Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း ချင်းမှာ စစ်ကောင်စီစခန်း ၉ ခုကို စီးနင်းသိမ်းပိုက်ခဲ့ဟု NUG ထုတ်ပြန်

ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း ချင်းမှာ စစ်ကောင်စီစခန်း ၉ ခုကို စီးနင်းသိမ်းပိုက်ခဲ့ဟု NUG ထုတ်ပြန်

0
By Editor on September 8, 2023 Khonumthung

(006SV)

စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) တာအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း စီးနင်းသိမ်းပိုက်မှု ၉ ကြိမ်ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၇ ရက် ကျရောက်သည့် ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီတပ်စခန်းကို စီးနင်းသိမ်းပိုက်မှု ၁ ခုသာရှိခဲ့သော်လည်း ဒုတိယနှစ်တွင် စစ်ကောင်စီစခန်း ၈ခုအထိ စီးနင်းသိမ်းပိုက်နိုင်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ချင်းပြည်နယ်တွင် ဒုတိယ နှစ်မှာ စစ်မျက်နှာအသစ်များ ဖွင့်လှစ်နိုင်ခဲ့ပြီး နယ်မြေစိုးမိုးထိန်းချုပ်မှု ပို၍ အားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့သည်၊ ၂ နှစ်အတွင်း ချင်းပြည်နယ်တွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲပေါင်း ၅၅၀ ကျော်ဖြစ်ပွားခဲ့ပြီး သံချပ်ကာယာဉ် (၂)  စီးကို ဖျက်စီးနိုင်ခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံးအတိုင်အတာဖြင့် ပထမနှစ်တွင် စစ်ကောင်စီစခန်း ၂၈ ခုသာ သိမ်းပိုက်နိုင်ခဲ့သော်လည်း ဒုတိယနှစ်တွင် စခန်း ၁၀၇ ခုကို သိမ်းပိုက်နိုင်ခဲ့၍ စခန်းသိမ်းတိုက်ပွဲ သုံးဆကျော် ဆင်နွှဲနိုင်ခဲ့သည်ဟု NUG ကဆိုသည်။

နှစ်နှစ်တာအတွင်း နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း၊ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ကို မြိုနယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့သည်ဟု NUG MOD က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ခြေလျင်တပ်ရင်း ၂၁၄ ရင်း၊ ခြေမြန်တပ်ရင်း ၃၀၇ ရင်းဖြင့် မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅၀၀၀ ခန့်ရှိနိုင်ပြီး လေတပ်၊ ရေတပ်နှင့် လက်ရုံးတပ်များအပါအဝင် အင်အား ၂၂၅၀၀၀- ၂၄၀၀၀၀ ခန့် ရှိနိုင်သည်ဟု NUG အစိုးရက ခန့်မှန်းသည်။

နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၉၉၀၀ ခန့်ဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးသောင်းခန့် သေဆုံံးသည်ဟု အစီရင်ခံစာက ဆိုသည်။

ခုခံတွန်းလှန်စစ် ၂ နှစ်တာရောက်ရှိချိန်တွင် စစ်ကောင်စီသည် မဟာဗျူဟာထိုးစစ်မှ မဟာဗျူဟာခံစစ်သို့ လျော့ကျသွားပြီး ခံစစ်ပြင်ဆင်မှုများ တိုးချဲ့ လုပ်ဆောင်နေသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အစီရင်ခံစာမှာ ဖော်ပြထားသည်။

ပြည်သူ့ခုခံတွန်းလှန်စစ်၏ ရည်မှန်းချက် ပန်းတိုင်သည် “စနစ်ပြောင်းလဲရေး” ဖြစ်ပြီး မဟာဗျူဟာမြောက် ထိုးစစ်ပြင်ဆင်မှု အဖြစ် တစ်နှစ်စီမံချက်နှင့်အတူ စစ်မျက်နှာ (၆) ခုဖွင့်လှစ်၍ စစ်ကောင်စီကို တွန်းလှန်နေသည်ဟု NUG က ထုတ်ပြန်သည်။

“မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေ၊ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက် ဖျက်ကြပါ” ဟူသော NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ မိန်းခွန်နှင့်အတူ ၂၀၂၁ စက်တင်ဘာလ ၇ ရက်မှစ၍ စစ်အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ကိုင်တော်လှန်မှုကို စတင်ခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့နယ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်တစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရ

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဘုရားကျောင်းအပါအဝင် နေအိမ်အလုံး ၅၀၀ ခန့် ပျက်စီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဟု ဆို

မီဇိုရမ်တွင် မူးယစ်ရမ်းကားသည့် မြန်မာနိုင်ငံသား ၇ ဦးကို CNF ထံလွှဲပြောင်းအပ်နှံ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.