• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ခရိုင္ရရွိေရးအပါအဝင္ အခ်က္(၆) ခ်က္ကို တီးတိန္လူထုက ဒုသမၼတ ထံ တင္ျပေတာင္းဆို

ခရိုင္ရရွိေရးအပါအဝင္ အခ်က္(၆) ခ်က္ကို တီးတိန္လူထုက ဒုသမၼတ ထံ တင္ျပေတာင္းဆို

0
By Editor on August 14, 2020 Headline

#Unicode

By လားနွန် – ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ချင်းပြည်နယ်သို့ရောက် ရောက်ရှိနေသည့် နို်င်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူထံသို့ တီးတိန်ပြည်သူထုက ခရိုင်ရရှိရေးအပါအဝင် အချက် (၆) ချက်ကို တင်ပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် သြဂုတ်လ (၁၂) ရက်နေ့က တီးတိန်မြို့ စကောလမ်းရပ်ကွက် အ.ထ.က (၁) စံကိုက်ညီ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ တီးတိန်မြို့ရှိ မြို့မိမြို့ဖများ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ထိုကဲ့သို့တင်ပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု Zomi Youth Association (ZYA-Tedim) မှ ကို Nang No ကပြောသည်။

တီးတိန်မြို့ပြည်သူလူထုများ တောင်းဆိုသည့် အချက်များမှာ မဟာဓာတ်အားလိုင်းရရှိရေး၊ တီးတိန်မြို့နယ် ခရိုင်ရရှိရေး၊ ဆေးရုံ ကုတင် (၁၀၀) မှ (၂၀၀) ရရှိရေး၊ စက်မှုသိပ္ပံကျောင်းအား GTI ကျောင်းပြောင်းလဲပေးရေး၊ တီးတိန်မြို့ပေါ်ရေပေးရေဝေရေးတွင် သောက်သုံးရေးလုံလောက်ရေးနှင့် တီးတိန်မြို့ပေါ်တွင် မြို့တော်ခန်းမရရှိရေးစသည်တို့ဖြစ်သည်။

အဆိုပါတောင်းဆိုချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ တောင်းဆိုချက်များအား နိုင်ငံတော်ရန်ပုံငွေနှင့် ပတ်သက်ပြီး ကိုဗစ်ကာလကြောင့် ချက်ခြင်းချက်ခြင်းလုပ်ဆောင်ပေးရန် အခက်အခဲအနည်းငယ်ရှိကြောင်းပြန်လည်ဖြေကြားခဲ့ကြောင်း ကို Nang No ကပြောသည်။

“ကျနော်တို့ လိုချင်တဲ့အချိန်မှာတော့ မရနိုင်ဘူးပေါ့၊ နိုင်ငံတော်က ရန်ပုံငွေတွေလည်း အခုကိုဗစ်ဖြစ်တာနဲ့ ဘတ်ဂျက် အဲလိုမျိုးချမပေးနိုင်တာတို့ ချတော့ချပေးမယ်ပေါ့၊ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး သူတို့ ကွင်းဆင်းလေ့လာပြီးတော့မှာ ဂန့်ဂေါကနေ ကလေးကနေ တီးတိန် အဲလိုမျိုး ရိဒ် ကျီခါး တွန်းဇံတို့လည်း ပေးဖို့စဉ်းစားတယ် အဲလိုမျိုးစီစဉ်ထားတာလည်း ဗို့အားကောင်းအောင်းလည်းဆောင်ရွက်နေဆဲဖြစ်တယ် ချက်ခြင်းတော့မရဘူး၊ ခရိုင်ကိစ္စလည်း သမ္မတရုံးတော့ ရောက်ပြီးသွားပြီ အဲဒါ သမ္မတရဲ့ မှတ်ချက်ပေါ်မှာမူတည်ပြီးတော့ သမ္မတရဲ့ ညွှန်ကြားချက်အတိုင်းကို ဆက်လိုက်မှာ သူတို့က အစိုးရကို ပြန်အကြောင်းကြားမယ်လို့ ပြောထားတယ်” ဟု ကို Nang No ကပြောသည်။

စက်မှုသိပ္ပံကျောင်း၊ ရေပေးရေဝေကိစ္စများနှင့် ဆေးရုံကိစ္စများတို့သည်လည်း အစိုးရမှ ရန်ပုံငွေအပေါ်အခြေခံပြီး ဆောင်ရွက်ရမှာဖြစ်သလို စီစစ်နေဆဲဖြစ်ပြီး ပြည်သူများတောင်းဆိုထားသည့် အချက်များအပေါ် ဒုသမ္မတက ကတိမပေးဘဲ စိတ်ရှည်သည်းခံစောင့်ဆိုင်းပေးစေလိုဟု မှာကြားခဲ့ကြောင်း ကို Nang No ကဆက်ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ် (၅) ရက်ကြာ ဒေသဖွံ့ဖြိုးရေးကိစ္စများကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ပြီး သူနှင့် အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်ခဲ့ကြသည်။

#Zawgyi

By လားႏြန္ – ဖြံ့ၿဖိဳးေရးလုပ္ငန္းမ်ား ၾကည့္ရႈစစ္ေဆးရန္ ခ်င္းျပည္နယ္သို႔ေရာက္ ေရာက္ရွိေနသည့္ နို္င္ငံေတာ္ ဒုတိယ သမၼတ ဦးဟင္နရီဗန္ထီးယူထံသို႔ တီးတိန္ျပည္သူထုက ခရိုင္ရရွိေရးအပါအဝင္ အခ်က္ (၆) ခ်က္ကို တင္ျပေတာင္းဆိုခဲ့ၾကသည္ဟု သိရသည္။

ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူသည္ ၾသဂုတ္လ (၁၂) ရက္ေန႔က တီးတိန္ၿမိဳ႕ စေကာလမ္းရပ္ကြက္ အ.ထ.က (၁) စံကိုက္ညီ အေျခခံပညာမူလတန္းေက်ာင္းခန္းမ၌ တီးတိန္ၿမိဳ႕ရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံရာတြင္ ထိုကဲ့သို႔တင္ျပေတာင္းဆိုခဲ့ၾကျခင္းျဖစ္သည္ဟု Zomi Youth Association (ZYA-Tedim) မွ ကို Nang No ကေျပာသည္။

တီးတိန္ၿမိဳ႕ျပည္သူလူထုမ်ား ေတာင္းဆိုသည့္ အခ်က္မ်ားမွာ မဟာဓာတ္အားလိုင္းရရွိေရး၊ တီးတိန္ၿမိဳ႕နယ္ ခရိုင္ရရွိေရး၊ ေဆး႐ုံ ကုတင္ (၁၀၀) မွ (၂၀၀) ရရွိေရး၊ စက္မႈသိပၸံေက်ာင္းအား GTI ေက်ာင္းေျပာင္းလဲေပးေရး၊ တီးတိန္ၿမိဳ႕ေပၚေရေပးေရေဝေရးတြင္ ေသာက္သုံးေရးလုံေလာက္ေရးႏွင့္ တီးတိန္ၿမိဳ႕ေပၚတြင္ ၿမိဳ႕ေတာ္ခန္းမရရွိေရးစသည္တို႔ျဖစ္သည္။

အဆိုပါေတာင္းဆိုခ်က္မ်ားႏွင့္ ပတ္သက္ၿပီး နိုင္ငံေတာ္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူမွ ေတာင္းဆိုခ်က္မ်ားအား နိုင္ငံေတာ္ရန္ပုံေငြႏွင့္ ပတ္သက္ၿပီး ကိုဗစ္ကာလေၾကာင့္ ခ်က္ျခင္းခ်က္ျခင္းလုပ္ေဆာင္ေပးရန္ အခက္အခဲအနည္းငယ္ရွိေၾကာင္းျပန္လည္ေျဖၾကားခဲ့ေၾကာင္း ကို Nang No ကေျပာသည္။

“က်ေနာ္တို႔ လိုခ်င္တဲ့အခ်ိန္မွာေတာ့ မရနိုင္ဘူးေပါ့၊ နိုင္ငံေတာ္က ရန္ပုံေငြေတြလည္း အခုကိုဗစ္ျဖစ္တာနဲ႔ ဘတ္ဂ်က္ အဲလိုမ်ိဳးခ်မေပးနိုင္တာတို႔ ခ်ေတာ့ခ်ေပးမယ္ေပါ့၊ လၽွပ္စစ္မီးနဲ႔ပတ္သက္ၿပီး သူတို႔ ကြင္းဆင္းေလ့လာၿပီးေတာ့မွာ ဂန႔္ေဂါကေန ကေလးကေန တီးတိန္ အဲလိုမ်ိဳး ရိဒ္ က်ီခါး တြန္းဇံတို႔လည္း ေပးဖို႔စဥ္းစားတယ္ အဲလိုမ်ိဳးစီစဥ္ထားတာလည္း ဗို႔အားေကာင္းေအာင္းလည္းေဆာင္ရြက္ေနဆဲျဖစ္တယ္ ခ်က္ျခင္းေတာ့မရဘူး၊ ခရိုင္ကိစၥလည္း သမၼတ႐ုံးေတာ့ ေရာက္ၿပီးသြားၿပီ အဲဒါ သမၼတရဲ့ မွတ္ခ်က္ေပၚမွာမူတည္ၿပီးေတာ့ သမၼတရဲ့ ညႊန္ၾကားခ်က္အတိုင္းကို ဆက္လိုက္မွာ သူတို႔က အစိုးရကို ျပန္အေၾကာင္းၾကားမယ္လို႔ ေျပာထားတယ္” ဟု ကို Nang No ကေျပာသည္။

စက္မႈသိပၸံေက်ာင္း၊ ေရေပးေရေဝကိစၥမ်ားႏွင့္ ေဆး႐ုံကိစၥမ်ားတို႔သည္လည္း အစိုးရမွ ရန္ပုံေငြအေပၚအေျခခံၿပီး ေဆာင္ရြက္ရမွာျဖစ္သလို စီစစ္ေနဆဲျဖစ္ၿပီး ျပည္သူမ်ားေတာင္းဆိုထားသည့္ အခ်က္မ်ားအေပၚ ဒုသမၼတက ကတိမေပးဘဲ စိတ္ရွည္သည္းခံေစာင့္ဆိုင္းေပးေစလိုဟု မွာၾကားခဲ့ေၾကာင္း ကို Nang No ကဆက္ေျပာသည္။

ျပည္ေထာင္စု ျမန္မာနိုင္ငံေတာ္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူသည္ ခ်င္းျပည္နယ္ (၅) ရက္ၾကာ ေဒသဖြံ့ၿဖိဳးေရးကိစၥမ်ားၾကည့္ရႈစစ္ေဆးသြားမည္ျဖစ္ၿပီး သူႏွင့္ အတူ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး၊ အလုပ္သမား၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြႏွင့္ သက္ဆိုင္ရာဌာန ဆိုင္ရာ ညႊန္ၾကားေရးမႉးခ်ဳပ္မ်ား ပါဝင္ခဲ့ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.