အစိုးရစာသင်ကျောင်းပေါင်း ၁၅၁၆ ကျောင်း၊ ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၉၆၆၇ ဦး ခန့်ရှိခဲ့ပေမယ့် အာဏာသိမ်းဆန့်ကျင်မှု CDM လှုပ်ရှားမှုတွင် ပါဝင်သောကြောင့် ကျောင်းဆရာ၊ ဆရာမ ၄၂၃၇ ဦးကိုမှု တာဝန်မှ ရပ်ဆိုင်းထားကြောင်းလည်း သိရသည််။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.