• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ခါမ်းပါတ်ဒေသခံတစ်ဦးကို တော်လှန်ရေးနှောက်ယှက်မှုနှင့် ဒလန်ဟုဆိုကာ CDF-Tonzang က သုတ်သင်ရှင်းလင်း

ခါမ်းပါတ်ဒေသခံတစ်ဦးကို တော်လှန်ရေးနှောက်ယှက်မှုနှင့် ဒလန်ဟုဆိုကာ CDF-Tonzang က သုတ်သင်ရှင်းလင်း

0
By Editor on August 30, 2023 Headline

(03PT)

တမူးမြို့နယ်၊ ခါမ်းပါတ်မြို့တွင် နေထိုင်သူ အသက် ၃၈ နှစ်အရွယ် ဦးမန်းမွမ်းပြောင်ကို တော်လှန်ရေး နှောက်ယှက်မှု၊ ငွေကြေးလိမ်လည်မှုနှင့် သတင်းပေးဒလန်ဆောင်ရွက်မှုကြောင့်ဟုဆိုကာ သြဂုတ်လ ၂၂ ရက်နေ့က သုတ်သင်ရှင်းလင်း လိုက်ကြောင်း CDF-Tonzang တပ်ရင်း (၂) က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သော CDF-Tonzang တပ်ရင်း(၂) ၏ ထုတ်ပြန်ချက်တွင် ဦးမန်းမွမ်းပြောင်သည် တွန်ဇံတပ်ရင်း (၂) ၏ စိုးမိုးနယ်မြေအတွင်း အုပ်ချုပ်ရေးကဏ္ဍ နှင့် စစ်ရေးကဏ္ဍများကို ဝင်ရောက်စွပ်ဖက်သည် သာမက လူမျိုးရေးသွေးခွဲပြီး ဇိုတပ်မတော်အမည်ဖြင့် သီးသန့် လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းခဲ့ကာ CDF-Tonzang တပ်ရင်း (၂) ကို ပြန်လည်တိုက်ခိုက်ခြေမှုန်းရန်အတွက် ရဲဘော်တပ်သား ၁၂ ဦး စုဆောင်းကာ သင်တန်းပို့ချမှုများ လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။ 

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် RCDF ယခင် KKG အဖွဲ့အား လက်နက်ဝယ်ယူပေးမည်ဟုဆိုကာ ငွေ ကျပ် သိန်း ၃၀၀ လိမ်လည်ခဲ့သည့်အပြင် ဒေသခံတော်လှန်ရေးအဖွဲ့အယောင်ဆောင်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုလုပ်ဆောင်ခဲ့ရာ CDF-Tonzang တပ်ရင်း (၂) မှ မူးယစ်ဆေးဝါးနှင့်အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့ပြီး ဦးမန်းမွမ်းပြောင် မှ မူးယစ်ဆေးဝါး ကုန်သွယ်မှုအပါဝင် တော်လှန်ရေးအဖွဲ့များအား အနှောက်ယှက်ပြုတော့မည် မဟုတ်ကြောင်း ဂတိခံဝန် ချက်ရေးထိုးခဲ့ပြီးနောက် ပြန်လည်လွတ်ပေးကြောင်း CDF-Tonzang တပ်ရင်း(၂) ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ ထားသည်။

သို့သော် ဦးမန်းမွမ်းပြောင်အနေဖြင့် ယင်းခံဝန်ဂတိကို လိုက်နာခြင်းမရှိပဲ ခါမ်းပါတ်မြို့တွင်ဖြစ်ပွားသည့် တိုက်ပွဲကာလ အတွင်းမှာ ခါမ်းပါတ်လူထုများစစ်ဘေးရှောင်သည့်အချိန် ဇူလိုင် (၂၆၊ ၂၇၊ ၂၈၊ ၂၉ ရက်နေ့) တွင် ခါမ်းပါတ်မြို့ စကစ စခန်းသို့သွားလာ ဝင်/ထွက်ပြုလုပ်နေပြီး စစ်ကောင်စီ၊ ပျူစောထီးများနှင့် အဆက်အသွယ်ပြုလုပ်နေသည်ဟု CDF-Tonzang တပ်ရင်း (၂) ကဆိုသည်။ 

ထို့အကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ဘုံရန်သူအဖြစ်သတ်မှတ်ကာ သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟု CDF-Tonzang တပ်ရင်း (၂) က ထုတ်ပြန်သည်။ 

ဦးမန်းမွမ်းပြောင်ကိစ္စနှင့်ပတ်သက်၍ CDF-Tonzang တပ်ရင်း (၂) ၏ ထုတ်ပြန်ချက်အပေါ် ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

ဦးမန်းမွမ်းပြောင်၏ ဆွေမျိုးတော်စပ်သူတစ်ဦးကတော့ CDF-Tonzang တပ်ရင်း (၂) မှ စွပ်စွဲသလို မန်းမွမ်းပြောင်သည် တော်လှန်ရေးနှောက်ယှက်သူ မဟုတ်ကြောင်း PDF တပ်ဖွဲ့များအား ကူညီပေးနေသူသာဖြစ်သည်ဟု ပြောဆိုသည်။ 

“သူက ဒလန်မဟုတ်ဘူး။ ခမ်းပတ် PDF ကို ကူညီပေးနေတာ။ သူ့ကို အဲ့လောက်ထိလုပ်စရာမလိုဘူး ဖြည်းဖြည်းချင်း ရှင်းရှင်းလင်းလင်းနဲ့ လုပ်ရင်ရတာပဲ၊ သူ့မှာ အပြစ်မရှိပါဘူး။ သူ့မှာ ကလေးနဲ့ အမျိုးသမီးလည်းရှိတယ်။ ဒီလိုမျိုးကြုံရတော့ အရမ်းကို ဝမ်းနည်းကြေကွဲပူဆွေးသောကဖြစ်ရတယ်” ဟု ဆွေးမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ 

ဦးမန်းမွမ်းပြောင်တွင် ဇနီးနှင့် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.